ကဲ အိမ်ထဲမှာနေပြီး တော်လှန်သင်္ကြန် အငြိမ့်လေး အားပေးကြပါစို့ ။
တော်လှန်သင်္ကြန် 💦 ကျနော်တို့ ပြည်သူလူထုအနေနဲ့ အကြမ်းဖက်စစ်အုပ်စုက လုပ်ကြံဖန်တီးနေတဲ့ အတုအယောင် “အပျော်သင်္ကြန်” ကို ဆန့်ကျင်သပိတ်မှောက်ကြမယ်၊ ဒီနှစ်သစ်ကူးကာလကို “တော်လှန်သင်္ကြန်” အဖြစ် မှတ်ယူဖြတ်သန်းကြမယ်ဆိုတာ သဘောပေါက်၊ နားလည်ထားကြပြီး ဖြစ်တယ်။ဒီတော့ ကျနော်တို့တွေ အပျော်သင်္ကြန်မဟုတ်တဲ့ တော်လှန်သင်္ကြန်မှာ အိမ်မှာနေရင်း #ဟားငါးကောင် ရဲ့ တော်လှန်သင်္ကြန် အစီအစဉ်လေး ကို အားပေးပြီး အာဏာရှင်ရဲ့ သင်္ကြန်ပွဲတွေကို ငြင်းဆန်ကြရအောင်။
#ဟားငါးကောင် ရဲ့ တော်လှန်သင်္ကြန် အစီအစဉ် ကို သင်္ကြန်အကြိုနေ့ နဲ့ အကျ နေ့ ည (၈) နာရီ တိတိမှာ D Day Channel ၊ PVTV ၊ Mizzima Channle တို့မှ ထုတ်လွှင့်တင်ဆက်သွားမှာ ဖြစ်ပါတယ် ။