ၾကားသိရသမွ်

စော-က်လိုက်ကန်းဆိုး မသိဘူး ဆိုတာ ပညာတတ်တာ ဘွဲ့ရတာတွေနဲ့ မဆိုင်ဘူးလို့ ဒဲ့ပြောလိုက်တဲ့ R ဇာနည်

စော-က်လိုက်ကန်းဆိုး မသိဘူး ဆိုတာ စာတတ်ပေတတ် အတန်းပညာ တတ်တာတွေ ဘွဲ့ရတာတွေနဲ့ မဆိုင်ဘူးလို့ ဒဲ့ပြောလိုက်တဲ့ R ဇာနည်

အသံပါဝါ‌ ကောင်းကောင်းကို ပိုင်ဆိုင်ထားပြီး ပရိသတ်တွေ ချစ်ခင်ရတဲ့ ဝါရင့်အဆိုတော်ကြီး R ဇာနည် ကတော့ ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆို ခံထားရတာကြောင့်

မိသားစုနဲ့အတူ ဘေးကင်းရာကို တိမ်းရှောင်နေရပါတယ်။ ထွက်ပြေးတိမ်း ရှောင်နေရပေမယ့် ဒီမိုကရေစီအတွက် လှုပ်ရှားမှု့တိုင်းကို တတ်နိုင်တဲ့ ဘက်ကနေ

တာဝန်ယူ ထမ်းဆောင်နေတာကိုလဲ တွေ့ရပါတယ်။ အမှန်တရား ဘက်တော်သား တစ်ဦးဖြစ်တဲ့ အဆိုတော် R ဇာနည် ဟာ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ပြည်သူတွေဘက်မှာ

အမြဲရှိတာကြောင့် ပရိသတ်တွေ ပိုမိုချစ်ခင် အားပေးကြရ ပြန်ပါတယ်။ R ဇာနည်က စာတတ်ပေတတ်တွေ ဆိုတာ့ အတန်းပညာနဲ့ မဆိုင်ဘူးလို့ ပရိသတ်တွေကို ရှင်းပြလိုက်ပါတယ်။

အဆိုတော် R ဇာနည် ဟာ ဒီကနေ့မှာ‌တော့ အလိုက်ကန်းဆိုး မသိတဲ့ လူတွေအကြောင်းကို သူရဲ့လူမှု့ကွန်ယက်မှာ အခုလိုပဲ ရေးသားလာပါတယ်။ ” စာတတ်ပေတတ် ဆိုတာ

စောက်လိုက်ကန်းဆိုး မသိတာနဲ့ ကြတော့ ဘယ်လိုပြောရမလဲ ဘွဲ့ရအတန်း ပညာနဲ့တော့ ဆိုင်မယ်မထင်ဘူး ထင်တယ် ” ဆိုတဲ့ စာသားလေ နှုတ်ဆက်

ရေးသားထားကိုလဲ တွေ့ရပါတယ်။ သူ့ရဲ့ပိုစ် အောက်မှာတေ့ာ အဆိုတော် အိမ့်ချစ်က အတန်းပညာ တတ်တာနဲ့ လူမှုပညာ အသိညာဏ်ရှိတာနဲ့က မတူပြန်ဘူးလို့

ဝင်ရောက် ထောက်ခံ ရေးသားထားတာကို တွေ့ရပါတယ်။ အဆိုတော် R ဇာနည် ရဲ့ စာသားလေးကို ပရိသတ်တွေက သဘောကျနေကြပြီး ပြန်လည်မျှဝေသူလဲ

များစွာရှိ ပါသေးတယ်နော်။ ပရိသတ်ကြီးရေ အဆိုတော် R ဇာနည် ရေးသားထားတဲ့ စာသားလေးနဲ့ပတ်သတ်ပြီး ထင်မြင် ယူဆချက်လေးတွေကို ကောမန့်မှာ ရေးသားပေး ခဲ့ပါအုန်းနော်။ ပရိသတ်များအားလုံး အန္တရာယ်ကင်း ဘေးရှင်းကြပါစေ။

Zawgyi










Credit