နိုင်ငံတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်အလှအပ နည်းလမ်းတွေ လျှို့ဝှက်ချက်တွေ ရှိကြပါတယ်။ အင်ဒိုနီးရှား အမျိုးသမီးတွေဆိုရင် အသက် ၅၃ နှစ်အရွယ် ရှိရင်တောင် အသက် ၃၅ နှစ်လို့ ထင်ရလောက်အောင် နုပျိုကြပါတယ်။ အင်ဒိုနီးရှား အမျိုးသမီးတွေရဲ့ နုပျိုရတဲ့ လျှို့ဝှက်ချက်တွေကို love media ကနေ ဖော်ပြပေးလိုက် ပါတယ်နော်။
၁။ ဆန်မှုန့်ကို အသုံးပြုခြင်း
အင်ဒိုနီးရှား အမျိုးသမီးတွေက ဆန်မှု့န်ကို ရေနဲ့ဖျော်ပြီး ရလာတဲ့အနှစ်ကို mask အဖြစ် ကပ်ရုံမကပါဘူး။ ဆန်မှုန့်ကို body scrub အဖြစ်လည်း အသုံးပြုကြပါတယ်။ တစ်ခါတရံ ဆန်မှုန့်ထဲကို သစ်ကြံပိုးမှုန့်၊ ဂျင်းမှုန့်၊ နနွင်းမှုန့်၊ စန္ဒကူးမှု့န်တွေ ထည့်ပြီးတော့လည်း body scrub အဖြစ် ပွတ်တိုက်ကြပါတယ်။ ဆန်မှုန့်က အသားအရေကို နူးညံ့စေပြီး သန့်စင်စေလို့ပါ။
၂။ အကြောပြတ်ရာများကို ကာကွယ်ခြင်
အကြောပြတ်ရာတွေ ဖြစ်လာမှ မှေးမှိန်အောင် လုပ်တာထက် အကြောပြတ်ရာ မဖြစ်အောင် ကာကွယ်တာက ပိုပြီးလွယ်ကူပါတယ်။ အင်ဒိုနီးရှား အမျိုးသမီးတွေက ဗိုက်ကို mask ကပ်ပါတယ်။ ဆန်မှုန့်နဲ့ kencur လို့ခေါ်တဲ့ ဂျင်းလိုအမှုန့်ကို ရောပြီး ရလာတဲ့အနှစ်ကို ဗိုက်မှာ ကပ်တာပါ။ အဲဒီအနှစ်က အသားအရေကို တင်းရင်းစေပါတယ်။ ကလေးမွေးဖွားပြီးတဲ့ အမျိုးသမီးတွေ ဆိုရင်လည်း ဒီနည်းကို သုံးကြပါတယ်။
၃။ သင်္ဘောသီး
အင်ဒိုနီးရှား အမျိုးသမီးတွေက သင်္ဘောသီးကို မျက်နှာလိမ်းဖို့ နို့နဲ့ရောလိမ်းသလို နို့မပါဘဲနဲ့လည်း လိမ်းပါတယ်။ သင်္ဘောသီးနဲ့ လိမ်းတဲ့အခါ မျက်နှာလည်း glow ပါတယ်။ ဆံပင်ဖွာတာကို ကာကွယ်ဖို့ သင်္ဘောသီးကို ကြိတ်ပြီး ခေါင်းမှာလိမ်းပါတယ်။ တစ်နာရီကြာ ထားပြီရင်လည်း ရေဆေးချ လိုက်ပါတယ်။
၄။ ရေချိုးဖို့အတွက် ဆိတ်နို့ကို သုံးခြင်း
ဂျာဗားမင်းသမီးက ရှေးတုန်းက ရေချိူးရင် ဆိတ်နို့ကို သုံးပါတယ်။ ဆိတ်နို့က အသားအရေကို နူးညံ့စေတဲ့အပြင် ငယ်ရွယ်နုပျိုစေပါတယ်။ ဆိတ်နို့ကို ရေချိုးကန် ထဲမှာထည့်ပြီး မိနစ် ၃၀ ခန့် ရေစိမ်တဲ့နည်း ဖြစ်ပါတယ်။
၅။ Cream-bath နည်းလမ်း
အင်ဒိုနီးရှားနိုင်ငံမှာ cream-bath ဆိုတာ creamနဲ့ ရေချိုးတာ မဟုတ်ပါဘူး။ အရင်ဆုံး ထောပတ်သီးနဲ့ ဆံပင်ကို သုတ်လိမ်းပြီး ပေါင်းတင်တာပါ။ ပေါင်းတင်ထားတဲ့အချိန်မှာ ဦးရေပြား၊ လည်ပင်းနဲ့ ပုခုံးကို ညင်ညင်သာသာ နှိပ်နယ်ပေးပါတယ်။ နှိပ်နယ်ပြီးချိန်မှာ ခေါင်းလျှော်ပြီး ဆံပင်ကို လေမှုတ်ပါတယ်။ Crean bath က ခန္ဓာကိုယ်ကို အပန်းပြေစေပြီး ဆံပင်ကိုလည်း ကျန်းမာစေပါတယ်။
၆။ တစ်ပတ်နှစ်ကြိမ် နှိပ်နယ်ခြင်း
အင်ဒိုနီးရှား လူမျိုးတွေက နှိပ်နယ်ခြင်းကို အထူးအရေးပေး လုပ်ဆောင်ကြပါတယ်။ နှိပ်နယ်တဲ့အခါ အကြောတွေပြေပြီး ခန္ဓာကိုယ်က အမြဲလန်းဆန်း လာစေလို့ပါ။
၇။ စိတ်ကို ပျော်အောင်ထားခြင်း
အင်ဒိုနီးရှား blogger တွေထဲက နာမည်ကြီး blogger တစ်ယောက်ဟာ အသက် ၅၃ နှစ် ရှိနေပေမယ့်လည်း အသက် ၃၅ နှစ်လို့ပဲ ထင်ရပါတယ်။ သူ့ရဲ့လျှို့ဝှက်ချက်ကတော့ စိတ်ကို ပျော်အောင် ထားတာပါ။ စိတ်ပျော်ရွှင်တဲ့အခါ အသက်အရွယ်လည်း နုပါတယ်။ စိတ်ပျော်ရွှင်ဖို့အတွက် သင့်ကိုယ်သင် ချစ်ဖို့ မမေ့ပါနဲ့နော်။
Zombie (Lovemedia)
for zawgyi
အင္ဒိုနီးရွား အမ်ိဳးသမီးေတြ ရွိရင္းစြဲအသက္ထက္ ႏုပ်ိဳေနရတဲ့ လွ်ိဳ႕ဝွက္ခ်က္ (၇) ခ်က္
ႏိုင္ငံတိုင္းမွာ သူတို႔ရဲ႕ကိုယ္ပိုင္အလွအပ နည္းလမ္းေတြ လွ်ိဳ႕ဝွက္ခ်က္ေတြ ရွိၾကပါတယ္။ အင္ဒိုနီးရွား အမ်ိဳးသမီးေတြဆိုရင္ အသက္ ၅၃ ႏွစ္အ႐ြယ္ ရွိရင္ေတာင္ အသက္ ၃၅ ႏွစ္လို႔ ထင္ရေလာက္ေအာင္ ႏုပ်ိဳၾကပါတယ္။ အင္ဒိုနီးရွား အမ်ိဳးသမီးေတြရဲ႕ ႏုပ်ိဳရတဲ့ လွ်ိဳ႕ဝွက္ခ်က္ေတြကို love media ကေန ေဖာ္ျပေပးလိုက္ ပါတယ္ေနာ္။
၁။ ဆန္မႈန႔္ကို အသုံးျပဳျခင္း
အင္ဒိုနီးရွားအမ်ိဳးသမီးေတြက ဆန္မႈ႕န္ကို ေရနဲ႔ေဖ်ာ္ၿပီး ရလာတဲ့အႏွစ္ကို mask အျဖစ္ ကပ္႐ုံမကပါဘူး။ ဆန္မႈန႔္ကို body scrub အျဖစ္လည္း အသုံးျပဳၾကပါတယ္။ တစ္ခါတရံ ဆန္မႈန႔္ထဲကို သစ္ႀကံပိုးမႈန႔္၊ ဂ်င္းမႈန႔္၊ နႏြင္းမႈန႔္၊ စႏၵကူးမႈ႕န္ေတြ ထည့္ၿပီးေတာ့လည္း body scrub အျဖစ္ ပြတ္တိုက္ၾကပါတယ္။ ဆန္မႈန႔္က အသားအေရကို ႏူးညံ့ေစၿပီး သန႔္စင္ေစလို႔ပါ။
၂။ အေၾကာျပတ္ရာမ်ားကို ကာကြယ္ျခင္း
အေၾကာျပတ္ရာေတြ ျဖစ္လာမွ ေမွးမွိန္ေအာင္ လုပ္တာထက္ အေၾကာျပတ္ရာ မျဖစ္ေအာင္ ကာကြယ္တာက ပိုၿပီးလြယ္ကူပါတယ္။ အင္ဒိုနီးရွား အမ်ိဳးသမီးေတြက ဗိုက္ကို mask ကပ္ပါတယ္။ ဆန္မႈန႔္နဲ႔ kencur လို႔ေခၚတဲ့ ဂ်င္းလိုအမႈန႔္ကို ေရာၿပီး ရလာတဲ့အႏွစ္ကို ဗိုက္မွာ ကပ္တာပါ။ အဲဒီအႏွစ္က အသားအေရကို တင္းရင္းေစပါတယ္။ ကေလးေမြးဖြားၿပီးတဲ့ အမ်ိဳးသမီးေတြ ဆိုရင္လည္း ဒီနည္းကို သုံးၾကပါတယ္။
၃။ သေဘၤာသီး
အင္ဒိုနီးရွား အမ်ိဳးသမီးေတြက သေဘၤာသီးကို မ်က္ႏွာလိမ္းဖို႔ ႏို႔နဲ႔ေရာလိမ္းသလို ႏို႔မပါဘဲနဲ႔လည္း လိမ္းပါတယ္။ သေဘၤာသီးနဲ႔ လိမ္းတဲ့အခါ မ်က္ႏွာလည္း glow ပါတယ္။ ဆံပင္ဖြာတာကို ကာကြယ္ဖို႔ သေဘၤာသီးကို ႀကိတ္ၿပီး ေခါင္းမွာလိမ္းပါတယ္။ တစ္နာရီၾကာ ထားၿပီရင္လည္း ေရေဆးခ် လိုက္ပါတယ္။
၄။ ေရခ်ိဳးဖို႔အတြက္ ဆိတ္ႏို႔ကို သုံးျခင္း
ဂ်ာဗားမင္းသမီးက ေရွးတုန္းက ေရခ်ိဴးရင္ ဆိတ္ႏို႔ကို သုံးပါတယ္။ ဆိတ္ႏို႔က အသားအေရကို ႏူးညံ့ေစတဲ့အျပင္ ငယ္႐ြယ္ႏုပ်ိဳေစပါတယ္။ ဆိတ္ႏို႔ကို ေရခ်ိဳးကန္ ထဲမွာထည့္ၿပီး မိနစ္ ၃၀ ခန႔္ ေရစိမ္တဲ့နည္း ျဖစ္ပါတယ္။
၅။ Cream-bath နည္းလမ္း
အင္ဒိုနီးရွားႏိုင္ငံမွာ cream-bath ဆိုတာ creamနဲ႔ ေရခ်ိဳးတာ မဟုတ္ပါဘူး။ အရင္ဆုံး ေထာပတ္သီးနဲ႔ ဆံပင္ကို သုတ္လိမ္းၿပီး ေပါင္းတင္တာပါ။ ေပါင္းတင္ထားတဲ့အခ်ိန္မွာ ဦးေရျပား၊ လည္ပင္းနဲ႔ ပုခုံးကို ညင္ညင္သာသာ ႏွိပ္နယ္ေပးပါတယ္။ ႏွိပ္နယ္ၿပီးခ်ိန္မွာ ေခါင္းေလွ်ာ္ၿပီး ဆံပင္ကို ေလမႈတ္ပါတယ္။ Crean bath က ခႏၶာကိုယ္ကို အပန္းေျပေစၿပီး ဆံပင္ကိုလည္း က်န္းမာေစပါတယ္။
၆။ တစ္ပတ္ႏွစ္ႀကိမ္ ႏွိပ္နယ္ျခင္း
အင္ဒိုနီးရွား လူမ်ိဳးေတြက ႏွိပ္နယ္ျခင္းကို အထူးအေရးေပး လုပ္ေဆာင္ၾကပါတယ္။ ႏွိပ္နယ္တဲ့အခါ အေၾကာေတြေျပၿပီး ခႏၶာကိုယ္က အၿမဲလန္းဆန္းလာေစလို႔ပါ။
၇။ စိတ္ကို ေပ်ာ္ေအာင္ထားျခင္း
အင္ဒိုနီးရွား blogger ေတြထဲက နာမည္ႀကီး blogger တစ္ေယာက္ဟာ အသက္ ၅၃ ႏွစ္ ရွိေနေပမယ့္လည္း အသက္ ၃၅ ႏွစ္လို႔ပဲ ထင္ရပါတယ္။ သူ႔ရဲ႕လွ်ိဳ႕ဝွက္ခ်က္ကေတာ့ စိတ္ကို ေပ်ာ္ေအာင္ ထားတာပါ။ စိတ္ေပ်ာ္႐ႊင္တဲ့အခါ အသက္အ႐ြယ္လည္း ႏုပါတယ္။ စိတ္ေပ်ာ္႐ႊင္ဖို႔အတြက္ သင့္ကိုယ္သင္ ခ်စ္ဖို႔ မေမ့ပါနဲ႔ေနာ္။
Zombie (Lovemedia)