ခံဝန်နဲ့ ပြန်လွှတ်ပေးထားတဲ့ သရုပ်ဆောင် ဇင်ဝိုင်းကို ပြန်လည် ဖမ်းဆီး
ရန်ကုန်၊ အောက်တိုဘာ ၆
ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီးတဲ့နောက် ခံဝန်နဲ့ ပြန်လွှတ်ပေးထားတဲ့ သရုပ်ဆောင် မင်းမော်ကွန်းရဲ့ဖခင်ဖြစ်သူ သရုပ်ဆောင် ဇင်ဝိုင်းကို ဒီကနေ့ ညပိုင်းမှာ ပြန်လည်ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သတင်းကြားသိရပါတယ်။
သရုပ်ဆောင် ဇင်ဝိုင်း(ခ) ဦးဌေးလွင်ကို ရပ်ကွက်အတွင်း မူးရူးအော်ဟစ်ခြင်း၊ ဒေသခံကာကွယ်ရေးတပ်ထဲရောက်နေတဲ့ သားဖြစ်သူ PDF အဖွဲ့ဝင် မင်းမော်ကွန်းနဲ့ ဆက်သွယ်ခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို လျှို့ဝှက်ထောက်ပံ့ခြင်း စတာတွေကို လုပ်ဆောင်နေတယ်ဆိုပြီး ပြန်လည်ဖမ်းဆီးလိုက်တာလို့ ကနဦးအဖြစ် သိရှိထားရပါတယ်။
သရုပ်ဆောင် ဇင်ဝိုင်းဟာ ဒီကနေ့ အောက်တိုဘာ (၆)ရက်နေ့ ည ၇ နာရီအချိန်မှာ ပြန်လည် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာလို့ သိရပါတယ်။
(မှတ်ချက်။ ။ ပူးတွဲဖော်ပြထားသော ဗီဒီယိုဖိုင်မှာ ဉီးဇင်ဝိုင်း၏ပြောစကားများကို မှတ်တမ်းတင်ထားသော ဖိုင်အဟောင်းဖြစ်ပါသည်။
ယခုဖမ်းဆီးထိန်းသိမ်းရာတွင် ခံဝန်ဖြင့် ပြန်လွှတ်စဉ်ကပါရှိသော ရပ်ကွက်တွင်း မူးရူးအော်ဟစ်ခြင်း စွဲချက်ပြန်လည်ပါဝင်လာသဖြင့် အဆိုပါဖြစ်စဉ်ကို ပရိသတ်များ ပြန်ပြောင်း သိရှိနိုင်စေရန်အတွက် ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါသည်)
ဝါရင့်သရုပ်ဆောင် မင်းသားကြီး ဦးဇင်ဝိုင်းကတော့ တစ်နိုင်ငံလုံးမှာ ဆန္ဒထုတ်ဖော်ပွဲတွေစတင်တဲ့အချိန်ကစလို့ ယနေ့အချိန်အထိတိုင်အောင် ရဲရဲဝင့်ဝင့် အရှေ့ထွက်ခဲ့တဲ့သူတစ်ဦး ဖြစ်ပါတယ် ။
ဦးဇင်ဝိုင်းက အနုပညာလောကသားတွေကို ရှေ့ဆုံးကနေဦးဆောင်ပြီး ရန်ကုန်မြို့အနှံ့သွားရင်း လူထုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။ သားဖြစ်တဲ့ မင်းမော်ကွန်းက အိမ်မှာနေဖို့တားတာတောင် ဦးဇင်ဝိုင်းက တစ်ရက်မှမနားဘဲပြည်သူတွေနဲ့အတူလမ်းပေါ်ထွက်ခဲ့တာဖြစ်ပါတယ် ။
ဦးဇင်ဝိုင်းကတော့ ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းက အစပြုခဲ့တဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူ ခိုင်ခိုင်မာမာရပ်တည်ပြီး လူထုလှုပ်ရှားမှုတွေကို အင်တိုက်အားတိုက်ပြုလုပ်ခဲ့သူပဲ ဖြစ်ပါတယ်..။
၈၈ အရေးတော်ပုံကြီးမှာ ရှေ့ဆုံးကနေ ပါဝင်ခဲ့သလို လက်ရှိအခြေအနေတွေမှာလည်း လူငယ်တွေနဲ့အတူ ခိုင်မာပြတ်သားစွာ ပါဝင်ခဲ့တဲ့ ဦးဇင်ဝိုင်းကတော့ ပြီးခဲ့တဲ့ ဧပြီလ(၁၅) ရက်နေ့က နေအိမ်ကနေ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရကာ ဇွန်လ(၇)ရက်နေ့မှာပဲ ပြန်လည်လွတ်မြောက်လာခဲ့ကာ ယနေ့ညမှာ ပြန်လည်ဖမ်းဆီးခံလိုက်ရတာပဲဖြစ်ပါတယ်။
Credit
zawgyi
ခံဝန္နဲ႔ ျပန္လႊတ္ေပးထားတဲ့ သ႐ုပ္ေဆာင္ ဇင္ဝိုင္းကို ျပန္လည္ ဖမ္းဆီး
ရန္ကုန္၊ ေအာက္တိုဘာ ၆
ဖမ္းဆီးစစ္ေဆးခံခဲ့ရၿပီးတဲ့ေနာက္ ခံဝန္နဲ႔ ျပန္လႊတ္ေပးထားတဲ့ သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းရဲ႕ဖခင္ျဖစ္သူ သ႐ုပ္ေဆာင္ ဇင္ဝိုင္းကို ဒီကေန႔ ညပိုင္းမွာ ျပန္လည္ဖမ္းဆီးထိန္းသိမ္းလိုက္တယ္လို႔ သတင္းၾကားသိရပါတယ္။
သ႐ုပ္ေဆာင္ ဇင္ဝိုင္း(ခ) ဦးေဌးလြင္ကို ရပ္ကြက္အတြင္း မူး႐ူးေအာ္ဟစ္ျခင္း၊ ေဒသခံကာကြယ္ေရးတပ္ထဲေရာက္ေနတဲ့ သားျဖစ္သူ PDF အဖြဲ႕ဝင္ မင္းေမာ္ကြန္းနဲ႔ ဆက္သြယ္ျခင္း၊ အမ်ိဳးသားညီၫြတ္ေရးအစိုးရ(NUG)ကို လွ်ိဳ႕ဝွက္ေထာက္ပံ့ျခင္း စတာေတြကို လုပ္ေဆာင္ေနတယ္ဆိုၿပီး ျပန္လည္ဖမ္းဆီးလိုက္တာလို႔ ကနဦးအျဖစ္ သိရွိထားရပါတယ္။
သ႐ုပ္ေဆာင္ ဇင္ဝိုင္းဟာ ဒီကေန႔ ေအာက္တိုဘာ (၆)ရက္ေန႔ ည ၇ နာရီအခ်ိန္မွာ ျပန္လည္ ဖမ္းဆီးထိန္းသိမ္းခံလိုက္ရတာလို႔ သိရပါတယ္။
(မွတ္ခ်က္။ ။ ပူးတြဲေဖာ္ျပထားေသာ ဗီဒီယိုဖိုင္မွာ ဉီးဇင္ဝိုင္း၏ေျပာစကားမ်ားကို မွတ္တမ္းတင္ထားေသာ ဖိုင္အေဟာင္းျဖစ္ပါသည္။
ယခုဖမ္းဆီးထိန္းသိမ္းရာတြင္ ခံဝန္ျဖင့္ ျပန္လႊတ္စဥ္ကပါရွိေသာ ရပ္ကြက္တြင္း မူး႐ူးေအာ္ဟစ္ျခင္း စြဲခ်က္ျပန္လည္ပါဝင္လာသျဖင့္ အဆိုပါျဖစ္စဥ္ကို ပရိသတ္မ်ား ျပန္ေျပာင္း သိရွိႏိုင္ေစရန္အတြက္ ျပန္လည္ေဖာ္ျပေပးျခင္းျဖစ္ပါသည္)
ဝါရင့္သ႐ုပ္ေဆာင္ မင္းသားႀကီး ဦးဇင္ဝိုင္းကေတာ့ တစ္ႏိုင္ငံလုံးမွာ ဆႏၵထုတ္ေဖာ္ပြဲေတြစတင္တဲ့အခ်ိန္ကစလို႔ ယေန႔အခ်ိန္အထိတိုင္ေအာင္ ရဲရဲဝင့္ဝင့္ အေရွ႕ထြက္ခဲ့တဲ့သူတစ္ဦး ျဖစ္ပါတယ္ ။
ဦးဇင္ဝိုင္းက အႏုပညာေလာကသားေတြကို ေရွ႕ဆုံးကေနဦးေဆာင္ၿပီး ရန္ကုန္ၿမိဳ႕အႏွံ႔သြားရင္း လူထုလႈပ္ရွားမႈေတြ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္ ။ သားျဖစ္တဲ့ မင္းေမာ္ကြန္းက အိမ္မွာေနဖို႔တားတာေတာင္ ဦးဇင္ဝိုင္းက တစ္ရက္မွမနားဘဲျပည္သူေတြနဲ႔အတူလမ္းေပၚထြက္ခဲ့တာျဖစ္ပါတယ္ ။
ဦးဇင္ဝိုင္းကေတာ့ ေဖေဖာ္ဝါရီလ(၁)ရက္ေန႔ကတည္းက အစျပဳခဲ့တဲ့ ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာ ျပည္သူေတြနဲ႔အတူ ခိုင္ခိုင္မာမာရပ္တည္ၿပီး လူထုလႈပ္ရွားမႈေတြကို အင္တိုက္အားတိုက္ျပဳလုပ္ခဲ့သူပဲ ျဖစ္ပါတယ္..။
၈၈ အေရးေတာ္ပုံႀကီးမွာ ေရွ႕ဆုံးကေန ပါဝင္ခဲ့သလို လက္ရွိအေျခအေနေတြမွာလည္း လူငယ္ေတြနဲ႔အတူ ခိုင္မာျပတ္သားစြာ ပါဝင္ခဲ့တဲ့ ဦးဇင္ဝိုင္းကေတာ့ ၿပီးခဲ့တဲ့ ဧၿပီလ(၁၅) ရက္ေန႔က ေနအိမ္ကေန ဖမ္းဆီးထိန္းသိမ္းခံလိုက္ရကာ ဇြန္လ(၇)ရက္ေန႔မွာပဲ ျပန္လည္လြတ္ေျမာက္လာခဲ့ကာ ယေန႔ညမွာ ျပန္လည္ဖမ္းဆီးခံလိုက္ရတာပဲျဖစ္ပါတယ္။
Credit