ပရိသတ်ရဲ့မေးခွန်းကို ချက်ကျလက်ချနဲ့ ရန်တွေ့လိုက်တဲ့ ဘေဘီမောင်
သရုပ်ဆောင် ဘေဘီမောင်ကတော့ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ ရပ်တည်အောင်မြင်နေတဲ့ မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာ အလုပ်အပြင် ကိုယ်ပိုင်ဆိုင်လေးလည်း ဖွင့်ထားကာ မိဘကို ရှာဖွေကျွေးမွေး ပြုစုနေတဲ့ သမီး အလိမ္မာလေး ဖြစ်တာကြောင့် ပရိသတ်တွေကတော့လေးစား ချစ်ခ
င်နေရတာပါ ။မိသားစုကိုလည်း အကောင်းမွန်ဆုံး ထားနိုင်အောင် အလုပ်တွေကြိုးစားသလို အလှူအတန်းဆိုလည်း လက်မနှေးခဲ့သူတစ်ယောက်ပါ ။ဒါ့အပြင် လတ်တလော နိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘေဘီမောင်က ပြည်သူတွေနဲ့အတူ အပြည့်အဝ ရပ်တည်ခဲ့သူ တစ်ယောက်ပါ ။
မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်အောင်လည်း မြတ်စွာဘုရားထံတွင် မေတ္တာပို့ ဆုတောင်းမှုတွေကိုလည်း ပြုလုပ်လျက်ရှိပါတယ်။ဒီရက်ပိုင်းမှာ ဆိုရင်လည်း တောက်လျှောက် တရားစခန်းဝင်ကာ ကောင်းမှု ကုသိုလ်တွေ များစွာ ပြုလုပ်နေတာလည်းတွေ့ရပါတယ်။လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ မရှိသေးဘဲ အွန်လိုင်း
ကနေအသုံးအဆောင်ပစ္စည်းတွေကို Live လွှင့်ရောင်းချပေးနေတာ ဖြစ်ပါတယ်။ သူမနဲ့ ပတ်သက်ပြီး မကောင်းသတင်းတွေ ထွက်နေပေမယ့်လည်း လုံးဝဂရုမစိုက်ဘဲ စီးပွားရေးလုပ်ငန်းတွေကိုသာ ဇောက်ချလုပ်ကိုင်နေတာ ဖြစ်ပါတယ်။မကြာသေးခင်ကလည်း သူမ ဈေးရောင်းတဲ့ Live တစ်ခုမှာ ပရိသတ်တစ်ယောက်နဲ့
အချင်းများထားပါတယ်။ ဒါကတော့ PDF တွေကို မလှူဘူးလားလို့ မေးတဲ့ ပရိသတ်တစ်ယောက်ကို Live ထဲတွင် ပုံစံမျိုးစုံဖြင့် ပြောဆိုနေတာဖြစ်ပါတယ်။ ဘေးက သူမရဲ့ မိတ်ကပ်ဆရာမကပါ အလိုတူ အလိုပါ ပြောနေတာ ဖြစ်ပါတယ်။ဒီကာလမှာ ဈေးရောင်းနေတာ အပြစ်မဟုတ်ကြောင်း ပြောထားပါသေးတယ်။
ဒါ့အပြင် PDF တွေကို လှူပါကဖမ်းဆီးထိန်းသိမ်းခံရမှာဖြစ်တာကြောင့် ဒီလိုစကားမျိုးတွေကို Public မှာ မပြောသင့်ကြောင်း ပြောထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဘေဘီမောင်ရဲ့ဗီဒီယိုလေးကို ကြည့်ပေးကြပါအုံးနော်…credit..