အမေရိကန်တစ်ဒေါ်လာ ၂၂၃၅ ကျပ်၊ အခေါက်ရွှေတစ်ကျပ်သား သိန်း ၂၀ နီးပါးရောက်ရှိ
ပြည်တွင်းစီးပွားရေးဈေးကွက်တွင် စက်တင်ဘာလ ၂၇ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် အမေရိကန်တစ်ဒေါ် လာလျှင် မြန်မာကျပ်ငွေ ၂၂၃၅ ကျပ်၊ အခေါက်ရွှေတစ်ကျပ်သား ၁၉၈၄၀၀၀ ကျပ်( သိန်း ၂၀ နီးပါး) ရောက်ရှိနေပြီဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။…
“ဒေါ်လာကတော့ အဝယ်ပဲရှိတယ်။ အဝယ်များတယ်။ အရောင်းလည်း မျှပေမယ့် ရောင်းသူတော့ နည်းပါတယ်။ ခုက တစ်ဒေါ်လာကို ၂၂၃၅ ကျပ်နဲ့ ၂၂၅၀( ငွေလဲဒိုင်များက ဒေါ်လာ လာဝယ်သူများထံသို့ ရောင်း ဈေး) အတွင်းမှာ ရောင်းပေးတယ်။ရှေ့ဆက်တက်မယ်လို့ပဲ မြင်ရပါတယ်။ ဒေါ်လာ တန်ဖိုး ပြန်ကျဖို့ကတော့ ခက်မယ်ထင်ပါတယ်” ဟု ရန်ကုန်ငွေလဲဒိုင်တစ်ဦးက ပြောသည်။…
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ စက်တ င်ဘာလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ် အဖွင့်ဈေးမှာ အကယ်ဒမီမီးလင်းရွှေဈေး တစ်ကျပ်သားလျှင် ၁၉၈၄၀၀၀ (တစ်ဆယ့် ကိုးသိန်း ရှစ်သောင်း လေးထောင်)ရှိပြီး ဈေးကွက်အတွင်းတွင် အခေါက်ရွှေတစ်ကျပ်သား ၁၉၉၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ် လုပ်နေကြောင်း သိရှိရသည်။…
“တချို့ရွှေဆိုင်ကတော့ မီးလင်းရွှေ တစ်ပိုင်း(တစ်ဆယ်သား) ချက်ချင်းလိုချင်ရင် တစ်ကျပ်သား သိန်း ၂၀ နဲ့ ရောင်းပေးနေတာရှိတယ်။ ပုံမှန်ဈေးနဲ့ဆိုရင်တော့ ၅ ရက်လောက် စောင့်ပြီးမှ ရွှေရတယ်။ ရွှေဝယ်သူက တော့ တန်းစီနေတာပါပဲ။ဖုန်းနဲ့ဆက်၊ ငွေချေပြီး ကြိုဝယ်တာလည်းများတယ်” ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။…
အေမရိကန္တစ္ေဒၚလာ ၂၂၃၅ က်ပ္၊ အေခါက္ေ႐ႊတစ္က်ပ္သား သိန္း ၂၀ နီးပါးေရာက္ရွိ
ျပည္တြင္းစီးပြားေရးေဈးကြက္တြင္ စက္တင္ဘာလ ၂၇ ရက္ေန႔ မြန္းတည့္ ၁၂ နာရီတြင္ အေမရိကန္တစ္ေဒၚ လာလွ်င္ ျမန္မာက်ပ္ေငြ ၂၂၃၅ က်ပ္၊ အေခါက္ေ႐ႊတစ္က်ပ္သား ၁၉၈၄၀၀၀ က်ပ္( သိန္း ၂၀ နီးပါး) ေရာက္ရွိေနၿပီျဖစ္ေၾကာင္း ေဈးကြက္အတြင္းမွ စုံစမ္းသိရွိရသည္။…
“ေဒၚလာကေတာ့ အဝယ္ပဲရွိတယ္။ အဝယ္မ်ားတယ္။ အေရာင္းလည္း မွ်ေပမယ့္ ေရာင္းသူေတာ့ နည္းပါတယ္။ ခုက တစ္ေဒၚလာကို ၂၂၃၅ က်ပ္နဲ႔ ၂၂၅၀( ေငြလဲဒိုင္မ်ားက ေဒၚလာ လာဝယ္သူမ်ားထံသို႔ ေရာင္း ေဈး) အတြင္းမွာ ေရာင္းေပးတယ္။ေရွ႕ဆက္တက္မယ္လို႔ပဲ ျမင္ရပါတယ္။ ေဒၚလာ တန္ဖိုး ျပန္က်ဖို႔ကေတာ့ ခက္မယ္ထင္ပါတယ္” ဟု ရန္ကုန္ေငြလဲဒိုင္တစ္ဦးက ေျပာသည္။…
ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း၏ စက္တ င္ဘာလ ၂၇ ရက္ေန႔ နံနက္ ၁၁ နာရီ ၅၀ မိနစ္ အဖြင့္ေဈးမွာ အကယ္ဒမီမီးလင္းေ႐ႊေဈး တစ္က်ပ္သားလွ်င္ ၁၉၈၄၀၀၀ (တစ္ဆယ့္ ကိုးသိန္း ရွစ္ေသာင္း ေလးေထာင္)ရွိၿပီး ေဈးကြက္အတြင္းတြင္ အေခါက္ေ႐ႊတစ္က်ပ္သား ၁၉၉၀၀၀၀ က်ပ္ျဖင့္ အေရာင္းအဝယ္ လုပ္ေနေၾကာင္း သိရွိရသည္။…
“တခ်ိဳ႕ေ႐ႊဆိုင္ကေတာ့ မီးလင္းေ႐ႊ တစ္ပိုင္း(တစ္ဆယ္သား) ခ်က္ခ်င္းလိုခ်င္ရင္ တစ္က်ပ္သား သိန္း ၂၀ နဲ႔ ေရာင္းေပးေနတာရွိတယ္။ ပုံမွန္ေဈးနဲ႔ဆိုရင္ေတာ့ ၅ ရက္ေလာက္ ေစာင့္ၿပီးမွ ေ႐ႊရတယ္။ ေ႐ႊဝယ္သူက ေတာ့ တန္းစီေနတာပါပဲ။ဖုန္းနဲ႔ဆက္၊ ေငြေခ်ၿပီး ႀကိဳဝယ္တာလည္းမ်ားတယ္” ဟု ေ႐ႊဆိုင္ပိုင္ရွင္တစ္ဦးက ဆိုသည္။…