UNICODE
ဒီနှစ်ဟာ အိမ်ထောင်ကျဖို့ကံပေါ်ထွန်းနေပါတယ်။ အိမ်ထောင်ရုတ်တရတ် ကျတတ်တာမျိုး ဖြစ်နိုင်သလို ရည်ရွယ်ထားသူများကတော့ ကြီးကျယ်ခမ်းနားစွာ မင်္ဂလာဆောင်ဖြစ်ပါလိမ့်မယ်
တနင်္လာ သားသမီးတွေအတွက် တစ်နှစ်စာ အချစ်ရေး၊ အိမ်ထောင်ရေး
တနင်္လာသားသမီးများအတွက် ၂၀၂၂ တစ်နှစ်စာဟောကိန်း
တနင်္လာ သားသမီးတွေ အတွက် ၂၀၂၂က ပျော်စရာနှစ်သစ် ဖြစ်လာပါလိမ့်မယ်။ ပျော်ရွှင်စရာ စိတ်ချမ်းမြေ့စရာ ကြည်နူးစရာကာလပါပဲ။ အပေါင်းအသင်းမိတ်ဆွေသစ်တိုးပွားခြင်း၊ လူချစ်လူခင်များခြင်း၊ မျက်နှာပွင့်ခြင်းမျိုးတွေလည်း ကြုံရပါလိမ့်မယ်။
ခရီးသွားရခြင်း၊ အထူးသဖြင့် မိမိတစ်သက် မရောက်ဖူးသေးတဲ့ ဒေသမျိုးသွားရောက် လည်ပတ်ရတတ်ပါတယ်။ ခရီးများမယ့်နှစ်ပါပဲ။ အားလုံးကို အပြုံးလေးနဲ့ မေတ္တာတရားနဲ့ ဆက်ဆံမယ်ဆိုရင် ကံကောင်းသထက် ကောင်းလာပြီးတော့ ပျော်စရာနှစ်သစ်ဖြစ်လာပါလိမ့်မယ်။
အချစ်ရေး
ဒီနှစ်က ချစ်သူခင်သူ ပေါများမယ့်နှစ်ပါပဲ။ မိန်းကလေးတွေအနေနဲ့ purpose လုပ်တာခံရမယ့်နှစ်ပါ။ယောကျာ်းလေးတွေ အနေနဲ့ကလည်း ရေလာမြောင်းပေးပြောတာမျိုး ကြုံရတတ်ပါတယ်။ ဒါပေမဲ့ လက်ရှိချစ်သူရှိနေတဲ့ စုံတွဲတွေအနေနဲ့ကတော့ sensitive အရမ်းဖြစ်တဲ့ စိတ်အခြေအနေ ဖြစ်ပေါ်နေတတ်ပါတယ်။ မိမိချစ်သူ တစိမ်းကောင်လေးတစ်ယောက်နဲ့ တွဲသွားတာမြင်တာနဲ့ အကြီးအကျယ်ပေါက်ကွဲပြီး ပြဿနာရှာတတ်တဲ့ စိတ်မျိုးဖြစ်တတ်ပါတယ်။
မိန်းကလေးလည်း မိမိကောင်လေးတစ်ခြားကောင်မလေးနဲ့ တစ်ပူးတွဲတွဲမြင်တာနဲ့ စိတ်ဆိုးစိတ်ကောက်ပြီး ပြဿနာရှာတတ်တာမျိုး ဖြစ်နေတတ်ပါတယ်။ ဒါက သတိထားစရာပါ။ ချစ်သူနဲ့ လမ်းခွဲရသည်အထိဖြစ်သွားတတ်လို့ပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာပြီး အဆက်အသွယ်ပြတ်နေတဲ့ချစ်သူနဲ့ ပြန်လည် ဆုံဆည်းရတတ်ပါတယ်။ ဒီနှစ်ဟာ အိမ်ထောင်ကျဖို့ကံပေါ်ထွန်းနေပါတယ်။ အိမ်ထောင်ရုတ်တရတ် ကျတတ်တာမျိုး ဖြစ်နိုင်သလို ရည်ရွယ်ထားသူများကတော့ ကြီးကျယ်ခမ်းနားစွာ မင်္ဂလာဆောင်ဖြစ်ပါလိမ့်မယ်။ လက်ထပ်ဖို့ အကြောင်းပြချက်ပေးပြီး ရက်ရွှေ့နေတဲ့ ချစ်သူကို ဒီနှစ်နားဝင်အောင်ပြောနိုင်ပါလိမ့်မယ်။
အိမ်ထောင်ရေး
ဒီနှစ်ပိုင်းက အိမ်ထောင်ရေးကံ အညံ့အဆိုး နည်းတယ်ပေါ့ဗျာ။ အိမ်ထောင်ဘက်ကို ဆွေးနွေးညှိနှိုင်းလို့ အဆင်ပြေမယ့် အကောင်းဆုံးနှစ်ပါပဲ။ မိမိဖြစ်ချင်တဲ့ ဆန္ဒတွေကို မိမိလိုချင်တဲ့ အကြောင်းအရာတွေကို ပြောပြပြီး မိမိလိုရာ သိမ်းသွင်းနိုင်မှာပါ။ ဒီနှစ်က အိမ်ထောင်ဘက်နဲ့ မောင်တစ်ရွာ၊မယ်တစ်မြို့ ဆိုတာမျိုး နေရတတ်ပါတယ်။
အိမ်ထောင်ဘက်က တာဝန်ကျရာ နေရာမျိုးသွားနေရတာမျိုးပဲ ဖြစ်ဖြစ် ၊ မိမိကိုယ်တိုင် သွားရတာမျိုးပဲဖြစ်ဖြစ် ခွဲနေရဖို့များပါတယ်။ အဲလိုခွဲနေရတာကောင်းပါတယ်။ အတူတူနေရတဲ့ အိမ်ထောင်ရှင်တွေ ခဏခဏ စကားများရတာမျိုးတော့ရှိတယ်။ အဲလိုဖြစ်တယ်ဆိုလဲ တစ်ပတ်တစ်ခါလောက် အိမ်ထောင်ဘက်နဲ့ ခွဲအိပ်လိုက်ပါဗျာ။
၂၀၂၂ တစ်နှစ်တာလုံးအတွက် ကံကောင်း ကံမြင့်စေဖို့
အကျိုးပေးဂဏန်းများ – ၂/၃/၅/၁
အကျိုးပေးနေ့နံများ – သောကြာ၊ကြာသပတေး၊အင်္ဂါ
အကျိုးပေးအရောင်များ – ပန်းရောင်၊အရောင်နုများ၊ အဖြူရောင်၊ အရောင်ပြောက်များ
ယတြာ
* မြတ်စွာဘုရားအား ပန်းအဖြူတွေ များများလှူပေးပါ။ အထူးသဖြင့် စံပယ်ပန်းဆို ပိုကောင်းပါတယ်။
* နီးစပ်ရာ စေတီပုထိုးမှာ ညလုံးပေါက် လျှပ်စစ်မီးများ ပူဇော်ကုသိုလ်ယူပါ။
*ခဏခဏ ငွေ၂၀၀ ပံ့သကူပစ်ပါ။
*ဆပ်ပြာ အမွှေးတုံးလေးတွေ ရဟန်းသံဃာတွေကို လှူဒါန်းပါ။
*အိမ်မှာ လျှပ်စစ်မီးကြိုးအဟောင်း ၊ ကျွမ်းနေတဲ့ မီးချောင်း၊ မီးလုံးတွေ ရှိရင် စွန့်ပစ်ပါ။
*ပရိတ်ပဋ္ဌာန်းများများ ရွတ်ဆိုပူဇော်ပါ။
(၇)ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
CRD
Zawgyi
ဒီႏွစ္ဟာ အိမ္ေထာင္က်ဖို႔ကံေပၚထြန္းေနပါတယ္။ အိမ္ေထာင္႐ုတ္တရတ္ က်တတ္တာမ်ိဳး ျဖစ္ႏိုင္သလို ရည္႐ြယ္ထားသူမ်ားကေတာ့ ႀကီးက်ယ္ခမ္းနားစြာ မဂၤလာေဆာင္ျဖစ္ပါလိမ့္မယ္
တနလၤာ သားသမီးေတြအတြက္ တစ္ႏွစ္စာ အခ်စ္ေရး၊ အိမ္ေထာင္ေရး
တနလၤာသားသမီးမ်ားအတြက္ ၂၀၂၂ တစ္ႏွစ္စာေဟာကိန္း
တနလၤာ သားသမီးေတြ အတြက္ ၂၀၂၂က ေပ်ာ္စရာႏွစ္သစ္ ျဖစ္လာပါလိမ့္မယ္။ ေပ်ာ္႐ႊင္စရာ စိတ္ခ်မ္းေျမ့စရာ ၾကည္ႏူးစရာကာလပါပဲ။ အေပါင္းအသင္းမိတ္ေဆြသစ္တိုးပြားျခင္း၊ လူခ်စ္လူခင္မ်ားျခင္း၊ မ်က္ႏွာပြင့္ျခင္းမ်ိဳးေတြလည္း ႀကဳံရပါလိမ့္မယ္။
ခရီးသြားရျခင္း၊ အထူးသျဖင့္ မိမိတစ္သက္ မေရာက္ဖူးေသးတဲ့ ေဒသမ်ိဳးသြားေရာက္ လည္ပတ္ရတတ္ပါတယ္။ ခရီးမ်ားမယ့္ႏွစ္ပါပဲ။ အားလုံးကို အၿပဳံးေလးနဲ႔ ေမတၱာတရားနဲ႔ ဆက္ဆံမယ္ဆိုရင္ ကံေကာင္းသထက္ ေကာင္းလာၿပီးေတာ့ ေပ်ာ္စရာႏွစ္သစ္ျဖစ္လာပါလိမ့္မယ္။
အခ်စ္ေရး
ဒီႏွစ္က ခ်စ္သူခင္သူ ေပါမ်ားမယ့္ႏွစ္ပါပဲ။ မိန္းကေလးေတြအေနနဲ႔ purpose လုပ္တာခံရမယ့္ႏွစ္ပါ။ေယာက်ာ္းေလးေတြ အေနနဲ႔ကလည္း ေရလာေျမာင္းေပးေျပာတာမ်ိဳး ႀကဳံရတတ္ပါတယ္။ ဒါေပမဲ့ လက္ရွိခ်စ္သူရွိေနတဲ့ စုံတြဲေတြအေနနဲ႔ကေတာ့ sensitive အရမ္းျဖစ္တဲ့ စိတ္အေျခအေန ျဖစ္ေပၚေနတတ္ပါတယ္။ မိမိခ်စ္သူ တစိမ္းေကာင္ေလးတစ္ေယာက္နဲ႔ တြဲသြားတာျမင္တာနဲ႔ အႀကီးအက်ယ္ေပါက္ကြဲၿပီး ျပႆနာရွာတတ္တဲ့ စိတ္မ်ိဳးျဖစ္တတ္ပါတယ္။
မိန္းကေလးလည္း မိမိေကာင္ေလးတစ္ျခားေကာင္မေလးနဲ႔ တစ္ပူးတြဲတြဲျမင္တာနဲ႔ စိတ္ဆိုးစိတ္ေကာက္ၿပီး ျပႆနာရွာတတ္တာမ်ိဳး ျဖစ္ေနတတ္ပါတယ္။ ဒါက သတိထားစရာပါ။ ခ်စ္သူနဲ႔ လမ္းခြဲရသည္အထိျဖစ္သြားတတ္လို႔ပါပဲ။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ခြဲခြာၿပီး အဆက္အသြယ္ျပတ္ေနတဲ့ခ်စ္သူနဲ႔ ျပန္လည္ ဆုံဆည္းရတတ္ပါတယ္။ ဒီႏွစ္ဟာ အိမ္ေထာင္က်ဖို႔ကံေပၚထြန္းေနပါတယ္။ အိမ္ေထာင္႐ုတ္တရတ္ က်တတ္တာမ်ိဳး ျဖစ္ႏိုင္သလို ရည္႐ြယ္ထားသူမ်ားကေတာ့ ႀကီးက်ယ္ခမ္းနားစြာ မဂၤလာေဆာင္ျဖစ္ပါလိမ့္မယ္။ လက္ထပ္ဖို႔ အေၾကာင္းျပခ်က္ေပးၿပီး ရက္ေ႐ႊ႕ေနတဲ့ ခ်စ္သူကို ဒီႏွစ္နားဝင္ေအာင္ေျပာႏိုင္ပါလိမ့္မယ္။
အိမ္ေထာင္ေရး
ဒီႏွစ္ပိုင္းက အိမ္ေထာင္ေရးကံ အညံ့အဆိုး နည္းတယ္ေပါ့ဗ်ာ။ အိမ္ေထာင္ဘက္ကို ေဆြးေႏြးညႇိႏႈိင္းလို႔ အဆင္ေျပမယ့္ အေကာင္းဆုံးႏွစ္ပါပဲ။ မိမိျဖစ္ခ်င္တဲ့ ဆႏၵေတြကို မိမိလိုခ်င္တဲ့ အေၾကာင္းအရာေတြကို ေျပာျပၿပီး မိမိလိုရာ သိမ္းသြင္းႏိုင္မွာပါ။ ဒီႏွစ္က အိမ္ေထာင္ဘက္နဲ႔ ေမာင္တစ္႐ြာ၊မယ္တစ္ၿမိဳ႕ ဆိုတာမ်ိဳး ေနရတတ္ပါတယ္။
အိမ္ေထာင္ဘက္က တာဝန္က်ရာ ေနရာမ်ိဳးသြားေနရတာမ်ိဳးပဲ ျဖစ္ျဖစ္ ၊ မိမိကိုယ္တိုင္ သြားရတာမ်ိဳးပဲျဖစ္ျဖစ္ ခြဲေနရဖို႔မ်ားပါတယ္။ အဲလိုခြဲေနရတာေကာင္းပါတယ္။ အတူတူေနရတဲ့ အိမ္ေထာင္ရွင္ေတြ ခဏခဏ စကားမ်ားရတာမ်ိဳးေတာ့ရွိတယ္။ အဲလိုျဖစ္တယ္ဆိုလဲ တစ္ပတ္တစ္ခါေလာက္ အိမ္ေထာင္ဘက္နဲ႔ ခြဲအိပ္လိုက္ပါဗ်ာ။
၂၀၂၂ တစ္ႏွစ္တာလုံးအတြက္ ကံေကာင္း ကံျမင့္ေစဖို႔
အက်ိဳးေပးဂဏန္းမ်ား – ၂/၃/၅/၁
အက်ိဳးေပးေန႔နံမ်ား – ေသာၾကာ၊ၾကာသပေတး၊အဂၤါ
အက်ိဳးေပးအေရာင္မ်ား – ပန္းေရာင္၊အေရာင္ႏုမ်ား၊ အျဖဴေရာင္၊ အေရာင္ေျပာက္မ်ား
ယၾတာ
* ျမတ္စြာဘုရားအား ပန္းအျဖဴေတြ မ်ားမ်ားလႉေပးပါ။ အထူးသျဖင့္ စံပယ္ပန္းဆို ပိုေကာင္းပါတယ္။
* နီးစပ္ရာ ေစတီပုထိုးမွာ ညလုံးေပါက္ လွ်ပ္စစ္မီးမ်ား ပူေဇာ္ကုသိုလ္ယူပါ။
*ခဏခဏ ေငြ၂၀၀ ပံ့သကူပစ္ပါ။
*ဆပ္ျပာ အေမႊးတုံးေလးေတြ ရဟန္းသံဃာေတြကို လႉဒါန္းပါ။
*အိမ္မွာ လွ်ပ္စစ္မီးႀကိဳးအေဟာင္း ၊ ကြၽမ္းေနတဲ့ မီးေခ်ာင္း၊ မီးလုံးေတြ ရွိရင္ စြန႔္ပစ္ပါ။
*ပရိတ္ပ႒ာန္းမ်ားမ်ား ႐ြတ္ဆိုပူေဇာ္ပါ။
(၇)ရက္သားသမီးအေပါင္း ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝၾကပါေစ။
ၿငိမ္းေအးလူ (ေဗဒင္သုေတသီ)
CRD