နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ရဲ့ အမှုတွေကို အောက်တိုဘာလ ၅ ရက် ဒီနေ့မှာ နေပြည်တော်က သီးသန့် အထူးတရားရုံးမှာပဲ ဆက်လက်စစ်ဆေးခဲ့ပါတယ်။
သုံးဦးစလုံးကို စွဲဆိုထားတဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်အောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) အမှုနဲ့ ပတ်သက်လို့ စွဲချက်အမိန့်ချပြီးပြီဖြစ်တဲ့အတွက် ဒီနေ့မှာ စွပ်စွဲခံရသူတွေဘက်က တရားခံပြသက်သေလို့ခေါ်တဲ့ လူသက်သေစာရင်းကို တင်ပြရမှာဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီလူသက်သေ မတင်သွင်းတော့ဘဲ စွပ်စွဲခံရသူတွေကိုယ်တိုင် ထွက်ဆိုမှာဖြစ်တဲ့အတွက် စွပ်စွဲခံရသူ သုံးဦးစလုံးကို ရုံးချိန်းတစ်ပတ်မှာ တစ်ယောက်စီ စစ်ဆေးဖို့ မှုခင်းစီမံခန့်ခွဲမှု (CMP) လုပ်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ဝင် ဦးခင်မောင်ဇော်က ပြောပါတယ်။
ဒါကြောင့် သမ္မတဦးဝင်မြင့်ကို အောက်တိုဘာ ၁၂ ရက်နေ့၊ ဒေါ်အောင်ဆန်းစုကြည်ကို အောက်တိုဘာ ၂၆ ရက်နေ့နဲ့ ဒေါက်တာမျိုးအောင်ကို နို၀င်ဘာ ၂ ရက်နေ့တွေမှာ စစ်ဆေးမှာဖြစ်ပါတယ်။
ဒီအမှုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC) က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်နှစ်စောင်ဟာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်တယ်ဆိုပြီး စစ်ကောင်စီဘက်က စွဲဆိုထားတာဖြစ်ပါတယ်။
အဲဒီကြေညာချက်တွေဟာ စစ်ကောင်စီက သုံးဦးကိုဖမ်းဆီးပြီး NLD ပါတီနဲ့ရော လူထုနဲ့ပါ အဆက်အသွယ်ဖြတ်ထားချိန် ဖေဖော်ဝါရီ ၇ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေမှာ CEC အဖွဲ့အမည်နဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွေဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်တစ်ဦးထဲကို စွဲဆိုထားတဲ့ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အမှုမှာတော့ နောက်ဆုံးစစ်ဖို့ကျန်နေတဲ့ သက်သေတစ်ဦး မလာတာကြောင့် အဲဒီသက်သေကို မစစ်တော့ဘဲ ရှိပြီးသားတရားလိုပြသက်သေရဲ့ ထွက်ဆိုချက်တွေအပေါ်မှာပဲ စွဲချက်တင်သင့်/မတင်သင့် လျှောက်လဲချက်ပေးဖို့ တရားရုံးကအမိန့်ချခဲ့ပါတယ်။
ဒါကြောင့် အဲဒီအမှုကိုတော့ အောက်တိုဘာ ၁၂ ရက် နောက်တစ်ပတ်ရုံးချိန်းမှာ စွဲချက်တင်သင့်/မတင်သင့် နှစ်ဖက်လျှောက်လဲချက်ပေးရမှာပါ။ဒီအမှုကတော့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်ခင် သြဂုတ်လက ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ကိုလာရောက်စဉ် လူစုလူဝေးဖြစ်ခဲ့လို့ဆိုပြီး ၂၀၂၁ ဧပြီလ ၁၂ ရက်နေ့ အွန်လိုင်းစနစ်နဲ့ ရုံးထုတ်ချိန်မှာ ထပ်မံစွဲတင်လိုက်တဲ့အမှုဖြစ်ပါတယ်။
ဒီနေ့မှာလည်း ဒေါ်အောင်ဆန်းစုကြည်က သူ့အမှုတွေကို နှစ်ပတ်တစ်ခါ စစ်ဆေးပေးဖို့ တရားရုံးကို လျှောက်လွှာတင်ခဲ့ပြီး အဲဒီတင်ပြချက်အတိုင်း စစ်ဆေးပေးဖို့ ခွင့်ပြု/မပြုကိုတော့ နောက်တစ်ပတ်ရုံးချိန်းမှာ တရားရုံးက ဆုံးဖြတ်မှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နိုင်တဲ့ ပုဒ်မတွေဖြစ်တဲ့ မြန်မာနိုင်ငံ လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) ပုဒ်မတွေ အပါအဝင် အမှုပေါင်း ၁၁ မှုနဲ့ စစ်ကောင်စီက အရေးယူထားပါတယ်။
—————————-
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္နဲ႔ ေနျပည္ေတာ္ၿမိဳ႕ေတာ္ဝန္ ေဒါက္တာမ်ိဳးေအာင္တို႔ရဲ႕ အမႈေတြကို ေအာက္တိုဘာလ ၅ ရက္ ဒီေန႔မွာ ေနျပည္ေတာ္က သီးသန႔္ အထူးတရား႐ုံးမွာပဲ ဆက္လက္စစ္ေဆးခဲ့ပါတယ္။
သုံးဦးစလုံးကို စြဲဆိုထားတဲ့ ႏိုင္ငံေတာ္ၿငိမ္ဝပ္ပိျပားမႈကို ထိခိုက္ေအာင္လႈံ႕ေဆာ္မႈ ပုဒ္မ ၅၀၅ (ခ) အမႈနဲ႔ ပတ္သက္လို႔ စြဲခ်က္အမိန႔္ခ်ၿပီးၿပီျဖစ္တဲ့အတြက္ ဒီေန႔မွာ စြပ္စြဲခံရသူေတြဘက္က တရားခံျပသက္ေသလို႔ေခၚတဲ့ လူသက္ေသစာရင္းကို တင္ျပရမွာျဖစ္ပါတယ္။
ဒါေပမဲ့ အဲဒီလူသက္ေသ မတင္သြင္းေတာ့ဘဲ စြပ္စြဲခံရသူေတြကိုယ္တိုင္ ထြက္ဆိုမွာျဖစ္တဲ့အတြက္ စြပ္စြဲခံရသူ သုံးဦးစလုံးကို ႐ုံးခ်ိန္းတစ္ပတ္မွာ တစ္ေယာက္စီ စစ္ေဆးဖို႔ မႈခင္းစီမံခန႔္ခြဲမႈ (CMP) လုပ္ခဲ့တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေရွ႕ေနအဖြဲ႕ဝင္ ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။
ဒါေၾကာင့္ သမၼတဦးဝင္ျမင့္ကို ေအာက္တိုဘာ ၁၂ ရက္ေန႔၊ ေဒၚေအာင္ဆန္းစုၾကည္ကို ေအာက္တိုဘာ ၂၆ ရက္ေန႔နဲ႔ ေဒါက္တာမ်ိဳးေအာင္ကို ႏို၀င္ဘာ ၂ ရက္ေန႔ေတြမွာ စစ္ေဆးမွာျဖစ္ပါတယ္။
ဒီအမႈဟာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (NLD) ရဲ႕ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ (CEC) က ထုတ္ျပန္ခဲ့တဲ့ ေၾကညာခ်က္ႏွစ္ေစာင္ဟာ ႏိုင္ငံေတာ္ၿငိမ္ဝပ္ပိျပားေရးကို ထိခိုက္တယ္ဆိုၿပီး စစ္ေကာင္စီဘက္က စြဲဆိုထားတာျဖစ္ပါတယ္။
အဲဒီေၾကညာခ်က္ေတြဟာ စစ္ေကာင္စီက သုံးဦးကိုဖမ္းဆီးၿပီး NLD ပါတီနဲ႔ေရာ လူထုနဲ႔ပါ အဆက္အသြယ္ျဖတ္ထားခ်ိန္ ေဖေဖာ္ဝါရီ ၇ ရက္ေန႔နဲ႔ ၁၃ ရက္ေန႔ေတြမွာ CEC အဖြဲ႕အမည္နဲ႔ ထုတ္ျပန္ခဲ့တဲ့ ေၾကညာခ်က္ေတြျဖစ္ပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္တစ္ဦးထဲကို စြဲဆိုထားတဲ့ သဘာ၀ေဘးအႏၲရာယ္စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၂၅ အမႈမွာေတာ့ ေနာက္ဆုံးစစ္ဖို႔က်န္ေနတဲ့ သက္ေသတစ္ဦး မလာတာေၾကာင့္ အဲဒီသက္ေသကို မစစ္ေတာ့ဘဲ ရွိၿပီးသားတရားလိုျပသက္ေသရဲ႕ ထြက္ဆိုခ်က္ေတြအေပၚမွာပဲ စြဲခ်က္တင္သင့္/မတင္သင့္ ေလွ်ာက္လဲခ်က္ေပးဖို႔ တရား႐ုံးကအမိန႔္ခ်ခဲ့ပါတယ္။
ဒါေၾကာင့္ အဲဒီအမႈကိုေတာ့ ေအာက္တိုဘာ ၁၂ ရက္ ေနာက္တစ္ပတ္႐ုံးခ်ိန္းမွာ စြဲခ်က္တင္သင့္/မတင္သင့္ ႏွစ္ဖက္ေလွ်ာက္လဲခ်က္ေပးရမွာပါ။ဒီအမႈကေတာ့ ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲမတိုင္ခင္ ၾသဂုတ္လက ေဒၚေအာင္ဆန္းစုၾကည္ ေနျပည္ေတာ္ ဇမၺဴသီရိၿမိဳ႕နယ္ ေ႐ႊၾကာပင္ရပ္ကြက္ကိုလာေရာက္စဥ္ လူစုလူေဝးျဖစ္ခဲ့လို႔ဆိုၿပီး ၂၀၂၁ ဧၿပီလ ၁၂ ရက္ေန႔ အြန္လိုင္းစနစ္နဲ႔ ႐ုံးထုတ္ခ်ိန္မွာ ထပ္မံစြဲတင္လိုက္တဲ့အမႈျဖစ္ပါတယ္။
ဒီေန႔မွာလည္း ေဒၚေအာင္ဆန္းစုၾကည္က သူ႔အမႈေတြကို ႏွစ္ပတ္တစ္ခါ စစ္ေဆးေပးဖို႔ တရား႐ုံးကို ေလွ်ာက္လႊာတင္ခဲ့ၿပီး အဲဒီတင္ျပခ်က္အတိုင္း စစ္ေဆးေပးဖို႔ ခြင့္ျပဳ/မျပဳကိုေတာ့ ေနာက္တစ္ပတ္႐ုံးခ်ိန္းမွာ တရား႐ုံးက ဆုံးျဖတ္မွာျဖစ္ပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ကို ႏွစ္ရွည္ေထာင္ဒဏ္ေတြ ခ်မွတ္ႏိုင္တဲ့ ပုဒ္မေတြျဖစ္တဲ့ ျမန္မာႏိုင္ငံ လွ်ိဳ႕ဝွက္အက္ဥပေဒ ပုဒ္မ ၃ (၁) (ဂ)၊ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ (၅၅) ပုဒ္မေတြ အပါအဝင္ အမႈေပါင္း ၁၁ မႈနဲ႔ စစ္ေကာင္စီက အေရးယူထားပါတယ္။