ဗဟုသုတ

လူတော်တော် များများမသိသေးတဲ့ ” ပံ့ သ ကူ ” ရဲ့အနက်အဓိပ္ပါယ် ” ..

” ပံ့ သ ကူ ” ရဲ့အနက်အဓိပ္ပါယ် ” ..” ပံ့သကူ “ဆိုတဲ့…စကားလုံးလေးဟာ…

အတော်များများ ကြားဘူးကြပြီးသားဖြစ်ပြီး…မြန်မာတွေနားနဲ့ မစိမ်းလှပါဘူး….။

သို့သော်လည်း…..ပံ့သကူနဲ့ပတ်သက်ပြီးတော့….လူအများနားလည်ထားကြတာကတော့….

အခါကြီး ရက်ကြီးတွေမှာ….လမ်းဆုံလမ်းခွတွေ လူသူလေးပါးအသွားအလာများတဲ့နေရာတွေမှာ မနက်အစောကြီး(ကျီးမနိုးခင်)ထပြီးမည်သူမျှမမြင်အောင် ငွေ/ပစ္စည်း တခုခုကို ပစ်ချထားခဲ့ရမယ်…

ဒီလို ပြုလုပ်ခြင်းအားဖြင့်….ပြုလုပ်သူမှာလည်း ငွေကြေးဥစ္စာတွေတိုးပွားလာလိမ့်မယ်……

ဆိုတာလောက်ကိုဘဲ…အများစုက ကြားဘူးနားဝရှိနေခဲ့ကြတာဖြစ်ပါတယ်။

ဒါဟာ…..တစိတ်တပိုင်းအနေနဲ့တော့ မှန်ပါသော်လည်း..တကယ့်ပံ့သကူ အစစ်ရဲ့ အဓိပ္ပါယ် ရည်ရွယ်ချက်အပြည့်အစုံကတော့….ဒီထက်မက အဓိပ္ပါယ် ခံယူချက်ရည်ရွယ်ချက်က များစွာ ကျယ်ပြန့်လှပါတယ်။

ဒါကြောင့်…..ပံ့သကူရဲ့ ရည်ရွယ်ချက် အဓိပ္ပါယ် နှင့်ပြုလုပ်ရမယ့်အချိန်အခါတွေကို တိတိကျကျသိရှိကြရအောင်လို့ အနည်းငယ်မျှရေးသားပေးပါရစေ။

ပံ့သကူရဲ့…တကယ့်အနက်အစစ်က. ပံသုကူလ ဆိုတဲ့…ပါဠိစကားကနေ ဆင်းသက်လာခဲ့တာဖြစ်ပြီး. ပံသုကူလ ပံသုကူ ထိုမှတဆင့် ပံ့သကူ လို့….ခေါ်ဝေါ်လာခဲ့ကြတာဖြစ်ပါတယ်…..

((ပံသုဆိုတဲ့ပုဒ်က မြေကြီး ဖြစ်ပါတယ်))အဓိပ္ပါယ်ကတော့ ပါပံသုကူလ…မြေမှုန့်ကဲ့သို့စက်ဆုတ်ဖွယ်ကောင်းသောအဝတ် လို့အဓိပ္ပါယ်ရပါတယ်။

ရှေးယခင်…..မြတ်ဘုရားသက်တော်ထင်ရှားရှိစဉ်အခါက..ရဟန်းတော်တို့ဟာ သင်္ကန်းအတွက်….လူတို့စွန့်ပစ်ထားတဲ့ အဝတ်စတွေကို ရှာဖွေကြရပါတယ်

ဒီလိုရှာဖွေကြရတဲ့အခါ….အဝတ်စအများစုကိုတွေ့နိုင်ရနိုင်တာကများသောအားဖြင့် အမှိုက်ပုံနဲ့ သချိုင်းကုန်း ၂နေရာသာဖြစ်ပါတယ်….ဘာလို့လည်းဆိုတော့….

လူတွေက မိမိတို့မလိုချင်တော့တဲ့ မဝတ်ချင်တော့တဲ့ဝတ်မရတော့လောက်အောင် ပျက်စီးနေတဲ့ အဝတ်အထည်တွေကို အမှိုက်ပုံသို့ စွန့်ပစ်လေ့ရှိကြပြီး…

ထိုခေတ်အခါက. လူတွေသေလွန်ကြတဲ့အခါ…အလောင်းကောင်ကို အဝတ်ပတ်ပြီးသုသာန်တစပြင်မှာလာပစ်ထားကြလို့ဘဲဖြစ်ပါတယ်။

ရဟန်းတော်တို့ဟာ..ဒီလိုလာပစ်ထားကြတဲ့ အဝတ်အထည်စတွေကိုကောက်ယူပြီးမှ သစ်ခေါက်ရည်ဆိုးခြင်း ချုပ်လုပ်ခြင်းစသည်တို့ကိုပြုလုပ်ကြရပြီး….သင်္ကန်းအဖြစ်နဲ့ဝတ်ရုံဆင်မြန်းခဲ့ကြရတာဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီသင်္ကန်းမျိုးကိုလည်း ပံသုကူလစီဝရံ ပံ့သကူသင်္ကန်း လို့ ခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။

(ဒီနေရာမှာ အများစုအလွယ်နားလည်အောင် ဒဲ့ပြောရရင်တော့…ပံ့သကူဆိုတာ လူတို့စွန့်လွတ်လိုက်သောဝတ္ထုပစ္စည်း(သို့) ပိုင်ရှင်မရှိတော့သောစွန့်ပစ်ပစ္စည်းလို့ဆိုရင် ပိုမိုနားလည်လွယ်ပါလိမ့်မယ်….ဤကားစကားချပ်)

ဒီလောက်ဆိုရင်…ပံ့သကူရဲ့အနက်အဓိပ္ပါယ်ကို မိတ်ဆွေများအနေနဲ့အတော်အတန်သိရှိကြလောက်ပါပြီ။

အခုဖော်ပြခဲ့တာတွေကတော့….ပံ့သကူရဲ့အနက်အဓိပ္ပါယ်တွေဘဲဖြစ်ပြီး…..ဒီနေရာမှာ…အထူးသတိထားသင့်တာလေး တစ်ခုကတော့…

လူတွေရဲ့ …….အဝတ်အထည်တွေကို စွန့်ပစ်ကြမှုဟာ…ရဟန်းတော်တို့ကိုသင်္ကန်းအဖြစ်ရရှိကြစေဖို့ရာရည်ရွယ်တာမဟုတ်ဘဲ…..မိမိတို့မလိုချင်တော့လို့ဝတ်မရလောက်အောင်ပျက်စီးသွားလို့…

လူသေသွားလို့ ထုံးစံအရ အလောင်းကောင်ကိုလူမမြင်အောင်လို့သာ…အဝတ်တွေကိုစွန့်ပစ်ခဲ့ကြတာဖြစ်ပါတယ်…..

ဒါဆိုရင် ရဟန်းတော်တို့ သင်္ကန်းအဖြစ် စီမံချုပ်လုပ်ဝတ်ရုံလို့ရအောင်ရည်ရွယ်ပြီးတော့…

တမင်တကာပံ့သကူပစ်ထားခဲ့တာရော ရှိခဲ့ပါသလားဆိုရင်တော့…..ရှိခဲ့ပါတယ်လို့ဘဲ ဖြေရပါလိမ့်မယ်….ရှိခဲ့တာမှ….လူတောင်မဟုတ်ပါဘူး နတ်သမီးတစ်ပါးဖြစ်ပါတယ်။

ဒါသည်ပင်လျှင် ပံ့သကူပစ်ခြင်းရဲ့အစလည်းဖြစ်တာမို့ဒါလေးကိုလည်း သိသာရုံမျှ…ပြောပြပါရစေ။

ပံ့သကူပစ်ခြင်းအစ အခါတစ်ပါးမှာ…အရှင်အနုရုဒ္ဓါမထေရ်မြတ်ကြီး ဟာ ဝတ်ရုံထားတဲ့သင်္ကန်းက အတော်ဟောင်းနွမ်းနေပြီဖြစ်တဲ့အတွက် အမှိုက်ပုံတွေမှာ…ပံ့သကူအဝတ် အရှာထွက်ခဲ့ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ဘဲ ထိုနေ့ဟာလည်း တန်ဆောင်မုန်းလပြည့်နေ့ရဲ့_နံနက်အစောပိုင်းအချိန်အခါဖြစ်ပါတယ်။

ဒါကို ကြိုတင်သိမြင်နေခဲ့တဲ့ ဘဝဟောင်းတုန်းကဇနီးမယားတော်စပ်ခဲ့ဖူးသူဖြစ်သော. ဇာလိနီနတ်သမီး ဟာသူကိုယ်တိုင်လှူတန်းရင်(နတ်ဝတ်တန်ဆာတွေမို့) မထေရ်ကြီးက အလှူမခံမှာကို သိတဲ့အတွက်….

မထေရ်ကြီးရောက်ရှိလာမယ့် အမှိုက်ပုံအနီးနားမှာ…နတ်အဝတ်၃ထည်ကို မသိမသာစွန့်ပစ်လှူထားခဲ့ရာကနေ စပြီး….ပံ့သကူပစ်ခြင်းဓလေ့ အစပြုခဲ့တာဖြစ်တယ်လို့ကျမ်းအချို့မှာ ပြဆိုထားပါတယ်။

ဒါ့ကြောင့်…ပံ့သကူအစ_ဇာလိနီက လို့တောင်ဆိုစမှတ်ပြုခဲ့ကြပါတယ်လို့ အသိပေးလိုက်ပါတယ်။။

အထက်မှာဖော်ပြခဲ့သလိုဘဲ….ဇာလိနီနတ်သမီးရဲ့တန်ဆောင်မုန်းလပြည့်နေ့မနက်အစောမှာအဝတ်အထည်ပံ့သကူပစ်ခြင်းကိုအကြောင်းပြုပြီး….

အခုခေတ်အခါကာလတွေမှာလည်း….တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း လပြည့်နေ့မနက်အစောပိုင်းအချိန်ကာလတွေမှာ…လူသူလေးပါးကင်းဆိတ်ချိန်ကိုရွေးပြီး….

လူမြင်သာတဲ့လမ်းဆုံလမ်းခွနေရာမျိုးတွေမှာ…ငွေအဝတ်အထည်_စသည်တို့ကိုစွန့်ချထားခဲ့ကြပြီး အယုတ်အလတ်အမြတ်မရွေးမြင်တွေ့သူတို့ရကြပါစေ…..။

ရရှိပြီးလည်းဝမ်းမြောက်ပျော်ရွှင်နိုင်ကြပါစေ လို့ …အနှောင်အဖွဲ့ကင်းတဲ့ ကုသိုလ်ဒါနစိတ်တွေနဲ့….ပံ့သကူပစ်(ပေးလှူ)နေကြတာဖြစ်ပါတယ်….။

မှတ်ချက်ပံသကူမှန်းသိအောင်_ပစ္စည်းမှာ ။။ပံ့သကူလို့စာရေးသားချိတ်ဆွဲထားကြစေလိုပါတယ်။ တတ်နိုင်သူတွေက လေးနေရာလောက်ကို ပံ့သကူပစ်ကြပါ များများပစ်လေ ကောင်းလေပါဘဲ။

ပစ်တဲ့အခါမှာ.ငွေဆိုလည်း ၁၀၀၀/၅၀၀၀/၁၀၀၀၀/၁၀၀၀၀၀ စသည်ဖြင့် မိမိတတ်စွမ်းသလို.

အဝတ်အထည်ဆိုလည်း လတ်ဆတ်သစ်လွင်သောအဝတ်အထည်မျိုးစသည်ဖြင့် ဖြစ်ကြစေလိုပါတယ်….

ဒါမှ အကျိုးပိုကြီးမှာဖြစ်ပါကြောင်းနဲ့….ငွေနဲ့အတူ အဝတ်အထည်လည်း ..မပါမဖြစ်ပါရပါမယ်လို့….ပြောပါရစေ ။

အရေးကြီးတဲ့အချက်…ပံ့သကူနဲ့ပတ်သက်ပြီးအရေးအကြီးဆုံးအချက်နဲ့ကုသိုလ်အရစေဆုံး ကုသိုလ်အကြီးစေဆုံးတစ်ချက်ကိုမိတ်ဆွေများသိစေဖို့ နောက်ဆုံးအနေနဲ့ အသိပေးပြောကြားပါရစေ။

အဲဒါကတော့….ရဟန်းတော်တို့သီတင်းသုံးကြတဲ့…ဘုန်းကြီးကျောင်းတွေမှာမဖြစ်မနေ((ရဟန်းတော်တို့ မြင်သာမယ့်နေရာမျိုးပေါ့))ရဟန်းတော်တို့နဲ့ပတ်သက်တဲ့…ထီး ဖိနပ် ယပ် သင်္ကန်းဆွမ်းဆန် ပိဋကတ်၃ပုံစာအုပ် ကျမ်းစာအုပ်((ဝတ္ထုငွေလုံးဝမပါရ)) စသည်ဖြင့်…

ရဟန်းတော်တို့နဲ့အပ်စပ်ရာကိုပံသကူအလှူပါဘုရားလို့စာရေးသားပြီး..

အခင်း၁ခုဖြင့် ပံ့သကူထားပေးကြမယ်ဆိုရင်တော့….ဒီပံ့သကူဟာသာမန်ပံ့သကူမျိုးမဟုတ်တော့ဘဲလွန်စွာအကျိုးကြီးသော…..

မဟာပံ့သကူဖြစ်ပါကြောင်း….အသိပေးပြောကြားရင်းနဲ့…..လူတို့အား စွန့်လှူသော ပံ့သကူကုသိုလ်ဒါနသည်၎င်းရဟန်းတော်တို့အားပေးလှူသော..

မဟာပံ့သကူ ကုသိုလ်ဒါနသည်၎င်း.ရရှိကြသူ ရဟန်းရှင်လူအပေါင်းတို့အားမထင်မှတ်ဘဲ လွန်စွာအံ့ဩဝမ်းသာကြည်နူးစေသည့်ကုသိုလ်ဖြစ်သည့်အတွက်….

တူသောအကျိုးအနေဖြင့် ထိုသို့ ပံ့သကူဒါနကိုပြုခဲ့ကြသူတို့မှာလည်း ငွေကြေးအဝတ်အထည်စည်းစိမ်ဥစ္စာတို့ဟာ ထီပေါက်သလိုမျိုး ဝမ်းသာစရာကောင်းလောက်အောင်အံ့ဩစရာကောင်းလောက်အောင် အရပ်လေးမျက်နှာကနေ မထင်မှတ်ထားဘဲနဲ့ကြိုတင်မမျှော်လင့်ထားဘဲနဲ့ ဝင်လာမစဲ တသဲသဲဖြစ်လာကြမှာ ရရှိလာကြမှာဖြစ်ပါတယ်လို့အသိပေးလိုပါတယ်။

သို့သော်…..ဒီနေရာမှာ.မဖြစ်မနေသိထားရမှာကတော့..ပံ့သကူပစ်တဲ့အခါ….မိမိရဲ့အကျိုးစီးပွားဖြစ်ထွန်းဖို့ဆိုတဲ့စိတ်မျိုးနဲ့တော့မပစ်ပါနဲ့…အဲဒီလိုစိတ်နဲ့ပစ်ရင်တော့…ထားရှိတဲ့စိတ်က အကြောင်းမမှန်တာကြောင့် အကျိုးပေးလည်းမသန်တော့ပါဘူး….

အယုတ်အလတ်အမြတ်မရွေး မိမိပေးလှူတဲ့ပံ့သကူကြောင့် ရရှိသွားကြသူတို့ အဆင်ပြေကြပါစေဝမ်းမြောက်ကြည်နူးပျော်ရွှင်ကြပါစေဆိုတဲ့….ကုသိုလ်စေတနာစိတ်မျိုးနဲ့သာပေးလှူပါမှ ပံသကူအစစ်လည်းဖြစ်ပြီးအကျိုးလည်းကြီးစွာပေးပါလိမ့်မယ်ဆိုတာ…

ကြပ်ကြပ် သတိချပ်ကြဖို့ လိုပါတယ်လို့……ပြောကြားရင်း…..သူတစ်ပါးကိုထီပေါက်သလိုဝမ်းသာရအောင်မလုပ်ပေးခဲ့ဘူးဘဲနဲ့တော့မိမိကိုယ်တိုင်လည်း. ထီပေါက်သလို_ဝမ်းသာခွင့်ရဖို့မဖြစ်နိုင်ပါဘူး……

ဆိုတဲ့…..ဓမ္မဓိဌာန်ကျကျ စကားလေးနဲ့အတူ….စာလေးကိုနိဂုံးချုပ်လိုက်ပါတယ်။“ချမ်းမြေ့ပါစေ-မေတ္တာရည်လျက်”credit to original uploader.