သူရဲကောင်းတွေရဲ့ နှလုံးသားဆိုတာ ဒါကိုခေါ်တာ
အင်းဝခေတ် နန်းမတော်မယ်နု ကိုးကွယ်တဲ့ ဆရာတော် ဦးဗုဓ်ဆီကို စစ်ကိုင်းက ကိုရင်လေးတစ်ပါးလာပါတယ်။
ဘုရားရှိခိုးတယ်။ သင့်လျော်တဲ့ နေရာမှာထိုင်တယ်။
ဆရာတော်ဦးဗုဓ်က လုံးဝမကြည့်ဘူး။ သူ့စာသူ ဖတ်နေတာ၊ လုံးဝ ဂရုမပြုဘူး။ ကြာလာတော့ ကိုရင်လေးက ပြောတယ်”မြတ်စွာဘုရားကို သတိရလိုက်တာ”…တဲ့။
ဆရာတော်ဦးဗုဓ် နည်းနည်းတွန့်သွားတယ်။ ဂရု မပြုလို့ မဖြစ်တော့ဘူး။မြတ်စွာဘုရားဆိုတဲ့အသံကို ကြားလိုက်တာကိုး။
ကိုရင်က ဆက်ပြောတယ်… “မြတ်စွာဘုရားကို သတိရလိုက်တာ အာဝါသိကဝတ်ကို မသိတဲ့ကျောင်းတိုက်ကို ရောက်တဲ့အခါ အာဂန္တုတွေ အနေရခက်တယ်လို့ မိန့်တော်မူခဲ့တာ မှန်လိုက်တာ”…တဲ့။
ဘုရားဒေသနာအတိုင်း ပြောတာကို ဆရာတော်ဦးဗုဓ်ကြားတော့… ပြာပြာသလဲနဲ့ “ထိုင်ပါကိုရင် ထိုင်ပါ ၊ အခု ငါမေးပါတယ်ကွာ ကိုရင်ဘွဲ့အမည်က ဘယ်လိုခေါ်လဲ ? ဘာကိစ္စနဲ့ ကြွလာသလဲ?” ဖြစ်ရော။
ကိုရင်ကလျှောက်တယ် “အရှင်ဘုရားက ဝိနည်း,သုတ္တန်,အဘိဓမ္မာတွေကို အာဂုံရွတ်ဆိုရင် နှစ်သက်တယ်ပြောလို့ စာလာပြန်တာပါဘုရား”လို့ လျှောက်တော့
“ကြွပါ ကိုရင်” ဆိုပြီး ချက်ချင်းပဲ နေရာထိုင်ခင်း ကိုယ်တိုင် ကျကျနန ခင်းပေးပြီး အဲဒီအခင်းပေါ်မှာ ကိုရင်ကို ထိုင်ခိုင်းပါတယ်။
ကိုရင်က ဓမ္မစကြာတရားကို ပြန်ပါတယ်။ တရားဆုံးတော့ ဆရာတော်ကြီးက “သာဓု သာဓု သာဓု” ဆိုပြီး သာဓု သုံးကြိမ် ခေါ်ဆိုပါတယ်။
ပြီးတော့ သင်္ကန်းတစ်စုံကို ရိုရိုသေသေ ကပ်လှူပါတယ်။ သင်္ကန်းလှူတာ သာမန်ကိစ္စ ထားတော့။
သင်္ကန်းလှူပြီး ဆရာတော်ဦးဗုဓ်ပြောတဲ့စကားက နမူနာထား အတုယူစရာကောင်းတဲ့ ရာဇဝင်တွင်ကျန်ရစ်တဲ့ စကားဖြစ်စေခဲ့ပါတယ်။
ရှင်ဘုရင်, အမတ်ကြီး, မဟာဒါန်ဝန်တို့အပေါ် တင်းတင်းမာမာ ပြတ်ပြတ်တောင်းတောင်း ပြောဆိုခဲ့တဲ့ ဆရာတော်က…
ကိုရင်လေးအပေါ် အနူးအညွှတ်တောင်းပန်ပြီး ပြောလိုက်တဲ့စကားက
“နောက်များ ဝိနည်းတော်နဲ့ မညီတာများတွေ့ရင် တပည့်တော်ကို ဆုံးမပါဘုရား”တဲ့။
သူတော်ကောင်းတို့ စကားဟာ ကြားရသူ နားဝမှာအေးမြစေပြီး ကြက်သီးထလောက်ပါပေတယ်….။
သူတော်ကောင်းတို့ နှလုံးသားဟာ မာကြောသင့်တဲ့နေရာမှာ သံမဏိလို မာကြောပြီး ပျော့ပြောင်းသင့်တဲ့နေရာမှာလည်း
မာန်မာနမရှိ ဖော့ဖယောင်းလို ပျော့ပြောင်းနူးညံ့လွန်းသည်မှာ အသည်းခိုက်တမျှ ဦးတိုက် ပူဇော်ထိုက်ပါပေစွတကား….။
Credit
သူရဲေကာင္းေတြရဲ႕ ႏွလုံးသားဆိုတာ ဒါကိုေခၚတာ
အင္းဝေခတ္ နန္းမေတာ္မယ္ႏု ကိုးကြယ္တဲ့ ဆရာေတာ္ ဦးဗုဓ္ဆီကို စစ္ကိုင္းက ကိုရင္ေလးတစ္ပါးလာပါတယ္။
ဘုရားရွိခိုးတယ္။ သင့္ေလ်ာ္တဲ့ ေနရာမွာထိုင္တယ္။
ဆရာေတာ္ဦးဗုဓ္က လုံးဝမၾကည့္ဘူး။ သူ႔စာသူ ဖတ္ေနတာ၊ လုံးဝ ဂ႐ုမျပဳဘူး။ ၾကာလာေတာ့ ကိုရင္ေလးက ေျပာတယ္”ျမတ္စြာဘုရားကို သတိရလိုက္တာ”…တဲ့။
ဆရာေတာ္ဦးဗုဓ္ နည္းနည္းတြန႔္သြားတယ္။ ဂ႐ု မျပဳလို႔ မျဖစ္ေတာ့ဘူး။ျမတ္စြာဘုရားဆိုတဲ့အသံကို ၾကားလိုက္တာကိုး။
ကိုရင္က ဆက္ေျပာတယ္… “ျမတ္စြာဘုရားကို သတိရလိုက္တာ အာဝါသိကဝတ္ကို မသိတဲ့ေက်ာင္းတိုက္ကို ေရာက္တဲ့အခါ အာဂႏၲဳေတြ အေနရခက္တယ္လို႔ မိန႔္ေတာ္မူခဲ့တာ မွန္လိုက္တာ”…တဲ့။
ဘုရားေဒသနာအတိုင္း ေျပာတာကို ဆရာေတာ္ဦးဗုဓ္ၾကားေတာ့… ျပာျပာသလဲနဲ႔ “ထိုင္ပါကိုရင္ ထိုင္ပါ ၊ အခု ငါေမးပါတယ္ကြာ ကိုရင္ဘြဲ႕အမည္က ဘယ္လိုေခၚလဲ ? ဘာကိစၥနဲ႔ ႂကြလာသလဲ?” ျဖစ္ေရာ။
ကိုရင္ကေလွ်ာက္တယ္ “အရွင္ဘုရားက ဝိနည္း,သုတၱန္,အဘိဓမၼာေတြကို အာဂုံ႐ြတ္ဆိုရင္ ႏွစ္သက္တယ္ေျပာလို႔ စာလာျပန္တာပါဘုရား”လို႔ ေလွ်ာက္ေတာ့
“ႂကြပါ ကိုရင္” ဆိုၿပီး ခ်က္ခ်င္းပဲ ေနရာထိုင္ခင္း ကိုယ္တိုင္ က်က်နန ခင္းေပးၿပီး အဲဒီအခင္းေပၚမွာ ကိုရင္ကို ထိုင္ခိုင္းပါတယ္။
ကိုရင္က ဓမၼစၾကာတရားကို ျပန္ပါတယ္။ တရားဆုံးေတာ့ ဆရာေတာ္ႀကီးက “သာဓု သာဓု သာဓု” ဆိုၿပီး သာဓု သုံးႀကိမ္ ေခၚဆိုပါတယ္။
ၿပီးေတာ့ သကၤန္းတစ္စုံကို ႐ို႐ိုေသေသ ကပ္လႉပါတယ္။ သကၤန္းလႉတာ သာမန္ကိစၥ ထားေတာ့။
သကၤန္းလႉၿပီး ဆရာေတာ္ဦးဗုဓ္ေျပာတဲ့စကားက နမူနာထား အတုယူစရာေကာင္းတဲ့ ရာဇဝင္တြင္က်န္ရစ္တဲ့ စကားျဖစ္ေစခဲ့ပါတယ္။
ရွင္ဘုရင္, အမတ္ႀကီး, မဟာဒါန္ဝန္တို႔အေပၚ တင္းတင္းမာမာ ျပတ္ျပတ္ေတာင္းေတာင္း ေျပာဆိုခဲ့တဲ့ ဆရာေတာ္က…
ကိုရင္ေလးအေပၚ အႏူးအၫႊတ္ေတာင္းပန္ၿပီး ေျပာလိုက္တဲ့စကားက
“ေနာက္မ်ား ဝိနည္းေတာ္နဲ႔ မညီတာမ်ားေတြ႕ရင္ တပည့္ေတာ္ကို ဆုံးမပါဘုရား”တဲ့။
သူေတာ္ေကာင္းတို႔ စကားဟာ ၾကားရသူ နားဝမွာေအးျမေစၿပီး ၾကက္သီးထေလာက္ပါေပတယ္….။
သူေတာ္ေကာင္းတို႔ ႏွလုံးသားဟာ မာေၾကာသင့္တဲ့ေနရာမွာ သံမဏိလို မာေၾကာၿပီး ေပ်ာ့ေျပာင္းသင့္တဲ့ေနရာမွာလည္း
မာန္မာနမရွိ ေဖာ့ဖေယာင္းလို ေပ်ာ့ေျပာင္းႏူးညံ့လြန္းသည္မွာ အသည္းခိုက္တမွ် ဦးတိုက္ ပူေဇာ္ထိုက္ပါေပစြတကား….။
Credit