ၾကားသိရသမွ်

သံဃာ၊ သီလရှင်၊ သာမဏေများ ဧည့်စာရင်းတိုင်ကြားရန် အမိန့်ထုတ်

သံဃာ၊ သီလရွင္၊ သာမေဏမ်ား ဧည့္စာရင္းတိုင္ၾကားရန္ စစ္ေကာင္စီခန႔္ သာသနာေရးဝန္ႀကီးဆိုသူကိုယ္တိုင္ အမိန႔္ထုတ္ျပန္လိုက္ပါတယ္။

ရန္ကုန္၊စက္တင္ဘာ ၂၄

ႏိုင္ငံတစ္ဝန္း ဘုန္းႀကီးေက်ာင္း၊ သီလရွင္ေက်ာင္းမ်ားတြင္ သီတင္းသုံးေနသည့္ သံဃာ၊ သီလရွင္ ၊ သာမေဏမ်ား၊ လာေရာက္တည္းခိုေနထိုင္သည့္ လူပုဂၢိဳလ္မ်ားအားလုံး ဧည့္စာရင္း တိုင္ၾကရန္ စစ္ေကာင္စီခန႔္ သာသနာေရးဝန္ႀကီးဟုဆိုသာ ကိုကိုက စက္တင္ဘာလ ၂၁ ရက္ေန႔တြင္ လက္မွတ္ေရးထိုး၍ အမိန႔္ တစ္ရပ္ထုတ္ျပန္သည္။

အဆိုပါ အမိန႔္ဥည္ ႏိုင္ငံေတာ္သံဃမဟာနာယက(မဟန)၏ ၫႊန္ၾကားခ်က္တစ္စုံတစ္ရာမရွိဘဲ သာသနာေရးဝန္ႀကီးဆိုသူက ၎၏ သေဘာဆႏၵဲဖင့္ သာသနာကိုဖိႏွိပ္ရန္ ရည္႐ြယ္ခ်က္ျဖင့္ ရဟန္းသံဃာမ်ားကိုပါ ဧည့္စာရင္းတိုင္ခိုင္းေနျခင္းျဖစ္ေၾကာင္း မႏၲေလးမွ သံဃာေတာ္တစ္ပါးက မိန႔္ၾကားသည္။

စစ္ေကာင္စီခန႔္ ဝန္ႀကီးဆိုသူ၏ အမိန႔္အရ ဘုန္းႀကီးေက်ာင္း၊ သီလရွင္ေက်ာင္းမ်ားတြင္ ေနထိုင္သီတင္းသုံးသည့္ မည္သူမဆို ဧည့္စာရင္း တိုင္ၾကားရမည့္ အေျခအေနရွိေနေၾကာင္း၊ မူလ ဝါဆို ဝါကပ္ေနေသာ သံဃာေတာ္မ်ား၊ သီလရွင္မ်ား စာရင္းမ်ားကို စစ္ေကာင္စီက ေကာက္ယူေနသည့္အျပင္

ဧည့္သည္မ်ားကိုလည္း ဧည့္စာရင္း တိုင္ၾကားခိုင္းျဖစ္၍ ဘုန္းႀကီးေက်ာင္းႏွင့္ သီလရွင္ေက်ာင္းမ်ားရွိ မည္သူ႔ကိုမဆို အာဏာပိုင္မ်ားထံ အသိေပး အေၾကာင္းၾကား ေနထိုင္ရမည္ဆိုသည့္ အဓိပၸာယ္သက္ေရာက္ေၾကာင္း မႏၲေလး သံဃာေတာ္မ်ားထံမွ သိရွိရသည္။

Unicode

သံဃာ၊ သီလရှင်၊ သာမဏေများ ဧည့်စာရင်းတိုင်ကြားရန် စစ်ကောင်စီခန့် သာသနာရေးဝန်ကြီးဆိုသူကိုယ်တိုင် အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်၊စက်တင်ဘာ ၂၄

နိုင်ငံတစ်ဝန်း ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများတွင် သီတင်းသုံးနေသည့် သံဃာ၊ သီလရှင် ၊ သာမဏေများ၊ လာရောက်တည်းခိုနေထိုင်သည့် လူပုဂ္ဂိုလ်များအားလုံး ဧည့်စာရင်း တိုင်ကြရန် စစ်ကောင်စီခန့် သာသနာရေးဝန်ကြီးဟုဆိုသာ ကိုကိုက စက်တင်ဘာလ ၂၁ ရက်နေ့တွင် လက်မှတ်ရေးထိုး၍ အမိန့် တစ်ရပ်ထုတ်ပြန်သည်။

အဆိုပါ အမိန့်ဥည် နိုင်ငံတော်သံဃမဟာနာယက(မဟန)၏ ညွှန်ကြားချက်တစ်စုံတစ်ရာမရှိဘဲ သာသနာရေးဝန်ကြီးဆိုသူက ၎င်း၏ သဘောဆန္ဒဲဖင့် သာသနာကိုဖိနှိပ်ရန် ရည်ရွယ်ချက်ဖြင့် ရဟန်းသံဃာများကိုပါ ဧည့်စာရင်းတိုင်ခိုင်းနေခြင်းဖြစ်ကြောင်း မန္တလေးမှ သံဃာတော်တစ်ပါးက မိန့်ကြားသည်။

စစ်ကောင်စီခန့် ဝန်ကြီးဆိုသူ၏ အမိန့်အရ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများတွင် နေထိုင်သီတင်းသုံးသည့် မည်သူမဆို ဧည့်စာရင်း တိုင်ကြားရမည့် အခြေအနေရှိနေကြောင်း၊ မူလ ဝါဆို ဝါကပ်နေသော သံဃာတော်များ၊ သီလရှင်များ စာရင်းများကို စစ်ကောင်စီက ကောက်ယူနေသည့်အပြင်

ဧည့်သည်များကိုလည်း ဧည့်စာရင်း တိုင်ကြားခိုင်းဖြစ်၍ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းများရှိ မည်သူ့ကိုမဆို အာဏာပိုင်များထံ အသိပေး အကြောင်းကြား နေထိုင်ရမည်ဆိုသည့် အဓိပ္ပာယ်သက်ရောက်ကြောင်း မန္တလေး သံဃာတော်များထံမှ သိရှိရသည်။