တစ်ခါတုန်းကပေါ့။ မြို့တစ်မြို့မှာ သူတောင်းစား တစ်ယောက် ရှိတယ်။ ဆင်းဆင်းရဲရဲနဲ့ တောင်းစားနေရတာကို မကြည့်ရက်လို့ သိကြားမင်းက လူပြည်ဆင်းလာပြီး..
” အို.. အသင် လူသား.. ငါသင့်ကို ကူညီမယ်၊ ဒါပေမဲ့ သင်ဘယ်လို လုပ်မလဲ ဆိုတာကိုတော့ အမှန်အတိုင်း ပြောပါ။ ”
” ကောင်းပါပြီ သိကြားမင်း ”
” ငါနင့်ကို ပိုက်ဆံ ငါးသိန်း ပေးရင် သင်ဘာလုပ်မလဲ ” ဆိုတော့ သူတောင်းစားက စဉ်းစားပြီး..
” ဖုန်းဝယ်ပါမယ် သကြားမင်း ”
” ဖုန်းဝယ်ပြီး ဘာလုပ်မလို့လဲ ” ဆိုတော့
” သူတောင်းစား သူငယ်ချင်းတွေကို ဖုန်းဆက်ပြီး.. ဘယ်နေရာမှာ တောင်းလို့ကောင်းလဲ မေးပြီး အဲဒီ ဒီနေရာ သွားတောင်းမယ် ” တဲ့၊
ဒါနဲ့ သိကြားမင်းက အင်း ဒီငွေလောက်နဲ့ သူ့ဘဝမပြောင်းဘူး ဆိုပြီး..
” ဒါဆို သိန်းငါးဆယ် ပေးမယ်ကွာ.. မင်း ဘာလုပ်မလဲ ” ဆိုတော့ သူတောင်းစားက တချက် ထပ်တွေးလိုက်ပြီး ပြောလိုက်တယ်။
” ဆိုင်ကယ်တစ်စီး ဝယ်ပြီး တောင်းလို့ ကောင်းတဲ့နေရာတွေကို မြန်မြန် သွားတောင်းလိုက်မှာပေါ့ ” တဲ့။
သိကြားမင်းက မဖြစ်သေးပါဘူး ဆိုပြီး..
” သိန်း တစ်ရာပေးမယ်ကွာ.. ဘာလုပ်မလဲ ” မေးတော့ သူတောင်းစားက..
” ကားဝယ်ပြီး တစ်မြို့လုံး လိုက်တောင်းမယ် ” တဲ့။
သိကြားမင်းက မဖြစ်ပါဘူး..
” နောက်ဆုံးအနေနဲ့ သိန်းငါးရာပေးမယ် ဘာလုပ်မလဲ ” ဆိုတော့ သူတောင်းစားက ပျော်ပြီး..
” ဟာ.. တစ်မြို့လုံးမှာရှိတဲ့ သူတောင်းစားတွေကို ပိုက်ဆံပေး နှင်ထုတ်ပြီး တစ်မြို့လုံးကို သူတစ်ယောက်တည်း တောင်းစားမှာပေါ့ ” တဲ့..
..
သင့်ရဲ့.. အတွေးအခေါ်ဟောင်း ခံယူချက်အဟောင်းတွေကို မစွန့်နိုင်သေးသရွေ့ သူတောင်းစားဘဝက လွတ်မှာ မဟုတ်ဘူး။
ဓမ္မအလင်းရောင်
EMT
for zawgyi
ခံယူခ်က္အေဟာင္းေတြကို မစြန႔္ေသးသမ်
တစ္ခါတုန္းကေပါ့။ ၿမိဳ႕တစ္ၿမိဳ႕မွာ သူေတာင္းစား တစ္ေယာက္ ရွိတယ္။ ဆင္းဆင္းရဲရဲနဲ႔ ေတာင္းစားေနရတာကို မၾကည့္ရက္လို႔ သိၾကားမင္းက လူျပည္ဆင္းလာၿပီး..
” အို.. အသင္ လူသား.. ငါသင့္ကို ကူညီမယ္၊ ဒါေပမဲ့ သင္ဘယ္လို လုပ္မလဲ ဆိုတာကိုေတာ့ အမွန္အတိုင္း ေျပာပါ။ ”
” ေကာင္းပါၿပီ သိၾကားမင္း ”
” ငါနင့္ကို ပိုက္ဆံ ငါးသိန္း ေပးရင္ သင္ဘာလုပ္မလဲ ” ဆိုေတာ့ သူေတာင္းစားက စဥ္းစားၿပီး..
” ဖုန္းဝယ္ပါမယ္ သၾကားမင္း ”
” ဖုန္းဝယ္ၿပီး ဘာလုပ္မလို႔လဲ ” ဆိုေတာ့
” သူေတာင္းစား သူငယ္ခ်င္းေတြကို ဖုန္းဆက္ၿပီး.. ဘယ္ေနရာမွာ ေတာင္းလို႔ေကာင္းလဲ ေမးၿပီး အဲဒီ ဒီေနရာ သြားေတာင္းမယ္ ” တဲ့၊
ဒါနဲ႔ သိၾကားမင္းက အင္း ဒီေငြေလာက္နဲ႔ သူ႔ဘဝမေျပာင္းဘူး ဆိုၿပီး..
” ဒါဆို သိန္းငါးဆယ္ ေပးမယ္ကြာ.. မင္း ဘာလုပ္မလဲ ” ဆိုေတာ့ သူေတာင္းစားက တခ်က္ ထပ္ေတြးလိုက္ၿပီး ေျပာလိုက္တယ္။
” ဆိုင္ကယ္တစ္စီး ဝယ္ၿပီး ေတာင္းလို႔ ေကာင္းတဲ့ေနရာေတြကို ျမန္ျမန္ သြားေတာင္းလိုက္မွာေပါ့ ” တဲ့။
သိၾကားမင္းက မျဖစ္ေသးပါဘူး ဆိုၿပီး..
” သိန္း တစ္ရာေပးမယ္ကြာ.. ဘာလုပ္မလဲ ” ေမးေတာ့ သူေတာင္းစားက..
” ကားဝယ္ၿပီး တစ္ၿမိဳ႕လုံး လိုက္ေတာင္းမယ္ ” တဲ့။
သိၾကားမင္းက မျဖစ္ပါဘူး..
” ေနာက္ဆုံးအေနနဲ႔ သိန္းငါးရာေပးမယ္ ဘာလုပ္မလဲ ” ဆိုေတာ့ သူေတာင္းစားက ေပ်ာ္ၿပီး..
” ဟာ.. တစ္ၿမိဳ႕လုံးမွာရွိတဲ့ သူေတာင္းစားေတြကို ပိုက္ဆံေပး ႏွင္ထုတ္ၿပီး တစ္ၿမိဳ႕လုံးကို သူတစ္ေယာက္တည္း ေတာင္းစားမွာေပါ့ ” တဲ့..
..
သင့္ရဲ႕.. အေတြးအေခၚေဟာင္း ခံယူခ်က္အေဟာင္းေတြကို မစြန႔္ႏိုင္ေသးသေ႐ြ႕သူေတာင္းစားဘဝက လြတ္မွာ မဟုတ္ဘူး။
ဓမၼအလင္းေရာင္
EMT