ၾကားသိရသမွ်

မိဘတွေမဆင်မခြင်စွန့်ပစ်ခဲ့လို့ ခွေးဆွဲခံထားရတဲ့သားငယ်လေးရဲ့ စိတ်မကောင်းစရာသတင်းကို ပြောပြလာတဲ့ ခိုင်နှင်းဝေ

ပရဟိတမင်းသမီးချော သရုပ်ဆောင် ခိုင်နှင်းဝေကတော့ သူမရဲ့ “ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ”ကနေပြီး အကြောင်းအမျိုးမျိုးကြောင့် မိဘတွေနဲ့ ခွဲခွာရတဲ့ ကလေးတွေကို ခေါ်ယူစောင့်ရှောက်ထားတာ ဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် မိဘတွေနဲ့ ခွဲခွာခဲ့ရတဲ့ ကလေးတွေ အများကြီးကို ခေါ်ယူမွေးစားစောင့်ရှောက်နေတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေကမနေ့က ဖေဖော်ဝါရီလ (၃) ရက်နေ့က ရန်ကုန် ကန်တော်ကြီးပန်းခြံအနီးမှာ မိဘတွေကစွန့်ပစ်ခဲ့တဲ့ကလေးငယ်တစ်ယောက်ကို ကယ်တင်ခဲ့ပေမယ့် စိတ်မကောင်းစွာနဲ့ပဲ ကလေးလေးဟာ ဆုံးပါးသွားခဲ့တဲ့အကြောင်းကို အခုလိုပဲပြောလာပါတယ်။

“စိတ်မကောင်းပါဘူး ကလေးရယ်..ဝဠ်ကြွေးတွေရှိရင် ဒီဘဝ နဲ့ပဲ ကျေအောင် ဆပ်သွားနိုင်ပါစေ။ ဘယ်ချိန်ထဲက စွန့်ပစ်ထားမှန်း မသိပဲ ခွေးများဆွဲထားသောကြောင့် ငယ်ထိပ်ပေါက်ပြဲ ၊တကိုယ်လုံး ဒဏ်ရာများနှင့် နှုတ်ခမ်းများ ပြာနှမ်းနေပြီး ည (၁) နာရီ ဝန်းကျင်ခန့်ကပဲ ဆုံးသွားပါတယ်။

အစွမ်းကုန် ကုသပေးပါသော ရန်ကင်းကလေးေ ဆးရုံကြီးမှ ဆရာဝန်ကြီးများနှင့် ဒီဃာယုကလူမှုကူညီရေး အသင်းကြီးကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ကလေးအတွက် သက်ပျောက်ဆွမ်းလေး ကပ်ပြီး သဂြိုလ်ပေးဘို့အတွက် လိုအပ်တာများ စီစဉ်ဆောင်ရွက်ထားပါတယ်ရှင်..😢” ဆိုပြီး စိတ်မကောင်းစွာ အသိပေးထားပါတယ်။

ခိုင်နှင်းဝေကတော့ မိဘတွေမဆင်မခြင်စွန့်ပစ်ခဲ့တယ်ကလေးငယ်လေးကို အချိန်မှီကယ်တင် ဖို့ကြိုးစားခဲ့ပေမယ့် ကလေးလေးဟာ ကံမကောင်းစွာနဲ့ပဲ ကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။ သားလေးလည်း နောက်ဘဝဆက်တိုင်းမှာ အခုလိုအဖြစ်ဆိုးမျိုးနဲ့ မကြုံဆုံပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

CRD:mdatenews

mdatenews

zawgyi

ပရဟိတမင္းသမီးေခ်ာ သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝကေတာ့ သူမရဲ့ “ခိုင္ႏွင္းေဝရင္ေသြးေလးမ်ားေဂဟာ”ကေနၿပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မိဘေတြနဲ႔ ခြဲခြာရတဲ့ ကေလးေတြကို ေခၚယူေစာင့္ေရွာက္ထားတာ ျဖစ္ပါတယ္။

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မိဘေတြနဲ႔ ခြဲခြာခဲ့ရတဲ့ ကေလးေတြ အမ်ားႀကီးကို ေခၚယူေမြးစားေစာင့္ေရွာက္ေနတဲ့ သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝကမေန႔က ေဖေဖာ္ဝါရီလ (၃) ရက္ေန႔က ရန္ကုန္ ကန္ေတာ္ႀကီးပန္းၿခံအနီးမွာ မိဘေတြကစြန႔္ပစ္ခဲ့တဲ့ကေလးငယ္တစ္ေယာက္ကို ကယ္တင္ခဲ့ေပမယ့္ စိတ္မေကာင္းစြာနဲ႔ပဲ ကေလးေလးဟာ ဆုံးပါးသြားခဲ့တဲ့အေၾကာင္းကို အခုလိုပဲေျပာလာပါတယ္။

“စိတ္မေကာင္းပါဘူး ကေလးရယ္..ဝဠ္ေႂကြးေတြရွိရင္ ဒီဘဝ နဲ႔ပဲ ေက်ေအာင္ ဆပ္သြားနိုင္ပါေစ။ ဘယ္ခ်ိန္ထဲက စြန႔္ပစ္ထားမွန္း မသိပဲ ေခြးမ်ားဆြဲထားေသာေၾကာင့္ ငယ္ထိပ္ေပါက္ျပဲ ၊တကိုယ္လုံး ဒဏ္ရာမ်ားႏွင့္ ႏႈတ္ခမ္းမ်ား ျပာႏွမ္းေနၿပီး ည (၁) နာရီ ဝန္းက်င္ခန႔္ကပဲ ဆုံးသြားပါတယ္။

အစြမ္းကုန္ ကုသေပးပါေသာ ရန္ကင္းကေလးေ ဆး႐ုံႀကီးမွ ဆရာဝန္ႀကီးမ်ားႏွင့္ ဒီဃာယုကလူမႈကူညီေရး အသင္းႀကီးကိုလဲ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင္။ ကေလးအတြက္ သက္ေပ်ာက္ဆြမ္းေလး ကပ္ၿပီး သၿဂိဳလ္ေပးဘို႔အတြက္ လိုအပ္တာမ်ား စီစဥ္ေဆာင္ရြက္ထားပါတယ္ရွင္..😢” ဆိုၿပီး စိတ္မေကာင္းစြာ အသိေပးထားပါတယ္။

ခိုင္ႏွင္းေဝကေတာ့ မိဘေတြမဆင္မျခင္စြန႔္ပစ္ခဲ့တယ္ကေလးငယ္ေလးကို အခ်ိန္မွီကယ္တင္ ဖို႔ႀကိဳးစားခဲ့ေပမယ့္ ကေလးေလးဟာ ကံမေကာင္းစြာနဲ႔ပဲ ကြယ္လြန္သြားခဲ့တာပဲျဖစ္ပါတယ္။ သားေလးလည္း ေနာက္ဘဝဆက္တိုင္းမွာ အခုလိုအျဖစ္ဆိုးမ်ိဳးနဲ႔ မၾကဳံဆုံပါေစနဲ႔လို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

CRD:mdatenews

mdatenews