ဗဟုသုတ

မိမိရဲ့ကိုယ်ပိုင်စီးပွားရေးကို အစပြုချင်တဲ့ ယောကျာ်းများအတွက် အောင်မြင်စေမယ့် နည်းလမ်းများ

မိမိရဲ့ကိုယ်ပိုင်စီးပွားရေးကို အစပြုချင်တဲ့ ယောကျာ်းများအတွက် အောင်မြင်စေမယ့် နည်းလမ်းများ

ကိုယ်ပိုင်စီးပွားရေး တည်ထောင်မယ့်သူတစ်ယောက်အနေနဲ့ မိမိလုပ်ငန်းတိုးချဲ့ဖို့ရန်အတွက် အဆက်အသွယ်ကောင်းများ အများအပြားရှိဖို့လိုအပ်ပါတယ်။ မိမိရဲ့Networking ပိုင်းကို ချဲ့နိုင်သမျှ များများချဲ့လေ မိမိရဲ့စီးပွားရေး အောင်မြင်လေပါပဲ။

ဒီဆောင်းပါးလေးမှာတော့ ကိုယ်ပိုင်စီးပွားရေးကို စတင်လုပ်ကိုင်မယ့် ယောကျာ်းများအတွက် ဘယ်လိုအချက်တွေကို လိုက်နာသင့်သလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

မိမိကိုယ်ကိုယ်မိမိ သေသေချာချာသိနားလည်အောင် ပြုလုပ်ပါ

သင့်လက်ထဲမှာ ငွေအရင်းအနှီး ဘယ်လောက်ရှိသလဲ။ ငွေဘယ်လောက် ရင်းနှီးမြှုပ်နှံမှာလဲ။ တစ်နေ့လျှင် ဘယ်နှနာရီ အလုပ်လုပ်နိုင်သလဲ။ သင့်ရဲ့မိသားစုကရော သင့်အတွက် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ပေးနိုင်ရဲ့လား စတဲ့မေးခွန်းတွေနဲ့ အစပြုဖို့လိုအပ်ပါတယ်။ မိမိရဲ့သူငယ်ချင်း၊ မိသားစုဝင်ထံမှ အားပေးထောက်ခံမှု ရရှိခြင်းသည်လည်း သင့်ရဲ့လုပ်ငန်းကို အောင်မြင်စေတဲ့အကြောင်းအရင်းတစ်ခုပါပဲ။

မှန်ကန်တဲ့လုပ်ငန်းကို ရွေးချယ်ပါ

သင်က ဘယ်လိုစီးပွားရေးမျိုးကို ဝါသနာပါတာလဲ။ ထိုလုပ်ငန်းကရော သင်နဲ့ ကိုက်ညီရဲ့လား။ လုပ်ငန်းအတွက် လိုအပ်တဲ့ လိုအပ်ချက်များကို သင် ကိုယ်တိုင် ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါမှ ထိုလုပ်ငန်းက တဖြည်းဖြည်း ကြီးပွားတိုးတက်လာမှာဖြစ်ပါတယ်။

မိမိရဲ့စီးပွားပြိုင်ဖက်တွေအကြောင်း သေချာသုတေသန လုပ်ထားပါ

မိမိရဲ့စီးပွားပြိုင်ဖက်တွေက ဈေးကွက်ထဲမှာ ဘာ့ကြောင့် အောင်မြင်နေသလဲ။ ဈေးကွက်ထဲမှာ ဘာ့ကြောင့် နေရာ ရနေသလဲဆိုတာကို သေချာလေ့လာရပါမယ်။ သင်သည်လည်း သူတို့ရဲ့နည်းလမ်းကို တိုက်ရိုက်ပုံတူပွားချလိုက်တာမျိုးမဟုတ်ဘဲ ထိုနည်းလမ်းထက် ပိုမိုကောင်းမွန်အောင် အသစ်တီထွင်ပါ။ ဈေးဝယ်သူ၊ စားသုံးသူများသည် ရှိပြီးသားအရာထက် အသစ်အသစ်သောအရာကို စမ်းသပ်ကြည့်ချင်သည့် သဘာဝရှိကြပါတယ်။

ရင်းနှီးမြှုပ်နှံသူများကို ရှာဖွေပါ

မိမိလုပ်ငန်း တစ်စထက်တစ်စ ကြီးပွားတိုးတက်လာသည်နှင့်အမျှ ရင်းနှီးမြှုပ်နှံမယ့် ရှယ်ယာရှင်တွေကိုလည်း ရှာဖွေစုဆောင်းဖို့ လိုအပ်လာပါပြီ။ ဒီအတွက်တော့ သတင်းအချက်အလက်များ၊ အဆက်အသွယ်ကောင်းများ ရှိထားဖို့လိုအပ်ပါတယ်။ လူအများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိအောင် မိတ်ဆွေဖွဲ့ထားရပါမယ်။

အမြဲတမ်း သင်ယူလေ့လာပါ

စီးပွားရေးဈေးကွက်သည် အမြဲတမ်းပြောင်းလဲနေတာပါ။ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က လူကြိုက်များခဲ့သော ပစ္စည်းတစ်ခုသည် ယခုနှစ်တွင်တော့ လူကြိုက်များချင်မှ များပါလိမ့်မယ်။ ဒါ့ကြောင့် သင် ကိုယ်တိုင်က တီထွင်ဆန်းသစ်မှု ကောင်းနေရပါမယ်။ အသစ်အသစ်သော အရာတွေကို လေ့လာသင်ယူလိုစိတ်ရှိရပါမယ်။ ဒါမှ အမှန်တကယ်အောင်မြင်ပြီး ကြီးပွားတိုးတက်တဲ့စီးပွားရေးလုပ်ငန်းကို ပိုင်ဆိုင်နိုင်မှာပါ။crd

Zawgyi

မိမိရဲ႕ကိုယ္ပိုင္စီးပြားေရးကို အစျပဳခ်င္တဲ့ ေယာက်ာ္းမ်ားအတြက္ ေအာင္ျမင္ေစမယ့္ နည္းလမ္းမ်ား

ကိုယ္ပိုင္စီးပြားေရး တည္ေထာင္မယ့္သူတစ္ေယာက္အေနနဲ႔ မိမိလုပ္ငန္းတိုးခ်ဲ႕ဖို႔ရန္အတြက္ အဆက္အသြယ္ေကာင္းမ်ား အမ်ားအျပားရွိဖို႔လိုအပ္ပါတယ္။ မိမိရဲ႕Networking ပိုင္းကို ခ်ဲ႕ႏိုင္သမွ် မ်ားမ်ားခ်ဲ႕ေလ မိမိရဲ႕စီးပြားေရး ေအာင္ျမင္ေလပါပဲ။

ဒီေဆာင္းပါးေလးမွာေတာ့ ကိုယ္ပိုင္စီးပြားေရးကို စတင္လုပ္ကိုင္မယ့္ ေယာက်ာ္းမ်ားအတြက္ ဘယ္လိုအခ်က္ေတြကို လိုက္နာသင့္သလဲဆိုတာကို ေဝမွ်ေပးခ်င္ပါတယ္။

မိမိကိုယ္ကိုယ္မိမိ ေသေသခ်ာခ်ာသိနားလည္ေအာင္ ျပဳလုပ္ပါ

သင့္လက္ထဲမွာ ေငြအရင္းအႏွီး ဘယ္ေလာက္ရွိသလဲ။ ေငြဘယ္ေလာက္ ရင္းႏွီးျမႇဳပ္ႏွံမွာလဲ။ တစ္ေန႔လွ်င္ ဘယ္ႏွနာရီ အလုပ္လုပ္ႏိုင္သလဲ။ သင့္ရဲ႕မိသားစုကေရာ သင့္အတြက္ စိတ္ပိုင္းဆိုင္ရာ အေထာက္အပံ့ေပးႏိုင္ရဲ႕လား စတဲ့ေမးခြန္းေတြနဲ႔ အစျပဳဖို႔လိုအပ္ပါတယ္။ မိမိရဲ႕သူငယ္ခ်င္း၊ မိသားစုဝင္ထံမွ အားေပးေထာက္ခံမႈ ရရွိျခင္းသည္လည္း သင့္ရဲ႕လုပ္ငန္းကို ေအာင္ျမင္ေစတဲ့အေၾကာင္းအရင္းတစ္ခုပါပဲ။

မွန္ကန္တဲ့လုပ္ငန္းကို ေ႐ြးခ်ယ္ပါ

သင္က ဘယ္လိုစီးပြားေရးမ်ိဳးကို ဝါသနာပါတာလဲ။ ထိုလုပ္ငန္းကေရာ သင္နဲ႔ ကိုက္ညီရဲ႕လား။ လုပ္ငန္းအတြက္ လိုအပ္တဲ့ လိုအပ္ခ်က္မ်ားကို သင္ ကိုယ္တိုင္ ျဖည့္ဆည္းေပးႏိုင္ဖို႔ လိုအပ္ပါတယ္။ ဒါမွ ထိုလုပ္ငန္းက တျဖည္းျဖည္း ႀကီးပြားတိုးတက္လာမွာျဖစ္ပါတယ္။

မိမိရဲ႕စီးပြားၿပိဳင္ဖက္ေတြအေၾကာင္း ေသခ်ာသုေတသန လုပ္ထားပါ

မိမိရဲ႕စီးပြားၿပိဳင္ဖက္ေတြက ေဈးကြက္ထဲမွာ ဘာ့ေၾကာင့္ ေအာင္ျမင္ေနသလဲ။ ေဈးကြက္ထဲမွာ ဘာ့ေၾကာင့္ ေနရာ ရေနသလဲဆိုတာကို ေသခ်ာေလ့လာရပါမယ္။ သင္သည္လည္း သူတို႔ရဲ႕နည္းလမ္းကို တိုက္႐ိုက္ပုံတူပြားခ်လိုက္တာမ်ိဳးမဟုတ္ဘဲ ထိုနည္းလမ္းထက္ ပိုမိုေကာင္းမြန္ေအာင္ အသစ္တီထြင္ပါ။ ေဈးဝယ္သူ၊ စားသုံးသူမ်ားသည္ ရွိၿပီးသားအရာထက္ အသစ္အသစ္ေသာအရာကို စမ္းသပ္ၾကည့္ခ်င္သည့္ သဘာဝရွိၾကပါတယ္။

ရင္းႏွီးျမႇဳပ္ႏွံသူမ်ားကို ရွာေဖြပါ

မိမိလုပ္ငန္း တစ္စထက္တစ္စ ႀကီးပြားတိုးတက္လာသည္ႏွင့္အမွ် ရင္းႏွီးျမႇဳပ္ႏွံမယ့္ ရွယ္ယာရွင္ေတြကိုလည္း ရွာေဖြစုေဆာင္းဖို႔ လိုအပ္လာပါၿပီ။ ဒီအတြက္ေတာ့ သတင္းအခ်က္အလက္မ်ား၊ အဆက္အသြယ္ေကာင္းမ်ား ရွိထားဖို႔လိုအပ္ပါတယ္။ လူအမ်ားႏွင့္ ရင္းႏွီးကြၽမ္းဝင္မႈရွိေအာင္ မိတ္ေဆြဖြဲ႕ထားရပါမယ္။

အၿမဲတမ္း သင္ယူေလ့လာပါ

စီးပြားေရးေဈးကြက္သည္ အၿမဲတမ္းေျပာင္းလဲေနတာပါ။ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ခန႔္က လူႀကိဳက္မ်ားခဲ့ေသာ ပစၥည္းတစ္ခုသည္ ယခုႏွစ္တြင္ေတာ့ လူႀကိဳက္မ်ားခ်င္မွ မ်ားပါလိမ့္မယ္။ ဒါ့ေၾကာင့္ သင္ ကိုယ္တိုင္က တီထြင္ဆန္းသစ္မႈ ေကာင္းေနရပါမယ္။ အသစ္အသစ္ေသာ အရာေတြကို ေလ့လာသင္ယူလိုစိတ္ရွိရပါမယ္။ ဒါမွ အမွန္တကယ္ေအာင္ျမင္ၿပီး ႀကီးပြားတိုးတက္တဲ့စီးပြားေရးလုပ္ငန္းကို ပိုင္ဆိုင္ႏိုင္မွာပါ။crd