ၾကားသိရသမွ်

ညဖက်ကြီးလမ်းဘေးမှာ လူအုပ်ကြီးလိုက် ဝိုင်းပြီးထမင်းစားနေတာတွေ့လို့ ဘာဖြစ်တာလဲ မေးကြည့်လိုက်တဲ့အခါ

မြေပြင်အခြေအနေ မသိဘဲ အထက်ကနေ အမိန့်စာပဲ ထုတ်နေတဲ့ လူကြီးတွေ သိကြပါစေ…..

လမ်းဘေးမှာ ထမင်းထိုင်စားနေကြလို့ အခြေအနေမဲ့တွေလို့ မထင်ကြစေလိုပါ…။

မြန်မာပြည် မြောက်ဖက် အစွန်ဆုံးက ခေါင်လန်ဖူးမြို့လေးမှာ ကျရာတာဝန်ကို

သွားရောက် ထမ်းဆောင်ကြမယ့် ကျောင်းဆရာ၊ ဆရာမများ ဖြစ်ပါတယ်….။

အမိန့်စာတော့ ထွက်ပေးလိုက်ပါတယ်။ လက်တွေ့ရင်ဆိုင်ရတာက မြေပြင်က သူတွေပါ၊

ဆရာ ဆရာမတို့ ကိုဗစ်ကင်းစင်စွာနဲ့ အန္တရာယ်ကင်းစွာနဲ့ တာဝန်ကျရာစီ ရောက်ရှိကြပါစေ။

တာဝန်ကျရာ ခေါင်လန်ဖူးမြို့နယ်သို့ သွားကြသော ဖားကန့်မြို့နယ်ဝန်ထမ်းများအား

တည်းခိုခန်းမှာ နေရာမပေးသလို၊ စားသောက်ဆိုင်များတွင်လည်း စားခွင့် မပြုခဲ့သောကြောင့်

လမ်းဘေးတွင်သာ အဆင်ပြေသလိုစားလို့ အားဖြည့်နေရပါတယ်…….။

မေတ္တာပို့သခြင်းနဲ့ fighting ပါလို့ပဲတတ်နိုင်ပါတယ်.. ဆရာ ဆရာမတို့ရှင်…။

(ဖူးလေး)











(ဖူးလေး)