“ဖေ့ဘုတ်ပေါ်မှာရည်းစားဖြစ်ပြီး အပြင်မှာသွားတွေ့မိတဲ့အမျိုးသမီး တည်းခိုခန်းမှာ
“ဖေ့ဘုတ်ပေါ်မှာရည်းစားဖြစ်ပြီး အပြင်မှာသွားတွေ့မိတဲ့အမျိုးသမီး တည်းခိုခန်းမှာ အဓမ္မကျင့်ခံရတဲ့အပြင် ၁၃ သိန်းတန် အိုင်ဖုန်းပါအခိုးခံရ”
ဖေ့ဘုတ်ပေါ်မှာရည်းစားဖြစ်ပြီး အပြင်မှာသွားတွေ့မိတဲ့အမျိုးသမီး တည်းခိုခန်းမှာအဓမ္မကျင့်ခံရတဲ့အပြင် ၁၃ သိန်းတန် အိုင်ဖုန်းပါအခိုးခံလိုက်တဲ့ဖြစ်စဉ်တစ်ခု ပြီးခဲ့တဲ့ဧပြီ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သတင်းဖော်ပြမှုတွေအရ သိရပါတယ်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ (၅၁) ရပ်ကွက်၊ ရွှေယင်းမာလမ်းမှာနေထိုင်တဲ့ မ— (၂၁)နှစ်ဟာ လွန်ခဲ့တဲ့ (၁ )လခန့်က Facebook ပေါ်မှာ AK AK ဆိုတဲ့ Account ပိုင်ရှင် မိုးအောင်ဆိုသူ (နေရပ်လိပ်စာမသိ) နဲ့ သိကျွမ်းပြီး ချစ်ကြိုက်ခဲ့ရာက ဧပြီ ၁၀ ရက်နေ့မှာတော့ ဇော်မိုးအောင်က မ—အား အပြင်မှာတွေ့ဖို့ကမာရွတ်မြို့နယ်ရှိ ဂမုန်းပွင့်ကုန်တိုက်ကိုလာရောက်ဖို့ ဖုန်းနဲ့ချိန်းဆိုတဲ့အတွက် မ….ကလည်းသွားရောက်ခဲ့ပြီး ဇော်မိုးအောင်နဲ့တွေ့ဆုံခဲ့ပါတယ်။
အဲဒီလိုတွေ့ဆုံချိန်မှာ သာကေတမြို့နယ်က Waterboom ကို သွားရောက်လည်ပတ်မယ်ဆိုပြီး ဇော်မိုးအောင်နဲ့အတူ အငှားယာဉ်နဲ့ လိုက်လာခဲ့ရာသာကေတမြို့နယ်၊ ကမာကြည်တံတားအနီး “သုခမြိုင်တည်းခိုခန်း”ရှေ့အရောက်မှာ မုန့်ဝယ်စားမယ်လို့ပြောပြီး ကားကိုရပ်တန့်ခိုင်းကာ မ…အား ဇော်မိုးအောင်မှ “သုခမြိုင်တည်းခိုခန်း” ဆီ ခေါ်ဆောင်တဲ့အတွက် မ—က ငြင်းဆိုပေမယ့် မင်းငါ့ကိုမချစ်ဘူးလား
မင်းမလိုက်ရင် ပါးရိုက်မယ်”ဟ ပြောတဲ့အတွက် မ—အနေနဲ့ ၎င်းခေါ်ဆောင်ရာ “သုခမြိုင် တည်းခိုခန်း” အတွင်းသို့ လိုက်သွားခဲ့ကြောင်း၊ တည်းခိုခန်းရဲ့ အခန်းအမှတ် (A-3) အတွင်းရောက်ရှိပြီး မ—-အား ဇော်မိုးအောင်မှ နမ်းတဲ့အတွက် မ—က လွန်လွန်ကျူးကျူးတွေမဖြစ်ချင်ဘူးလို့ပြောပြီး ခြေထောက်နဲ့ တစ်ချက်ကန်ကာ ဇော်မိုးအောင်ရဲ့ ပါးကို တစ်ချက်ရိုက်လိုက်ပါတယ်။

ဒါပေမယ့် ဇော်မိုးအောင်က မ—ရဲ့ အဝတ်အစားတွေကို အတင်းဆွဲချွတ်ပြီး အလိုမတူဘဲ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခံခဲ့ရကြောင်း၊ သားမယားအဖြစ်ပြုကျင့်ခံရပြီးနောက် မ—ဟာ အိမ်သာထဲဝင်ရောက်ကာ သန့်ရှင်းရေးပြုပြီး ပြန်ထွက်လာတဲ့အခါ
အခန်းအတွင်းမှာ ဇော်မိုးအောင်ဆိုသူကို မတွေ့ရှိရတော့ဘဲ ခုတင်ပေါ်မှာတင်ထားတဲ့မ— ရဲ့ iPhone 11 အဖြူရောင်ဖုန်း (၁)လုံး၊ ကာလတန်ဖိုးငွေ(၁၃)သိန်းကျပ်ခန့်ကိုလည်း ခိုးယူသွားကြောင်း သိလိုက်ရတဲ့အတွက် ဇော်မိုးအောင်ဆိုသူကို အရေးယူပေးဖို့ မ—မှ တရားလိုပြုလုပ်ပြီး ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းခဲ့တယ်လို့ သိရပါတယ်။crd



