အသိပညာ

လမ်းခွဲပြီးနောက်ပိုင်း လုံးဝမလုပ်သင့်တော့တဲ့ အချက် (၁၀) ခု

၁။ ကလဲ့စား ချေမယ်လို့ စိတ်ကူး မနေပါနဲ့

မိမိကို လမ်းခွဲခဲ့တဲ့သူကို ရန်သူအဖြစ် သဘောထားမယ်လို့လည်း တွေးမနေပါနဲ့ ။ ဒီအတိုင်းသာ ထားလိုက်ပါ ။ သင့်ကို သူက ကျောသွားတယ်လို့ တွေးပြီး တနုံ့နုံ့ ဒေါသတွေ ထွက်ပြီး ကလဲ့စားချေဖို့ ပလန် ချမနေပါနဲ့ ။ သင်သိထားရမှာက ကျွန်တော်တို့ ဖြတ်သန်းနေတာ တကယ့် လက်တွေ့ဘဝကြီးပါ ။

တရုတ်သိုင်းကား ရိုက်ကူးနေတာ မဟုတ်ပါဘူး ။ ဒီတော့ ဘာမှ ထွေထွေထူးထူး တွေးတောမနေပါနဲ့ ။ သင့်အပေါ်မှာ သူ အမှားတွေ လုပ်ခဲ့ရင်တောင် ခွင့်လွှတ်ပေးလိုက်ပြီး သင်ဟာ သဘောထားကြီးသူ တစ်ယောက်ဖြစ်ကြောင်း သက်သေ ပြလိုက်ပါ ။

၂။ အဆင်ပြေပါတယ် ဆိုပီး မညာပါနဲ့

အသည်းကွဲတယ် ဆိုတဲ့ ခံစားချက်က ဘယ်လောက်တောင် ခါးသီးမှန်း ခံစားဖူးတဲ့သူတိုင်း သိပါတယ် ။ သင် တစ်ယောက်တည်း လွတ်လွတ်လပ်လပ် ငိုနိုင်ပါတယ် ။ အိပ်ရာပေါ်မှာ အရူးတစ်ယောက်လို လူးလိမ့်ရင်း သင် လက်မခံချင်တဲ့ အမှန်တရားတစ်ခုကို လက်ခံနိုင်အောင် ကြိုးစားနေရပါလိမ့်မယ် ။ ဘယ်သူ့ကိုမှလည်း သင် အဆင်ပြေကြောင်း လိမ်ညာပြီး ပြောမနေပါနဲ့။ အမှန်တကယ် အဆင်ပြေအောင်သာ ကြိုးစားလိုက်ပါ ။

၃။ သူ့ကို လိုက်ပီး စပ်စုမနေပါနဲ့

ကြည့်စမ်းပါအုံး.. သူက ငါနဲ့ ပြတ်တာတောင် သူငယ်ချင်းတွေနဲ့ ပျော်လို့ မော်လို့ ။ ကြည့်ပါဦး စားနေသောက်နေ လိုက်တာ.. ဆိုတာမျိုး သူ့ကို စိတ်ထဲထည့်ပြီး လိုက်စပ်စု မနေပါနဲ့ ။ သူက ကမ္ဘာကျော် သရုပ်ဆောင်နဲ့ တွဲနေရင်တောင် သင့်အလုပ် မဟုတ်တော့ပါဘူး ။ ကိုယ့်ရဲ့ဘဝ ရပ်တည်မှု လမ်းကြောင်း ကိုသာ အာရုံစိုက်ပြီး ကြိုးစားပါ ။ သူ့အတွက်နဲ့ ထပ်ပီး ခေါင်းရှုပ်ခံ မနေနဲ့တော့ ။

၄။ သင့်ဆီ စိတ်ပြန်လည်လာဖို့ ကြိုးစားမနေပါနဲ့

သင့်ကို မချစ်လို့ ထားသွားခဲ့တဲ့ လူတစ်ယောက်ကို ပြန်တောင်းပန်ဖို့ ကြိုးစားမနေပါနဲ့ ။ တစ်ညလုံးငိုပီး ဖုန်းတွေဆက် ၊ ပြန်တောင်းပန် လုပ်မနေပါနဲ့ ။ ကိုယ်ချင်းမစာလို့ ပြောတာ မဟုတ်ပါဘူး ။ သင်ကသာ သွေးပူတုန်း ခုလိုတွေ လုပ်နေတာ ၊ သွေးအေးအေးနဲ့ သင့်ကို ထားသွားတဲ့သူက သူချိန်နေတဲ့ တခြားတစ်ယောက် ဒါမှမဟုတ် သူငယ်ချင်းတွေကို သင်သူ့ကို ပြန်ပေါင်းထုတ်ဖို့ ခုလိုတွေ တိုးလျှိုးနေပါတယ် ဆိုတဲ့ အကြောင်း ပိုပိုသာသာလေး ကြွားလုံး ထုတ်နေမှာ ။ အကြိမ်ကြိမ် မရှုံးချင်စမ်းပါနဲ့ ။

၅။ သူငယ်ချင်းအဖြစ်နေဖို့ မကြိုးစားပါနဲ့

သင်တို့နှစ်ယောက် ရှေ့ဆက်လျှောက်ဖို့ အဆင်မပြေတော့လို့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပီးပြီပဲ ။ သူစိမ်းတစ်ယောက်နဲ့ ကိုယ်နဲ့ အရင်းနှီးဆုံးလူတွေ ဖြစ်ဖူးခဲ့ပြီးခါမှ တိုက်ဆိုင်မှု မရှိလို့ ကျောခိုင်းခဲ့ကြပြီးပြီ ။ ဘာလို့ ဆက်ပီး ပတ်သတ် နေရဦးမှာလဲ ။ လောကကြီးမှာ မရှိတော့တဲ့လူ တစ်ယောက်လို သတ်မှတ်ထားလိုက်တာကမှ သင့်ကို ပိုပြီး သက်သာစေပါဦးမယ် ။ သူနဲ့ သူငယ်ချင်းလိုလည်း ပြန်ခင်မင်ဖို့ ကြိုးစားမနေပါနဲ့ ။ ဘာလုပ်မှာလဲ အရောင်တွေနဲ့ ခင်မင်မှုတွေ ။

၆။ လွယ်လွယ်ကူကူ အစားထိုးဖို့ မကြိုးစားပါနဲ့

ပြတင်းပေါက် မှန်တစ်ချပ် ကွဲသွားလို့ နောက်တစ်ချပ်နဲ့ လဲလိုက်သလိုပဲ နှလုံးသားကို အစားထိုး လဲလှယ်ဖို့ မကြိုးစားပါနဲ့ ။ ဒီလိုနဲ့ အမာရွတ်တွေက ပျောက်တော့မှာကို မဟုတ်ဘူး ။ သင့်နှလုံးသားလေးကို အေးအေးဆေးဆေး အနားပေးလိုက်ပါအုံး ။ သူ့ဖာသာသူ အသစ်တစ်ဖန် ပြန်လည်နိုးကြား လာမှပဲ ထပ်ပီး ရွေးချယ်ပါတော့ ။ နေမကောင်းတဲ့လူတောင် နလန်ထခါစမှာ အားနည်းနေတတ်သေးတာပဲ ။ နှလုံးသားကို အနားပေးလိုက်ပါအုံး ။

၇။ အရေးမပါတဲ့ ကိစ္စတွေကို လျှောက်လုပ် မနေပါနဲ့

ချစ်သူက ထားခဲ့လို့ သတ်သေဖို့ စဉ်းစားနေသလား ။ သင့်ကို လူ့ဘဝထဲ ရောက်အောင် ပို့ပေးဖို့ သင့်အမေ ဘယ်လောက်ထိ ဒုက္ခခံခဲ့ရလဲဆိုတာ ပြန်စဉ်းစားပါ ။ သင် လူတစ်လုံး သူတစ်လုံးဖြစ်ဖို့ သင့်အဖေ ဘယ်လောက်ထိ ငွေရှာခဲ့ရလဲဆိုတာ ပြန်စဉ်းစားပါ ။ တကယ်တော့ အချစ်မရှိလဲ ဘဝဆုံး မသွားပါဘူး ။ တက်တူး ထိုးတာမျိုးတွေ ၊ ဆံပင်တွေ လျှောက်ညှပ် ပစ်တာတွေ.. မလုပ်ပါနဲ့ ။ ဒီလိုတွေ ပေးဆပ်လိုက်လို့လည်း သူ့စိတ်က သင့်ဆီ ပြန်လည် မလာနိုင်တော့ပါဘူး ။

၈။ အစစ်အမှန် မဟုတ်တော့တဲ့ ခံစားချက်အပေါ်မှာ သာယာဖို့ စိတ်မကူးပါနဲ့

ငါတို့ လမ်းခွဲကြမယ်.. ဟုတ်ပြီ ။ ဒီနေ့တော့ လျှောက်လည် ကြရအောင် ၊ ရုပ်ရှင် အတူတူ ကြည့်မယ်လေ.. နောက်ပြီးတဲ့အခါ ထုံးစံအတိုင်း အိမ်ထိလိုက်ပို့ ၊ နှုတ်ဆက်အနမ်းလေးပေး ၊ ခုလိုမျိုးတွေ လျှောက် စိတ်ကူးမယဉ်ပါနဲ့ တော့ ( အထူးသဖြင့် ကောင်မလေးတွေ ) အစစ်အမှန် မဟုတ်တဲ့ ခံစားချက်အပေါ် သာယာမှု မလိုချင်ပါနဲ့တော့ ။ အမှန်တရားကိုသာ သတ္တိရှိရှိ လက်ခံလိုက်ပါ ။

၉။ အရှုံးသမားလို ခံစားပြီး ပူဆွေးမနေပါနဲ့

ဘာကြောင့်များ ငါခုလို ဖြစ်ရတာလဲ ။ ငါကျမှ ဘာလို့ ကံဆိုးနေရတာလဲ ။ တွေးတွေးပြီး ရှုံးနိမ့်သူ တစ်ယောက် အဖြစ်နဲ့ စိတ်ဓာတ်ကျ မနေပါနဲ့ ။ နောင်လာမယ့် ၁၀ နှစ်တာ အချိန်လောက်ကို တွေးကြည့်ပါ ။ ဘယ်သူကမှ သင့်ကိုသူ ထားခဲ့တာကို အမှတ်ရနေမှာ မဟုတ်ပါဘူး ။ သင် အဲ့ဒီအချိန်မှာ ဘာဖြစ်နေမှာလဲ ဆိုတာကိုသာ တွေးနေကြမှာပါ ။ သင် အောင်မြင်နေတဲ့အခါ သင်အသည်းကွဲ ခဲ့ဖူးတာကို သူတို့ မေ့သွားမှာပါ ။

အဲ.. ခြွင်းချက်အနေနဲ့ ကတော့ အဲ့အချိန်ထိ သင်ဟာ ဝေလေလေနဲ့ ကိုယ့်ဘဝကို မဖန်တီးနိုင်သေးဘူး ဆိုရင်တော့ သင်ဟာ အတိတ်ရဲ့ အရိပ်အောက်က ရုန်းမထွက်နိုင်တဲ့ ခပ်ညံ့ညံ့ လူတစ်ယောက်အဖြစ်နဲ့ ပြောနေကြမှာပါ ။ အဲ့အထဲမှာ သင့် ချစ်သူဟောင်းတောင် ပါချင်ပါဦးမှာ ၊ တော်သေးပါရဲ့.. အဲ့ဒီလို အရည်အချင်း မရှိတဲ့လူကို ထားခဲ့မိတဲ့ ငါ့ရဲ့ ဆုံးဖြတ်ချက် မှန်ကန်တယ် လို့တောင် ပြောနေဦးမှာ ။ လူဆိုတာ တခြားလူ တစ်ယောက်ရဲ့ ကောင်းကြောင်းကိုသာ မေ့ချင်မေ့မယ် ၊ ဆိုးခဲ့တာတွေကိုတော့ သူတို့ရဲ့ ပါးစပ်ရာဇဝင်မှာ ဘယ်တော့မှ မေ့ကျန်ရစ်မှာ မဟုတ်ပါဘူး ။

၁၀။ ဖေ့ဘုတ်ပေါ်မှာ လျှောက်ပီးမဖွပါနဲ့

သင်အသည်းကွဲတာ ဝမ်းနည်းတာတွေ ခံစားရတာ နာကျည်းရတာတွေ ကို ကုစားပေးနိုင်တာ သင့်ကိုယ်သင်ပဲ ရှိတာပါ ။ အဲ့ဒါကြောင့် ဖေ့စ်ဘုတ်မှာ အသည်းကွဲ မပြပါနဲ့ ။ လူတွေက သင့်နောက်ကွယ်မှာ လှောင်ပြောင်နေကြ ပါလိမ့်မယ် ။ သင့်ကို စိတ်ရင်းနဲ့ သနားမယ့်လူ လက်တစ်ဖက်ပြည့်အောင် ရေတွက်လို့ရရင် ကံကောင်း ။ စိတ်ရင်းနဲ့ သနားလည်း ခဏပါပဲ ။ သင့်ကိစ္စက သူတို့ရဲ့ နေ့စဉ်ဘဝလောက် အရေးမကြီးဘူးလေ ။

..

တကယ်တော့ အသည်းကွဲတဲ့ ခံစားချက်က အရမ်းကို ဆိုးဝါးမှန်း နားလည်ပါတယ် ။ ကိုယ့်ရဲ့ အရင်းနှီးဆုံး အတွယ်တာဆုံး ရင်ဖွင့်ဖော်ရင်ဖွင့်ဘက် တစ်ယောက်လုံး ကိုယ့် ဘဝထဲက ထာဝရ ထွက်သွားတာ ဘယ်လောက်တောင် ဝမ်းနည်းစရာ ကောင်းလိုက်လဲ ။

သူနဲ့ ဖုန်းပြောနေကျ အချိန်တွေဆို လွမ်းမယ်။ အတူတူ သွားခဲ့ဖူးတဲ့ နေရာတွေကို ရောက်ရင် မျက်ရည်ကျမယ်။ နောက်ဆုံး သူကြိုက်တတ်တာလေးတွေ တွေ့ရင်တောင် ဖြေမဆည်နိုင်အောင် ဖြစ်ရမယ် ။ ဒါပေမယ့် ကျွန်တော်တို့ အသက်ရှင် နေထိုင်နိုင်ဖို့ ကြိုးစားရမယ်လေ ။ တကယ်တော့ အသည်းကွဲတာကို ကုစားဖို့ အချိန်ပဲ လိုတာပါ ။

အချိန်ကာလတစ်ခု ကြာတဲ့အခါ သင်အရင်လိုပဲ ပြန်ပြီး ပျော်ရွှင်လာပါလိမ့်မယ် ။ သင် ပြုံးလိုက်တဲ့ အပြုံးတိုင်းဟာ ပြန်လည် လတ်ဆတ် လာပါလိမ့်မယ် ။ ဒါပေမယ့် ဒဏ်ရာပေါ်မူတည်ပြီး အမာရွတ်လေးတော့ ရှိနေမှာပေါ့နော် ။ ပြောမရဘူး.. တစ်ချိန်မှာ အဲ့အမာရွတ်လေးကို အမှတ်တမဲ့ ထိမိတိုင်း သင် ပြုံးရင်တောင် ပြုံးမိနေဦးမှာပါ ။

crd

for zawgyi

လမ္းခြဲၿပီးေနာက္ပိုင္း လုံးဝမလုပ္သင့္ေတာ့တဲ့ အခ်က္ (၁၀) ခု

၁။ ကလဲ့စား ေခ်မယ္လို႔ စိတ္ကူး မေနပါနဲ႔

မိမိကို လမ္းခြဲခဲ့တဲ့သူကို ရန္သူအျဖစ္ သေဘာထားမယ္လို႔လည္း ေတြးမေနပါနဲ႔ ။ ဒီအတိုင္းသာ ထားလိုက္ပါ ။ သင့္ကို သူက ေက်ာသြားတယ္လို႔ ေတြးၿပီး တႏုံ႔ႏုံ႔ ေဒါသေတြ ထြက္ၿပီး ကလဲ့စားေခ်ဖို႔ ပလန္ ခ်မေနပါနဲ႔ ။ သင္သိထားရမွာက ကြၽန္ေတာ္တို႔ ျဖတ္သန္းေနတာ တကယ့္ လက္ေတြ႕ဘဝႀကီးပါ ။

တ႐ုတ္သိုင္းကား ႐ိုက္ကူးေနတာ မဟုတ္ပါဘူး ။ ဒီေတာ့ ဘာမွ ေထြေထြထူးထူး ေတြးေတာမေနပါနဲ႔ ။ သင့္အေပၚမွာ သူ အမွားေတြ လုပ္ခဲ့ရင္ေတာင္ ခြင့္လႊတ္ေပးလိုက္ၿပီး သင္ဟာ သေဘာထားႀကီးသူ တစ္ေယာက္ျဖစ္ေၾကာင္း သက္ေသ ျပလိုက္ပါ ။

၂။ အဆင္ေျပပါတယ္ ဆိုပီး မညာပါနဲ႔

အသည္းကြဲတယ္ ဆိုတဲ့ ခံစားခ်က္က ဘယ္ေလာက္ေတာင္ ခါးသီးမွန္း ခံစားဖူးတဲ့သူတိုင္း သိပါတယ္ ။ သင္ တစ္ေယာက္တည္း လြတ္လြတ္လပ္လပ္ ငိုႏိုင္ပါတယ္ ။ အိပ္ရာေပၚမွာ အ႐ူးတစ္ေယာက္လို လူးလိမ့္ရင္း သင္ လက္မခံခ်င္တဲ့ အမွန္တရားတစ္ခုကို လက္ခံႏိုင္ေအာင္ ႀကိဳးစားေနရပါလိမ့္မယ္ ။ ဘယ္သူ႔ကိုမွလည္း သင္ အဆင္ေျပေၾကာင္း လိမ္ညာၿပီး ေျပာမေနပါနဲ႔။ အမွန္တကယ္ အဆင္ေျပေအာင္သာ ႀကိဳးစားလိုက္ပါ ။

၃။ သူ႔ကို လိုက္ပီး စပ္စုမေနပါနဲ႔

ၾကည့္စမ္းပါအုံး.. သူက ငါနဲ႔ ျပတ္တာေတာင္ သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္လို႔ ေမာ္လို႔ ။ ၾကည့္ပါဦး စားေနေသာက္ေန လိုက္တာ.. ဆိုတာမ်ိဳး သူ႔ကို စိတ္ထဲထည့္ၿပီး လိုက္စပ္စု မေနပါနဲ႔ ။ သူက ကမာၻေက်ာ္ သ႐ုပ္ေဆာင္နဲ႔ တြဲေနရင္ေတာင္ သင့္အလုပ္ မဟုတ္ေတာ့ပါဘူး ။ ကိုယ့္ရဲ႕ဘဝ ရပ္တည္မႈ လမ္းေၾကာင္း ကိုသာ အာ႐ုံစိုက္ၿပီး ႀကိဳးစားပါ ။ သူ႔အတြက္နဲ႔ ထပ္ပီး ေခါင္းရႈပ္ခံ မေနနဲ႔ေတာ့ ။

၄။ သင့္ဆီ စိတ္ျပန္လည္လာဖို႔ ႀကိဳးစားမေနပါနဲ႔

သင့္ကို မခ်စ္လို႔ ထားသြားခဲ့တဲ့ လူတစ္ေယာက္ကို ျပန္ေတာင္းပန္ဖို႔ ႀကိဳးစားမေနပါနဲ႔ ။ တစ္ညလုံးငိုပီး ဖုန္းေတြဆက္ ၊ ျပန္ေတာင္းပန္ လုပ္မေနပါနဲ႔ ။ ကိုယ္ခ်င္းမစာလို႔ ေျပာတာ မဟုတ္ပါဘူး ။ သင္ကသာ ေသြးပူတုန္း ခုလိုေတြ လုပ္ေနတာ ၊ ေသြးေအးေအးနဲ႔ သင့္ကို ထားသြားတဲ့သူက သူခ်ိန္ေနတဲ့ တျခားတစ္ေယာက္ ဒါမွမဟုတ္ သူငယ္ခ်င္းေတြကို သင္သူ႔ကို ျပန္ေပါင္းထုတ္ဖို႔ ခုလိုေတြ တိုးလွ်ိဳးေနပါတယ္ ဆိုတဲ့ အေၾကာင္း ပိုပိုသာသာေလး ႂကြားလုံး ထုတ္ေနမွာ ။ အႀကိမ္ႀကိမ္ မရႈံးခ်င္စမ္းပါနဲ႔ ။

၅။ သူငယ္ခ်င္းအျဖစ္ေနဖို႔ မႀကိဳးစားပါနဲ႔

သင္တို႔ႏွစ္ေယာက္ ေရွ႕ဆက္ေလွ်ာက္ဖို႔ အဆင္မေျပေတာ့လို႔ ႏွစ္ဦးသေဘာတူ လမ္းခြဲခဲ့ပီးၿပီပဲ ။ သူစိမ္းတစ္ေယာက္နဲ႔ ကိုယ္နဲ႔ အရင္းႏွီးဆုံးလူေတြ ျဖစ္ဖူးခဲ့ၿပီးခါမွ တိုက္ဆိုင္မႈ မရွိလို႔ ေက်ာခိုင္းခဲ့ၾကၿပီးၿပီ ။ ဘာလို႔ ဆက္ပီး ပတ္သတ္ ေနရဦးမွာလဲ ။ ေလာကႀကီးမွာ မရွိေတာ့တဲ့လူ တစ္ေယာက္လို သတ္မွတ္ထားလိုက္တာကမွ သင့္ကို ပိုၿပီး သက္သာေစပါဦးမယ္ ။ သူနဲ႔ သူငယ္ခ်င္းလိုလည္း ျပန္ခင္မင္ဖို႔ ႀကိဳးစားမေနပါနဲ႔ ။ ဘာလုပ္မွာလဲ အေရာင္ေတြနဲ႔ ခင္မင္မႈေတြ ။

၆။ လြယ္လြယ္ကူကူ အစားထိုးဖို႔ မႀကိဳးစားပါနဲ႔

ျပတင္းေပါက္ မွန္တစ္ခ်ပ္ ကြဲသြားလို႔ ေနာက္တစ္ခ်ပ္နဲ႔ လဲလိုက္သလိုပဲ ႏွလုံးသားကို အစားထိုး လဲလွယ္ဖို႔ မႀကိဳးစားပါနဲ႔ ။ ဒီလိုနဲ႔ အမာ႐ြတ္ေတြက ေပ်ာက္ေတာ့မွာကို မဟုတ္ဘူး ။ သင့္ႏွလုံးသားေလးကို ေအးေအးေဆးေဆး အနားေပးလိုက္ပါအုံး ။ သူ႔ဖာသာသူ အသစ္တစ္ဖန္ ျပန္လည္ႏိုးၾကား လာမွပဲ ထပ္ပီး ေ႐ြးခ်ယ္ပါေတာ့ ။ ေနမေကာင္းတဲ့လူေတာင္ နလန္ထခါစမွာ အားနည္းေနတတ္ေသးတာပဲ ။ ႏွလုံးသားကို အနားေပးလိုက္ပါအုံး ။

၇။ အေရးမပါတဲ့ ကိစၥေတြကို ေလွ်ာက္လုပ္ မေနပါနဲ႔

ခ်စ္သူက ထားခဲ့လို႔ သတ္ေသဖို႔ စဥ္းစားေနသလား ။ သင့္ကို လူ႔ဘဝထဲ ေရာက္ေအာင္ ပို႔ေပးဖို႔ သင့္အေမ ဘယ္ေလာက္ထိ ဒုကၡခံခဲ့ရလဲဆိုတာ ျပန္စဥ္းစားပါ ။ သင္ လူတစ္လုံး သူတစ္လုံးျဖစ္ဖို႔ သင့္အေဖ ဘယ္ေလာက္ထိ ေငြရွာခဲ့ရလဲဆိုတာ ျပန္စဥ္းစားပါ ။ တကယ္ေတာ့ အခ်စ္မရွိလဲ ဘဝဆုံး မသြားပါဘူး ။ တက္တူး ထိုးတာမ်ိဳးေတြ ၊ ဆံပင္ေတြ ေလွ်ာက္ညႇပ္ ပစ္တာေတြ.. မလုပ္ပါနဲ႔ ။ ဒီလိုေတြ ေပးဆပ္လိုက္လို႔လည္း သူ႔စိတ္က သင့္ဆီ ျပန္လည္ မလာႏိုင္ေတာ့ပါဘူး ။

၈။ အစစ္အမွန္ မဟုတ္ေတာ့တဲ့ ခံစားခ်က္အေပၚမွာ သာယာဖို႔ စိတ္မကူးပါနဲ႔

ငါတို႔ လမ္းခြဲၾကမယ္.. ဟုတ္ၿပီ ။ ဒီေန႔ေတာ့ ေလွ်ာက္လည္ ၾကရေအာင္ ၊ ႐ုပ္ရွင္ အတူတူ ၾကည့္မယ္ေလ.. ေနာက္ၿပီးတဲ့အခါ ထုံးစံအတိုင္း အိမ္ထိလိုက္ပို႔ ၊ ႏႈတ္ဆက္အနမ္းေလးေပး ၊ ခုလိုမ်ိဳးေတြ ေလွ်ာက္ စိတ္ကူးမယဥ္ပါနဲ႔ ေတာ့ ( အထူးသျဖင့္ ေကာင္မေလးေတြ ) အစစ္အမွန္ မဟုတ္တဲ့ ခံစားခ်က္အေပၚ သာယာမႈ မလိုခ်င္ပါနဲ႔ေတာ့ ။ အမွန္တရားကိုသာ သတၱိရွိရွိ လက္ခံလိုက္ပါ ။

၉။ အရႈံးသမားလို ခံစားၿပီး ပူေဆြးမေနပါနဲ႔

ဘာေၾကာင့္မ်ား ငါခုလို ျဖစ္ရတာလဲ ။ ငါက်မွ ဘာလို႔ ကံဆိုးေနရတာလဲ ။ ေတြးေတြးၿပီး ရႈံးနိမ့္သူ တစ္ေယာက္ အျဖစ္နဲ႔ စိတ္ဓာတ္က် မေနပါနဲ႔ ။ ေနာင္လာမယ့္ ၁၀ ႏွစ္တာ အခ်ိန္ေလာက္ကို ေတြးၾကည့္ပါ ။ ဘယ္သူကမွ သင့္ကိုသူ ထားခဲ့တာကို အမွတ္ရေနမွာ မဟုတ္ပါဘူး ။ သင္ အဲ့ဒီအခ်ိန္မွာ ဘာျဖစ္ေနမွာလဲ ဆိုတာကိုသာ ေတြးေနၾကမွာပါ ။ သင္ ေအာင္ျမင္ေနတဲ့အခါ သင္အသည္းကြဲ ခဲ့ဖူးတာကို သူတို႔ ေမ့သြားမွာပါ ။

အဲ.. ႁခြင္းခ်က္အေနနဲ႔ ကေတာ့ အဲ့အခ်ိန္ထိ သင္ဟာ ေဝေလေလနဲ႔ ကိုယ့္ဘဝကို မဖန္တီးႏိုင္ေသးဘူး ဆိုရင္ေတာ့ သင္ဟာ အတိတ္ရဲ႕ အရိပ္ေအာက္က ႐ုန္းမထြက္ႏိုင္တဲ့ ခပ္ညံ့ညံ့ လူတစ္ေယာက္အျဖစ္နဲ႔ ေျပာေနၾကမွာပါ ။ အဲ့အထဲမွာ သင့္ ခ်စ္သူေဟာင္းေတာင္ ပါခ်င္ပါဦးမွာ ၊ ေတာ္ေသးပါရဲ႕.. အဲ့ဒီလို အရည္အခ်င္း မရွိတဲ့လူကို ထားခဲ့မိတဲ့ ငါ့ရဲ႕ ဆုံးျဖတ္ခ်က္ မွန္ကန္တယ္ လို႔ေတာင္ ေျပာေနဦးမွာ ။ လူဆိုတာ တျခားလူ တစ္ေယာက္ရဲ႕ ေကာင္းေၾကာင္းကိုသာ ေမ့ခ်င္ေမ့မယ္ ၊ ဆိုးခဲ့တာေတြကိုေတာ့ သူတို႔ရဲ႕ ပါးစပ္ရာဇဝင္မွာ ဘယ္ေတာ့မွ ေမ့က်န္ရစ္မွာ မဟုတ္ပါဘူး ။

၁၀။ ေဖ့ဘုတ္ေပၚမွာ ေလွ်ာက္ပီးမဖြပါနဲ႔

သင္အသည္းကြဲတာ ဝမ္းနည္းတာေတြ ခံစားရတာ နာက်ည္းရတာေတြ ကို ကုစားေပးႏိုင္တာ သင့္ကိုယ္သင္ပဲ ရွိတာပါ ။ အဲ့ဒါေၾကာင့္ ေဖ့စ္ဘုတ္မွာ အသည္းကြဲ မျပပါနဲ႔ ။ လူေတြက သင့္ေနာက္ကြယ္မွာ ေလွာင္ေျပာင္ေနၾက ပါလိမ့္မယ္ ။ သင့္ကို စိတ္ရင္းနဲ႔ သနားမယ့္လူ လက္တစ္ဖက္ျပည့္ေအာင္ ေရတြက္လို႔ရရင္ ကံေကာင္း ။ စိတ္ရင္းနဲ႔ သနားလည္း ခဏပါပဲ ။ သင့္ကိစၥက သူတို႔ရဲ႕ ေန႔စဥ္ဘဝေလာက္ အေရးမႀကီးဘူးေလ ။

..

တကယ္ေတာ့ အသည္းကြဲတဲ့ ခံစားခ်က္က အရမ္းကို ဆိုးဝါးမွန္း နားလည္ပါတယ္ ။ ကိုယ့္ရဲ႕ အရင္းႏွီးဆုံး အတြယ္တာဆုံး ရင္ဖြင့္ေဖာ္ရင္ဖြင့္ဘက္ တစ္ေယာက္လုံး ကိုယ့္ ဘဝထဲက ထာဝရ ထြက္သြားတာ ဘယ္ေလာက္ေတာင္ ဝမ္းနည္းစရာ ေကာင္းလိုက္လဲ ။

သူနဲ႔ ဖုန္းေျပာေနက် အခ်ိန္ေတြဆို လြမ္းမယ္။ အတူတူ သြားခဲ့ဖူးတဲ့ ေနရာေတြကို ေရာက္ရင္ မ်က္ရည္က်မယ္။ ေနာက္ဆုံး သူႀကိဳက္တတ္တာေလးေတြ ေတြ႕ရင္ေတာင္ ေျဖမဆည္ႏိုင္ေအာင္ ျဖစ္ရမယ္ ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ အသက္ရွင္ ေနထိုင္ႏိုင္ဖို႔ ႀကိဳးစားရမယ္ေလ ။ တကယ္ေတာ့ အသည္းကြဲတာကို ကုစားဖို႔ အခ်ိန္ပဲ လိုတာပါ ။

အခ်ိန္ကာလတစ္ခု ၾကာတဲ့အခါ သင္အရင္လိုပဲ ျပန္ၿပီး ေပ်ာ္႐ႊင္လာပါလိမ့္မယ္ ။ သင္ ၿပဳံးလိုက္တဲ့ အၿပဳံးတိုင္းဟာ ျပန္လည္ လတ္ဆတ္ လာပါလိမ့္မယ္ ။ ဒါေပမယ့္ ဒဏ္ရာေပၚမူတည္ၿပီး အမာ႐ြတ္ေလးေတာ့ ရွိေနမွာေပါ့ေနာ္ ။ ေျပာမရဘူး.. တစ္ခ်ိန္မွာ အဲ့အမာ႐ြတ္ေလးကို အမွတ္တမဲ့ ထိမိတိုင္း သင္ ၿပဳံးရင္ေတာင္ ၿပဳံးမိေနဦးမွာပါ ။

crd