ဗျိုင်းတို့မှာ အဖိုဟူ၍မရှိ အားလုံး အမတွေချည်းသာ
လူပဲဖြစ်စေ ခွေးပဲဖြစ်စေ ဘယ်သတ္တဝါမဆို အဖိုရယ် အမရယ်လို့ နှစ်မျိုးစီရှိတတ်ကြပါတယ်၊ ဒါပေမဲ့ ဗျိုင်းတို့မှာတော့ကား အဖိုဟူ၍ မရှိ အားလုံး အမ-တွေချည်းသာဖြစ်ပါတယ်။
ဒါဆို ဗျိုင်းမတွေ ဘယ်လိုကြောင့် အဥ အုနိုင်ကြတာပါလဲဆိုတဲ့ မေးခွန်းတက်လာနိုင်စရာအကြောင်းရှိပါတယ်၊ အဲဒီအတွက် အဖြေကတော့ ဗျိုင်းမတွေဟာ ဥတုလာချိန်မှာ မိုးခြိမ်းသံကို သာယာပြီး ကိုယ်၀န်ယူကြရပါတယ်၊ ဗျိုင်းတင်မဟုတ်ပါ
ကြက်မတွေလဲ ရံဖန် ရံခါ ကြက်ဖ တွန်သံကို သာယာပြီး ကိုယ်၀န်ယူတတ်ကြပါတယ်၊ နောက်ပြီး အချို့သောနွားမများဟာလည်း နွားလားဥသဘ၏ အသံကိုသာယာပြီး ကိုယ်၀န်ယူတတ်ကြပါတယ်၊ အဲဒီအကြောင်းကို ကျမ်းဂန်မှာ ဒီလိုဆိုထားပါတယ်
ဗလာကာသု ပန ပုရိသော နာမ နတ္တိ၊ တာ ဥတုသမယေ မေဃသဒ္ဒံ သုတွာ ဂဗ္ဘံ ဂဏှန္တိ။ ကုက္ကုဋိယောပိ ကဒါစိ ဧကဿ ကုက္ကဋဿ သဒ္ဒံ သုတွာ ဗဟုကာပိ ဂဗ္ဘံ ဂဏှန္တိ၊ တထာ ပိ ဂါဝီ ဥသဘဿ= ဟုဆိုပါတယ် အဓိပ္ပါယ်ကတော့ အထက်က ဆိုခဲ့တဲ့ အတိုင်းပါပဲ။
ကိုယ်၀န်တည်ခြင်းဟာ များသောအားဖြင့် ကာမကိစ္စနဲ့ ကိုယ်၀န်တည်တတ်ကြသော်လည်း အချို့ အချို့တွေမှာ ကိုယ်လက်နှီးနှောခြင်းစသော အခြားသော အကြောင်း (၇) မျိုးနှင့် ကိုယ်၀န်ယူတတ်တာလည်း ရှိကြပါသေးသည်၊
စာရှည်မှာစိုးလို့ အဲဒီ (၇) မျိုးအနက် ရုပ်ကိုမြင်မိ၍ ကိုယ်၀န်တည်ခြင်း၊ အသံကိုကြားမိ၍ ကိုယ်၀န်တည်ခြင်းနှင့် အနံ့ကို ရှုမိ၍ ကိုယ်၀န်တည်ခြင်း (၃)မျိုးလောက်သာ ပြောပြချင်ပါတယ်။
အသံကိုကြား၍ ကိုယ်၀န်တည်ခြင်းကတော့ ပြောပြီးပါပြီ၊ အဲဒီမှာ အနည်းငယ် ဗဟုသုတအဖြစ် ပြောရမယ်ဆိုရင် တခါက ကြက်မွေးမြူရေးခြံတစ်ခြံမှ ကြက်ဥများသည် အလွန်သေးငယ်သော ကြက်ဥတွေချည်း ဥ-သည်ဟုဆိုသည်၊
အဘယ့်ကြောင့် ကြက်ဥတွေ အရမ်းသေးနေကြပါသလဲလို့ အမျိုးမျိုးကြံဆတွေးတောပြီး နောက်ဆုံးမှ အဖြေတွေ့သည်ဟု ဆိုပါသည်၊ ထို ကြက်ခြံ၏အနီး အိမ်တစ်အိမ်မှာ တိန်ညင်ကြက်ဖများရှိသည်ဟုဆို၏၊
ထိုတိန်ညင် ကြက်ဖလေးတွေရဲ့ ချိုသာလွန်းတဲ့ တွန်သံကိုသာယာပြီး ကြက်မတွေမှာ တိန်ညင်ကြက်ဥလေးတွေချည်း ဥကြတယ်လို့ဆိုပါတယ်။ (ဒါက အသံကြောင့် ကိုယ်၀န်တည်ခြင်းပါ)
တခါက ဘုရင့်သမီးတော်တစ်ယောက် ဘယ်အမျိုးသားနဲ့မှ ထိတွေ့ခွင့်မရအောင် အစောင့်အကြပ်ထူထပ်စွာချထားခဲ့ပါတယ်၊ တစ်နေ့မှာ ထိုဘုရင့်သမီးတော်လေးကိုယ်၀န်ရှိလာပါတယ်၊ ဘုရင်ကြီးလည်း ဒေါသထွက်၊နန်းတော်တစ်ခုလုံး အုန်းအုန်းကြက်ကြက်ဖြစ်သွားလေတယ်၊
ဘယ်အမျိုးသားနဲ့မှ ထိတွေ့ခြင်းမရှိပါပဲလျက် အဘယ့်ကြောင့်ကိုယ်၀န်ရနေပါသလဲ၊ ကိုယ်၀န်ရခြင်းအကြောင်းကို အမျိုးမျိုးလေ့လာကြပါတယ်၊ နောက်ဆုံးတော့ ဘုရင့်သမီးတော် ရာသီဥတုလာပြီးစအချိန်
ဘုရင့်ထံ အခစား၀င်လာသော လက်မောင်းကြွက်သားများ တောင့်တင်းခိုင်မာသော စစ်သည်တော်တစ်ဦးကို မြင်လိုက်မိသဖြင့် စိတ်ထဲမှာသာယာသွားသောကြောင့် ကိုယ်၀န်ရကြောင်း အဖြေတွေ့ခဲ့ရပါတယ်။
ဒီနေရာမှာ ဗဟုသုတအဖြစ် အခြားထူးခြားမှုတစ်ခု ပြောပြချင်ပါသေးတယ်၊ ကုလားလုံး၀မရှိသော ဒေသတစ်ခုမှာ အမျိုးသမီးတစ်ယောက် အသားမဲမဲ ကုလားလေးတစ်ယောက် မွေးလာတယ်လို့ဆိုပါတယ်၊
ဒီကိစ္စ တစ်ရွာလုံး တစ်နယ်လုံး အုန်းအုန်းကြက်ကြက်ဖြစ်သွားပါတယ်၊ ဒီအမျိုးသမီးဟာ ဘယ်မှ ခရီးထွက်သူမဟုတ်လို့ ကုလားတစ်ယောက်ယောက်ကြောင့်မဟုတ်ဖူးဆိုတာတော့ လုံးဝသေချာတယ်၊
နောက်ဆုံး ဗဟုသုတရှိတဲ့ လူတစ်ယောက်က သူ့အိပ်ခန်း၀င်ကြည့်လိုက်တော့မှ အဖြေတွေ့ရတယ်၊ အမျိုးသမီးအိပ်တဲ့ ခြေရင်းက နံရံမှာ သန်သန်မာမာမဲတုန်းတုန်း ကုလားကြီးတစ်ယောက်ရဲ့ ပြက္ခဒိန်ချိပ်ထားတာတွေ့ရတယ်လို့ဆိုပါတယ်
ထိုအမျိုးသမီးဟာ အိပ်ယာ၀င်တိုင်း ခြေရင်း နံရံမှာချိပ်ထားတဲ့ ကုလားကြီးပုံကို အမြဲတွေ့မြင်နေရတာကြောင့် (အတွေးနဲ့သာယာပြီး) ဒီလိုဖြစ်သွားတယ်လို့ဆိုပါတယ်။ (ဒါဟာ ရုပ်ကိုမြင်၍ ကိုယ်၀န်ရခြင်းဖြစ်ပါတယ်)
နွားမတွေဟာ ရံဖန်ရံခါ နွားလား ဥသဘတို့၏ အနံ့ကို ရှုပြီး ကိုယ်၀န်ယူတတ်ကြတယ်လို့ ကျမ်းဂန်မှာဆိုထားပါတယ်။ (ဒါဟာ အနံ့ကိုရှု၍ ကိုယ်၀န်ရခြင်းဖြစ်ပါတယ်)
ဗျိုင်း-တွေကတော့ အထက်ကပြောခဲ့တဲ့အတိုင်း မိုးခြိမ်းသံကို သာယာပြီး ကိုယ်၀န်ယူကြတာကို ဓမ္မာစရိယ ရဟန်းသံဃာတော်တွေကတော့ သိပြီးဖြစ်ပါတယ် လူတွေအတွက် ဗဟုသုတရရန် ရေးသားလိုက်ခြင်းဖြစ်ပါတယ်၊
မိုးတွေရွာခါနီး မိုးခြိမ်းသံနှင့်အတူ တိမ်မဲညိုတွေ တလိပ်လိပ်တက်လာစဉ်မှာ ဗျိုင်းမများ ပျံသန်းပျော်မြူးနေကြတာကိုတော့ တွေ့ဘူးကြလိမ့်မယ်လို့ထင်ပါတယ်၊ စာရှည်သွားမှာစိုးလို့ အခြားပဋိသန္ဓေနေခြင်းအကြောင်းတွေ မရေးတော့ပါ၊ ဗျိုင်း-ဆိုရာမှာ ဗျိုင်းအောက်ကို ဆိုလိုပါသည်။
(ဝိ၊ဋ္ဌ၁၊၁၈၀) ဦးနန္ဒာစာရ မုံရွာ
Zawgyi
ဗ်ိဳင္းတို႔မွာ အဖိုဟူ၍မရွိ အားလုံး အမေတြခ်ည္းသာ
လူပဲျဖစ္ေစ ေခြးပဲျဖစ္ေစ ဘယ္သတၱဝါမဆို အဖိုရယ္ အမရယ္လို႔ ႏွစ္မ်ိဳးစီရွိတတ္ၾကပါတယ္၊ ဒါေပမဲ့ ဗ်ိဳင္းတို႔မွာေတာ့ကား အဖိုဟူ၍ မရွိ အားလုံး အမ-ေတြခ်ည္းသာျဖစ္ပါတယ္။
ဒါဆို ဗ်ိဳင္းမေတြ ဘယ္လိုေၾကာင့္ အဥ အုႏိုင္ၾကတာပါလဲဆိုတဲ့ ေမးခြန္းတက္လာႏိုင္စရာအေၾကာင္းရွိပါတယ္၊ အဲဒီအတြက္ အေျဖကေတာ့ ဗ်ိဳင္းမေတြဟာ ဥတုလာခ်ိန္မွာ မိုးၿခိမ္းသံကို သာယာၿပီး ကိုယ္၀န္ယူၾကရပါတယ္၊ ဗ်ိဳင္းတင္မဟုတ္ပါ
ၾကက္မေတြလဲ ရံဖန္ ရံခါ ၾကက္ဖ တြန္သံကို သာယာၿပီး ကိုယ္၀န္ယူတတ္ၾကပါတယ္၊ ေနာက္ၿပီး အခ်ိဳ႕ေသာႏြားမမ်ားဟာလည္း ႏြားလားဥသဘ၏ အသံကိုသာယာၿပီး ကိုယ္၀န္ယူတတ္ၾကပါတယ္၊ အဲဒီအေၾကာင္းကို က်မ္းဂန္မွာ ဒီလိုဆိုထားပါတယ္
ဗလာကာသု ပန ပုရိေသာ နာမ နတၱိ၊ တာ ဥတုသမေယ ေမဃသဒၵံ သုတြာ ဂဗၻံ ဂဏွႏၲိ။ ကုကၠဳဋိေယာပိ ကဒါစိ ဧကႆ ကုကၠဋႆ သဒၵံ သုတြာ ဗဟုကာပိ ဂဗၻံ ဂဏွႏၲိ၊ တထာ ပိ ဂါဝီ ဥသဘႆ= ဟုဆိုပါတယ္ အဓိပၸါယ္ကေတာ့ အထက္က ဆိုခဲ့တဲ့ အတိုင္းပါပဲ။
ကိုယ္၀န္တည္ျခင္းဟာ မ်ားေသာအားျဖင့္ ကာမကိစၥနဲ႔ ကိုယ္၀န္တည္တတ္ၾကေသာ္လည္း အခ်ိဳ႕ အခ်ိဳ႕ေတြမွာ ကိုယ္လက္ႏွီးေႏွာျခင္းစေသာ အျခားေသာ အေၾကာင္း (၇) မ်ိဳးႏွင့္ ကိုယ္၀န္ယူတတ္တာလည္း ရွိၾကပါေသးသည္၊
စာရွည္မွာစိုးလို႔ အဲဒီ (၇) မ်ိဳးအနက္ ႐ုပ္ကိုျမင္မိ၍ ကိုယ္၀န္တည္ျခင္း၊ အသံကိုၾကားမိ၍ ကိုယ္၀န္တည္ျခင္းႏွင့္ အနံ႔ကို ရႈမိ၍ ကိုယ္၀န္တည္ျခင္း (၃)မ်ိဳးေလာက္သာ ေျပာျပခ်င္ပါတယ္။
အသံကိုၾကား၍ ကိုယ္၀န္တည္ျခင္းကေတာ့ ေျပာၿပီးပါၿပီ၊ အဲဒီမွာ အနည္းငယ္ ဗဟုသုတအျဖစ္ ေျပာရမယ္ဆိုရင္ တခါက ၾကက္ေမြးျမဴေရးၿခံတစ္ၿခံမွ ၾကက္ဥမ်ားသည္ အလြန္ေသးငယ္ေသာ ၾကက္ဥေတြခ်ည္း ဥ-သည္ဟုဆိုသည္၊
အဘယ့္ေၾကာင့္ ၾကက္ဥေတြ အရမ္းေသးေနၾကပါသလဲလို႔ အမ်ိဳးမ်ိဳးႀကံဆေတြးေတာၿပီး ေနာက္ဆုံးမွ အေျဖေတြ႕သည္ဟု ဆိုပါသည္၊ ထို ၾကက္ၿခံ၏အနီး အိမ္တစ္အိမ္မွာ တိန္ညင္ၾကက္ဖမ်ားရွိသည္ဟုဆို၏၊
ထိုတိန္ညင္ ၾကက္ဖေလးေတြရဲ႕ ခ်ိဳသာလြန္းတဲ့ တြန္သံကိုသာယာၿပီး ၾကက္မေတြမွာ တိန္ညင္ၾကက္ဥေလးေတြခ်ည္း ဥၾကတယ္လို႔ဆိုပါတယ္။ (ဒါက အသံေၾကာင့္ ကိုယ္၀န္တည္ျခင္းပါ)
တခါက ဘုရင့္သမီးေတာ္တစ္ေယာက္ ဘယ္အမ်ိဳးသားနဲ႔မွ ထိေတြ႕ခြင့္မရေအာင္ အေစာင့္အၾကပ္ထူထပ္စြာခ်ထားခဲ့ပါတယ္၊ တစ္ေန႔မွာ ထိုဘုရင့္သမီးေတာ္ေလးကိုယ္၀န္ရွိလာပါတယ္၊ ဘုရင္ႀကီးလည္း ေဒါသထြက္၊နန္းေတာ္တစ္ခုလုံး အုန္းအုန္းၾကက္ၾကက္ျဖစ္သြားေလတယ္၊
ဘယ္အမ်ိဳးသားနဲ႔မွ ထိေတြ႕ျခင္းမရွိပါပဲလ်က္ အဘယ့္ေၾကာင့္ကိုယ္၀န္ရေနပါသလဲ၊ ကိုယ္၀န္ရျခင္းအေၾကာင္းကို အမ်ိဳးမ်ိဳးေလ့လာၾကပါတယ္၊ ေနာက္ဆုံးေတာ့ ဘုရင့္သမီးေတာ္ ရာသီဥတုလာၿပီးစအခ်ိန္
ဘုရင့္ထံ အခစား၀င္လာေသာ လက္ေမာင္းႂကြက္သားမ်ား ေတာင့္တင္းခိုင္မာေသာ စစ္သည္ေတာ္တစ္ဦးကို ျမင္လိုက္မိသျဖင့္ စိတ္ထဲမွာသာယာသြားေသာေၾကာင့္ ကိုယ္၀န္ရေၾကာင္း အေျဖေတြ႕ခဲ့ရပါတယ္။
ဒီေနရာမွာ ဗဟုသုတအျဖစ္ အျခားထူးျခားမႈတစ္ခု ေျပာျပခ်င္ပါေသးတယ္၊ ကုလားလုံး၀မရွိေသာ ေဒသတစ္ခုမွာ အမ်ိဳးသမီးတစ္ေယာက္ အသားမဲမဲ ကုလားေလးတစ္ေယာက္ ေမြးလာတယ္လို႔ဆိုပါတယ္၊
ဒီကိစၥ တစ္႐ြာလုံး တစ္နယ္လုံး အုန္းအုန္းၾကက္ၾကက္ျဖစ္သြားပါတယ္၊ ဒီအမ်ိဳးသမီးဟာ ဘယ္မွ ခရီးထြက္သူမဟုတ္လို႔ ကုလားတစ္ေယာက္ေယာက္ေၾကာင့္မဟုတ္ဖူးဆိုတာေတာ့ လုံးဝေသခ်ာတယ္၊
ေနာက္ဆုံး ဗဟုသုတရွိတဲ့ လူတစ္ေယာက္က သူ႔အိပ္ခန္း၀င္ၾကည့္လိုက္ေတာ့မွ အေျဖေတြ႕ရတယ္၊ အမ်ိဳးသမီးအိပ္တဲ့ ေျခရင္းက နံရံမွာ သန္သန္မာမာမဲတုန္းတုန္း ကုလားႀကီးတစ္ေယာက္ရဲ႕ ျပကၡဒိန္ခ်ိပ္ထားတာေတြ႕ရတယ္လို႔ဆိုပါတယ္
ထိုအမ်ိဳးသမီးဟာ အိပ္ယာ၀င္တိုင္း ေျခရင္း နံရံမွာခ်ိပ္ထားတဲ့ ကုလားႀကီးပုံကို အၿမဲေတြ႕ျမင္ေနရတာေၾကာင့္ (အေတြးနဲ႔သာယာၿပီး) ဒီလိုျဖစ္သြားတယ္လို႔ဆိုပါတယ္။ (ဒါဟာ ႐ုပ္ကိုျမင္၍ ကိုယ္၀န္ရျခင္းျဖစ္ပါတယ္)
ႏြားမေတြဟာ ရံဖန္ရံခါ ႏြားလား ဥသဘတို႔၏ အနံ႔ကို ရႈၿပီး ကိုယ္၀န္ယူတတ္ၾကတယ္လို႔ က်မ္းဂန္မွာဆိုထားပါတယ္။ (ဒါဟာ အနံ႔ကိုရႈ၍ ကိုယ္၀န္ရျခင္းျဖစ္ပါတယ္)
ဗ်ိဳင္း-ေတြကေတာ့ အထက္ကေျပာခဲ့တဲ့အတိုင္း မိုးၿခိမ္းသံကို သာယာၿပီး ကိုယ္၀န္ယူၾကတာကို ဓမၼာစရိယ ရဟန္းသံဃာေတာ္ေတြကေတာ့ သိၿပီးျဖစ္ပါတယ္ လူေတြအတြက္ ဗဟုသုတရရန္ ေရးသားလိုက္ျခင္းျဖစ္ပါတယ္၊
မိုးေတြ႐ြာခါနီး မိုးၿခိမ္းသံႏွင့္အတူ တိမ္မဲညိဳေတြ တလိပ္လိပ္တက္လာစဥ္မွာ ဗ်ိဳင္းမမ်ား ပ်ံသန္းေပ်ာ္ျမဴးေနၾကတာကိုေတာ့ ေတြ႕ဘူးၾကလိမ့္မယ္လို႔ထင္ပါတယ္၊ စာရွည္သြားမွာစိုးလို႔ အျခားပဋိသေႏၶေနျခင္းအေၾကာင္းေတြ မေရးေတာ့ပါ၊ ဗ်ိဳင္း-ဆိုရာမွာ ဗ်ိဳင္းေအာက္ကို ဆိုလိုပါသည္။
(ဝိ၊႒၁၊၁၈၀) ဦးနႏၵာစာရ မုံ႐ြာ