ဗြိတိန်ရဲ့အသက်အငယ်ဆုံးစွန့်ဦးတီထွင်သူလို့နာမည်ပေးခံခဲ့ရတဲ့ အသက် ၆ နှစ်အရွယ်ကောင်လေး Alfie Bradley ဟာ မကြာသေးခင်ကမှ အာရုံစိုက်မှုများစွာရရှိခဲ့ပြီး နေရာတိုင်းရှိ netizen တွေဆီကနေ လေးစားမှုများစွာကိုပါ ရရှိခဲ့ပါတယ်။ စွဲမက်ဖွယ်ကောင်းတဲ့ကောင်လေးဟာ သူ့လို့အသက်အရွယ်မှာ သူ၏ကိုယ်ပိုင်စီးပွားရေးကို စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ အစီရင်ခံစာများအရ ကောင်လေးရဲ့ Alfred’s Grass Cutting Services (မြက်ရိတ်ပေးတဲ့ဝန်ဆောင်မှု) ကို lockdown ကာလအတွင်းတည်ထောင်ခဲ့ပါတယ်။ သူဟာ သူ၏ကြိုးစားမှုမှဝင်ငွေရသည့်အခါတိုင်း ၎င်းကို သိမ်းဆည်းထားတတ်ပြီး သူ့လုပ်ငန်းကိုပိုမိုတိုးတက်စေဖို့ရာအတွက်သာ ၎င်းကို ထုတ်သုံးလေ့ရှိပါတယ်။ အမှန်တော့ သူဟာ ၎င်းငွေများဖြင့် ပိုကောင်းတဲ့မြက်ရိတ်စက် ၊ ညှပ်စက်နဲ့ ဖိအားလျှော်စက်တို့ကို ၀ယ်ယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။
.
‘
ထို့အပြင် သူဟာ သူ့စိတ်ကြိုက်ယူနီဖောင်းကိုလည်း ဖန်တီးထုတ်လုပ်နိုင်ခဲ့ပါတယ်။ Redruth မြို့မှမွေးဖွားလာခဲ့တဲ့ Alfie ဟာ အဖေဖြစ်သူ အသက် ၄၅ နှစ်အရွယ် Anthony ထံမှ အကူအညီအနည်းငယ်ရယူခဲ့ပါတယ်။ သို့ပေမယ့် သူ့မိသားစုဟာ ကောင်လေးအား သူ့ဖာသာသူအလုပ်တွေအကုန်လုပ်ခွင့်ပေးပြီး ၎င်းစီးပွါးရေးကိုစတင်လုပ်တာဟာ သူ့ရဲ့စိတ်ကူးသာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
.
“ ဘယ်သူကမှသူ့ကိုမတားခဲ့ကြဘူး၊ သူက Richard Branson ရဲ့ကိုယ်ပွါးနဲ့တူတယ် ၊ သူကတစ်ခုခုကိုလုပ်တိုင်း သူ့ခြေထောက်ပေါ်သူအမြဲရပ်တည်တတ်တယ်၊ ဒါမဲ့ lockdown ကြောင့် သူ ဘာမှလုပ်မရနေခဲ့ဘူး ၊ အဲ့တာနဲ့ သူက ဆက်လက်လှုပ်ရှားနိုင်ဖို့ နဲ့ အခြားသူတွေကိုကူညီဖို့ နည်းလမ်းတစ်ခုကို ရှာတွေ့သွားခဲ့ပုံရတယ် ” ဟု ဂုဏ်ယူနေတဲ့မိခင်ဖြစ်သူ Amy က သားဖြစ်သူအကြောင်းကို ပြောပြခဲ့ပါတယ်။
ထို့နောက် Alfie ၏စီးပွါးရေးနှင့်ပတ်သက်တဲ့သတင်းဟာ ပတ်ဝန်းကျင်၌လျင်မြန်စွာပြန့်နှံ့သွားခဲ့ပြီး သူဟာ ဖောက်သည်များထံမှ order များရရှိလာခဲ့ပါတယ်။ Alfie ဟာ စိတ်ဝင်စားတဲ့ဖောက်သည်တွေအတွက် သူ့ဆီဆက်သွယ်နိုင်မဲ့ facebook page တစ်ခုကိုပါ ဖွင့်ထားပါသေးတယ်။
Amy က “ သူက မြက်တစ်ခါရိတ်ရင် ဒေါ်လာ ၁၀ ယူတယ် ၊ အကယ်လို့ အဲ့အိမ်က သက်ကြီးရွယ်အိုအိမ် ဒါမှမဟုတ် NHS ဝန်ထမ်းအိမ်ဆိုရင် သူက စျေးနည်းနည်းလျော့ပေးတတ်သေးတယ် ” ဟုထပ်မံပြောပြခဲ့ပါတယ်။ Alfie က သန်းကြွယ်သူဌေးကြီးတစ်ယောက်ဖြစ်ချင်ကြောင်း ဆိုခဲ့ပါသေးတယ်။
တစ်ကယ်တော့ စီးပွါးရေးအမြင်ရှိလှတဲ့ ကောင်လေးဟာ သူ့အသက် ၄နှစ်အရွယ်က စကားပြောမူမမှန်တဲ့အသွင်အပြင်ရှိနေခဲ့ပါတယ်။ မိခင်ဖြစ်သူရဲ့အဆိုအရ Alfie ဟာ ကျောင်းတွင်းဖျောဖြေပွဲများနှင့်ပတ်သက်လျှင် သားဖြစ်သူဟာ နောက်ဆုံးကျတဲ့နေရာ ၊ လူကွယ်တဲ့နေရာမှာသာ နေခဲ့ရပေမဲ့ Alfie ဟာ ပတ်ဝန်းကျင်လူ့အသိုင်းအဝိုင်းနှင့်တစ်ဖြည်းဖြည်းကျင်လည်လာရင်း ယခုလို စီးပွါးရေးကိုစတင်နိုင်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။ ထို့အပြင် Alfie ဟာ မြက်ရိတ်ပေးခြင်းအပြင် ပြတင်းပေါက်သန့်ရှင်းရေးကိုကမ်းလှမ်းခြင်းဖြင့် သူ၏၀န်ဆောင်မှုလုပ်ငန်းကို တိုးချဲ့ခဲ့ပါသေးတယ်။
credit Mia (KB Chimmy One)
Reference : elitereaders