ၾကားသိရသမွ်

ရေနစ်နေဟန် မိန်းကလေးရုပ်တုကြီးပေါ်လောပေါ်လာတာကြောင့် ဒေသခံများ အံအားသင့်နေ

ပြီးခဲ့တဲ့အပတ်အတွင်းက ရေနစ်နေဟန်မိန်းကလေးရုပ်တုကြီးဟာ ဒေသခံတွေ တောင်မသိလိုက်ဘဲ Bilbao မြို့ထဲမှာပေါ်လာခဲ့ပါတယ်။ ထိုမိန်းကလေးရုပ်တုကြီးကို Bilbao မြို့ Nervion မြစ်ထဲမှာတာဝန်ရှိသူတွေက ညဘက်တွင် နေရာချထား ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီရုပ်တုကြီးကို မက်ဆီကန်အနုပညာရှင် ရုဘန်အိုရိုဇကိုက ဖန်တီးပြုလုပ်ထားခဲ့တာပါ။ အမည်ကိုတော့ Bihar လို့ ပေးထားပါတယ်။ အဓိပ္ပါယ်ပြန်လိုက်ရင်တော့ မနက်ဖြန်လို့ အဓိပ္ပါယ်ရတာပဲဖြစ်ပါတယ်။ ဒီရေအတက်အကျပေါ်လိုက်ပြီး ရုပ်တုကြီးက ရေပေါ်ကို ပေါ်လာလိုက်၊ရေအောက်ကို နစ်မြုပ်သွားလိုက်ဖြစ်နေပါတယ်။

မက်ဆီကန် အနုပညာအိုရိုဇကိုက ရုပ်တုကြီးကို BKK Foundation အတွက် ဖန်တီးပေးခဲ့တာပါ။ ဒီရုပ်တုရဲ့ ရည်ရွယ်ချက်က ရေရှည်တည်တံ့ခိုင်မြဲရေးကို ဆွေးနွေးငြင်းခုံနိုင်ဖို့အတွက် တွန်းအားပေးနိုင်ရန်ရည်ရွယ်ချက်ဖြစ်ပါတယ်။ ရေရှည် မတည့်တံ နိုင်တဲ့အရာတွေ ရာသီဥတု ပြောင်းလဲလာမှုစတာတွေနဲ့ ဆက်သွားနေမယ် ဆိုရင် အကျိုးဆက်ဘာဖြစ်လာနိုင်မလဲဆိုတာကို ပေါ်လွင်စေတာပဲဖြစ်ပါတယ်။

ဒေသခံတွေကတော့ ထိုရုပ်တုကြီးကို တပ်ဆင်ထားပြီးနောက် ပြီးခဲ့တဲ့ ကြာသပတေး နေ့ကမှ သတိထားမိခဲ့ကြတာပါ။”သူမရဲ့မျက်နှာရေပေါ်ကိုပေါ်လာတာကို မြင်တွေ့ရတာက ကျွန်မကို စိတ်ကျဉ်းကျပ် စေပါတယ်။ ရုပ်တုကိုကြည့်ရတာ ဝမ်းနည်းမှုတွေကို ခံစားရနိုင်ပါတယ်” လို့ဒေသခံ တစ်ယောက်က ပြောပါတယ်။

ဒေသခံတွေကတော့ရုပ်တုရဲ့ မူလရည်ရွယ်ချက်ကို မသိသေးခင်က သူတို့ရဲ့ ထင်မြင်ချက်အသီးသီးကို ပြောထားကြတာပဲဖြစ်ပါတယ်။ရေထဲနစ်နေတဲ့ မိန်းကလေးရုပ်တု Bihar ဟာ Bilbao မြို့ တော်နေ ပြည်သူတွေအတွက် ပထမဆုံးအံ့သြစရာရုပ်တုတစ်ခုတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်နှစ်ကလည်း ဘန့်ခ် ပန်းခြံ ထဲမှာအမျိုးသမီးတစ်ယောက်တည်း ထိုင်နေတဲ့ရုပ်တုနဲ့အတူ သက်ကြီးရွယ်အို များရဲ့ အထီးကျန်မှုကို အသိပညာပေးခဲ့ပါသေးတယ်။

 

————————-

ၿပီးခဲ့တဲ့အပတ္အတြင္းက ေရနစ္ေနဟန္မိန္းကေလး႐ုပ္တုႀကီးဟာ ေဒသခံေတြ ေတာင္မသိလိုက္ဘဲ Bilbao ၿမိဳ႕ထဲမွာေပၚလာခဲ့ပါတယ္။ ထိုမိန္းကေလး႐ုပ္တုႀကီးကို Bilbao ၿမိဳ႕ Nervion ျမစ္ထဲမွာတာဝန္ရွိသူေတြက ညဘက္တြင္ ေနရာခ်ထား ခဲ့တာျဖစ္ပါတယ္။

အဲ့ဒီ႐ုပ္တုႀကီးကို မက္ဆီကန္အႏုပညာရွင္ ႐ုဘန္အို႐ိုဇကိုက ဖန္တီးျပဳလုပ္ထားခဲ့တာပါ။ အမည္ကိုေတာ့ Bihar လို႔ ေပးထားပါတယ္။ အဓိပၸါယ္ျပန္လိုက္ရင္ေတာ့ မနက္ျဖန္လို႔ အဓိပၸါယ္ရတာပဲျဖစ္ပါတယ္။ ဒီေရအတက္အက်ေပၚလိုက္ၿပီး ႐ုပ္တုႀကီးက ေရေပၚကို ေပၚလာလိုက္၊ေရေအာက္ကို နစ္ျမဳပ္သြားလိုက္ျဖစ္ေနပါတယ္။

မက္ဆီကန္ အႏုပညာအို႐ိုဇကိုက ႐ုပ္တုႀကီးကို BKK Foundation အတြက္ ဖန္တီးေပးခဲ့တာပါ။ ဒီ႐ုပ္တုရဲ႕ ရည္႐ြယ္ခ်က္က ေရရွည္တည္တံ့ခိုင္ၿမဲေရးကို ေဆြးေႏြးျငင္းခုံႏိုင္ဖို႔အတြက္ တြန္းအားေပးႏိုင္ရန္ရည္႐ြယ္ခ်က္ျဖစ္ပါတယ္။ ေရရွည္ မတည့္တံ ႏိုင္တဲ့အရာေတြ ရာသီဥတု ေျပာင္းလဲလာမႈစတာေတြနဲ႔ ဆက္သြားေနမယ္ ဆိုရင္ အက်ိဳးဆက္ဘာျဖစ္လာႏိုင္မလဲဆိုတာကို ေပၚလြင္ေစတာပဲျဖစ္ပါတယ္။

ေဒသခံေတြကေတာ့ ထို႐ုပ္တုႀကီးကို တပ္ဆင္ထားၿပီးေနာက္ ၿပီးခဲ့တဲ့ ၾကာသပေတး ေန႔ကမွ သတိထားမိခဲ့ၾကတာပါ။”သူမရဲ႕မ်က္ႏွာေရေပၚကိုေပၚလာတာကို ျမင္ေတြ႕ရတာက ကြၽန္မကို စိတ္က်ဥ္းက်ပ္ ေစပါတယ္။ ႐ုပ္တုကိုၾကည့္ရတာ ဝမ္းနည္းမႈေတြကို ခံစားရႏိုင္ပါတယ္” လို႔ေဒသခံ တစ္ေယာက္က ေျပာပါတယ္။

ေဒသခံေတြကေတာ့႐ုပ္တုရဲ႕ မူလရည္႐ြယ္ခ်က္ကို မသိေသးခင္က သူတို႔ရဲ႕ ထင္ျမင္ခ်က္အသီးသီးကို ေျပာထားၾကတာပဲျဖစ္ပါတယ္။ေရထဲနစ္ေနတဲ့ မိန္းကေလး႐ုပ္တု Bihar ဟာ Bilbao ၿမိဳ႕ ေတာ္ေန ျပည္သူေတြအတြက္ ပထမဆုံးအံ့ၾသစရာ႐ုပ္တုတစ္ခုေတာ့ မဟုတ္ပါဘူး။ လြန္ခဲ့တဲ့ႏွစ္ႏွစ္ကလည္း ဘန႔္ခ္ ပန္းၿခံ ထဲမွာအမ်ိဳးသမီးတစ္ေယာက္တည္း ထိုင္ေနတဲ့႐ုပ္တုနဲ႔အတူ သက္ႀကီး႐ြယ္အို မ်ားရဲ႕ အထီးက်န္မႈကို အသိပညာေပးခဲ့ပါေသးတယ္။

Credit _ MyanmaPlatform