ၾကားသိရသမွ်

တစ်လ သိန်းတစ်ထောင်ဝင်နေတဲ့ ပယောဂဆရာမ

စင်ကာပူမှာ တစ်လသိန်းတစ်ထောင်နီးပါးဝင်တယ်ဆိုတဲ့ ထူးထူးဆန်းဆန်းအသက်မွေးသူတစ်ယောက်အကြောင်းပြောပြအုံးမယ်။

Bambi Leong Kai Mei ဆိုတဲ့ကလေးမအကြောင်းကို ခေတ်သစ်စုန်းပယောဂဆရာမအဖြစ် ဟိုနားဒီနားမှာဖတ်ရတာကြာပြီ။

သူ့ကို online မှာ DarkWitchBambi လို့ခေါ်ကြတယ်။ ဒီတစ်ခေါက် Sim Lim Square ရောက်မှသူ့ဆိုင်ရှေ့သွားပြီး ကေပိုးအုံးမယ်။

#02-28 မှာတဲ့။ ဆိုင်နာမည်က The Love Witch တဲ့။

သူ့မှာ online shop ရော၊ ဗေဒင်ဟောခန်းရောရှိတယ်။ Bambi Leong Kai Mei ဟာ ဟယ်ရီပေါ်တာတို့လို ဟော့ဝပ်စ်စုန်းဝိဇ္ဇာမှော်ပညာ

သင်ကျောင်း The Hogwarts School of Witchcraft and Wizardry ထွက်မဟုတ်ဘူး။

Bambi က National University of Singapore က Political Science နိုင်ငံရေးသိပ္ပံနဲ့ဘွဲ့ရထားတာ။

ကျနော်ပြောချင်တာက သူမကနိုင်ငံရေးသိပ္ပံနဲ့ဘွဲ့ရပြီး လူတွေအကြောင်းကိုကောင်းကောင်းသဘောပေါက်သွားပုံရတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူဟာ သူ့လိုင်းနဲ့သူ entrepreneur တစ်ယောက်အဖြစ်အောင်မြင်နေတာတော့အမှန်ပဲ။ တစ်လ စင်ကာပူဒေါ်လာ

၇၀၀၀၀ လောက်ဝင်တယ်ဆိုကတည်းက အချာပင်တော့မဖြစ်နိုင်ဘူး။

သူက တားရော့ဟောတယ်၊ ယတြာချေတယ်၊ ပြုစားတာတွေဘာတွေလုပ်ပေးတယ်။ ပယောဂအစီအရင်တွေရတယ်။ အမယ် … ဈေးကမ

ပေါဘူး။နှစ်ယောက်ကြားရှုပ်နေတဲ့တတိယလူကိုရှင်းပေးရင် ဒေါ်လာ (၆၀၀)၊ အလုပ်မှာပြဿနာရှာနေသူကိုရှင်းပေးရင် ဒေါ်လာ (၃၈၀)။

ပီယဆေးလိုချင်ရင် ဒေါ်လာ (၅၄၀)။တသက်လုံးစာကျိန်မလား ဒေါ်လာ (၃၀၀၀၀)၊ အများကြီးပဲရှိတယ်။ white magic, dark magic တွေ

ဘာညာရှိသေးတယ်။အလုပ်မှာရာထူးတိုးချင်တာ ဘာညာသူ့ဆီမှာအစီအရင်တွေရသတဲ့။ အမယ် … တတိယနိုင်ငံတွေမှာကျောင်းဖွင့်ဖို့

ရည်ရွယ်ချက်ရှိသတဲ့။ အလုပ်လက်မဲ့ကလေးတွေကို သက်မွေးမှုတစ်ခုအနေနဲ့ magic skills ကိုသင်ပေးချင်လို့တဲ့။

သူ့ပရိတ်သတ်နဲ့သူအဆင်ပြေနေတာမှ ဝင်ငွေက online ကနေ တစ်လ ဒေါ်လာ ၃၀၀၀၀ ကျော်၊ ဆိုင်ကနေဒေါ်လာ ၄၀၀၀၀ လောက်ရနေ

တာဖြစ်တယ်။ဟိုရှုပ်ရှက်ခတ်နေတဲ့ ဖုန်းရွှေဆရာတွေနဲ့မတူပဲ သူကရုပ်ကလေးကလည်းရှိ ပညာတတ်ကလေးကလည်းဖြစ် အသက်က

လည်း (၂၈) နှစ်ပဲရှိသေးတော့ သူ့ကိုပိုသဘောကျကြမလားပဲ။Magic ယုံတဲ့လူတွေကတော့ နေရာတိုင်းမှာရှိတယ်ဆိုတာကို ဒီအဖြစ်က

သက်သေပြနေတာပဲ။ တနေ့တနေ့အစီအရင်လုပ်ချင်တဲ့သူတွေသူ့ဆီမှာမနည်းဘူးတဲ့။

ဗဟုသုတတစ်ခုအနေနဲ့ ထူးထူးဆန်းဆန်းဝင်ငွေကောင်းနေသူတစ်ယောက်အကြောင်းပြောပြတာ။

သူ witch စဖြစ်လာပုံကို သူပြောပြထားတာ သူ့ဗီဒီယိုလေးမှာကြည့်လိုက်ပါ။ အသက် ၁၀ နှစ်လောက်မှာ ကီမိုနိုနဲ့မိန်းမကို လေထဲမှာတွေ့ရ

တယ်တဲ့။ အဘတွေကိုမသိစေနဲ့အုံး။

Richard Myo Thant