ၾကားသိရသမွ်

စစ်တပ်ထောက်ခံ အားပေးနေသူလို့ ဝေဖန်နေကြသူတွေကို ထိထိမိမိ စကားလုံးတွေနဲ့ ပြန်လည် ချေပလာတဲ့ ဖိုးသောကြာ

စစ်တပ်ထောက်ခံ အားပေးနေသူလို့ ဝေဖန်နေကြသူတွေကို ထိထိမိမိ စကားလုံးတွေနဲ့ ပြန်လည် ချေပလာတဲ့ ဖိုးသောကြာ

မင်္ဂလာပါ မြန်မာသံစဉ်တွေနဲ့တူတူ ပရိတ်သတ်အားပေးမှုအခိုင်အမာနဲ့ အောင်မြင်ခဲ့တာကတော့ အဆိုတော်သုမောင်ရဲ့သား ဖိုးသောကြာပါ။ မကြာခင်အချိန်ကလည်း လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတင်ခဲ့တာ postတစ်ခုကြောင့် ဝေဖန်ခံနေရတတာပါ။

ဒါကြောင့် ဆိုရှယ်မီဒီယာကိုသိပ်မသုံးတဲ့ ဖိုးသောကြာကတော့ သူရဲ့ဆိုရှယ်မီဒီယာကနေခုမှာ အောက်ပါစာအတိုင်းရှင်းပြခဲ့တာပါနော်

လူ့အလို နတ်မလိုက် ” လို့ပြောလိုက်ရင် ကိုယ်က နတ်ကြီးဖြစ်နေပြန်ဦးမယ်။ အဲလိုပြောလို့လဲ မဖြစ်ပြန်ဘူး။ဒဲ့ပြောတာပဲကောင်းပါတယ်လေ။

၂၀၁၆ ခုနှစ်က ကျနော်ရေးထားတဲ့ ပို့စ် တစ်ခုကိုကို ပြန်ရှယ်ပြီး ကျတော်ကိုတိုက်ခိုက်နေကြတယ်ဆိုတာ ကျနော့်မိတ်ဆွေစစ်တွေ၊ ပရိသတ်စစ်စစ်တွေက ပြောလို့ကျနော်သိရတယ်။

နဂိုကတည်းကလည်း FB အသုံးနည်းတယ်။ FB က ကျနော့်ကမ္ဘာမဟုတ်ဘူး။ ကျနော် ဝင်လည်းမကြည့်ဘူး။ ရှင်းလည်းမရှင်းဘူး။ မရှင်းဘူးဆိုတာ ရှင်းစရာမလိုလို့ မရှင်းဘူးဆိုတာ ရှင်းရှင်းလေးပါ။

မရှင်းပဲနေတော့ ” အိပ်ပျော်နေတာလား၊ကြောက်နေတာလား၊ သေနေပြီလား ” မျိုးစုံပါပဲ။ ဟော ထရှင်းကြည့်လိုက်လေ ” အိပ်နေရာက နိုးလာပြီ၊ မနေနိုင်လို့ထွက်လာပြီ ၊ ကြောက်လို့ထွက်ရှင်းပြီလို့ ” ပြောကြဦးမယ်။ ခုလည်းမရှင်းပဲ နေနေတာပါ။ အမှန်ကိုသိတဲ့ လူတွေက စာတွေပို့ပြီး ရှင်းပေးပါဆိုလို့ ရှင်းရပါဦးမယ်။ ၂၀၁၆ က ကိစ္စမို့ ၂၀၁၆ ကိစ္စနဲ့ပဲအရင်ရှင်းပါ့မယ်။

လူတစ်ယောက်က စာရေးတဲ့အခါ ဖြစ်ပေါ်နေတဲ့ အချိန်ကာလနဲ့ ခံစားမှုပေါ်မူတည်ပါတယ်။ အဲဒီအချိန်က ရေးခဲ့တဲ့စာနဲ့ ခံစားမှု့ကို ခု ၂၀၂၁ မှာ ဘာလို့မရေးတာ ဆိုတော့ ရှင်းရှင်းလေးပါပဲ ခံစားချက်မတူလို့ပါ။ဟုတ်ပြီ ပွင့်ပွင့်လင်းလင်း‌ပဲ ပြောကြပါစို့။

၂၀၁၅ ရွှေးကောက်ပွဲတုန်းက NLD အစိုးရကိုမဲပေးခဲ့တယ်။ ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ အစိုးတစ်ရပ်ဖြစ်လာခဲ့တယ်။ ပြည်သူတစ်ယောက်အနေနဲ့ ၂၀၁၅ မတိုင်ခင်က အစိုးနဲ့ နှိုင်းယှဉ်ခဲ့တယ်။ ဒါကလည်း လူ့သဘာဝပဲလေ။ ကိုယ့်အစိုးရဖြစ်လာတော့မှ ဈေးတွေတက်လာတယ်။ ဒါကိုအားမလိုအားမရဖြစ်ပြီး ရေးတယ်။

ပြည်သူတစ်ယောက်နေနဲ့ အော်တယ်။ ဒါဘာဖြစ်လည်း။ အဲဒီ့ကတည်းက ကျနော့်ကိုဝိုင်းဆဲကြတယ်။ အဲဒီ့ကတည်းက ပို့စ်ကိုဖျက်ခဲ့လို့ရတယ်။ ကျနော်မဖျက်ခဲ့ဘူး။

နောက်တစ်ခုက YBS တွေလုပ်တော့ လူသွားပလက်ဖောင်း တွေပေါ်မှာ bus လမ်းညွှန်တွေ လိုက်စိုက်တယ်။ စိုက်တာကလူသွားလမ်းမအလည်တဲ့တဲ့မှာ စိုက်ချင်သလိုစိုက်ခဲ့ကြတယ်။ အောက်ခြေက ဝန်ထမ်း‌တွေကတော့ ခိုင်းရင်လုပ်မှာပဲ။

ဒါကိုအပေါ်ကလူက စည်းစနစ်တကျ ခိုင်းဖို့လိုတယ် မြင်လို့ ပြည်သူတစ်ယောက်အနေနဲ့ ထောက်ပြခဲ့တယ်ဒါလည်းဝိုင်းဆဲကြပြန်တာပဲ။

( ဆဲတဲ့လူတိုင်းကို ပြန်ဆဲရအောင် ကျနော့်မိဘကမဆုံးခဲ့တာမှ မဟုတ်တာလေ )။အဲဒီ့မှာ ကျနော်အသိတစ်ခုရခဲ့တယ်။ လူကြီးတွေကိုယ်တိုင်က ကိုယ်တင်တဲ့ အစိုးရ၊ ကိုယ်ရွေးချယ်တဲ့ အစိုးရကိုယ်ဝေဖန်ပိုင်ခွင့်၊ အပြစ်တင်ခွင့်၊ တောင်းဆိုပိုင်ခွင့်ရှိတယ်လို့‌ပြောခဲ့ပေမယ့် မတောင်းဆိုရဲ မဝေဖန်ရဲတဲ့ နိုင်ငံမှာကျနော်တို့နေနေရတယ်ဆိုတာပါပဲ။

ကမ္ဘာကို မှီဖို့မပြောနဲ့ မယှဉ်နဲ့ ကိုယ့်နိုင်ငံတွင်းမှာ ရှိတဲ့ ရန်ကုန်နဲ့ မန္တလေးပဲ ယှဉ်ကြည့်စမ်းပါ။ NLD အစိုးရလက်ထက်မှာ မန္တလေးမြို့ကြီး ဘယ်လောက်တိုးတက်လာခဲ့လည်း။

ရှင်းရှင်းလေးပဲ။ပြည်သူတွေပြောတဲ့ အသံကိုနား ထောင်တယ်။ ဝေဖန်တာကိုလက်ခံတယ်။ မန္တလေးကျုံးအပြင်ဘက် စတီးအကာတွေကာတာကအစ ပြည်သူ့ကိုချပြီး ပြည်သူ့အကြိုက်ကို လိုက်ပြီး အကောင်းဆုံးဖြစ်အောင် plan ချပြီး လုပ်ခဲ့တယ်။ ဒါကဥပမာပဲ။

ကိုယ်ရွေးချယ်ခဲ့တဲ့ အစိုးရ ဘာလုပ်လုပ်မှန်တယ် ဆိုပြီး ဇွတ်မှိတ်ထောက်ခံနေသမျှ ကျနော်တို့နိုင်ငံ ဘယ်တော့မှ မတိုးတက်နိုင်ပါ။

အဲလိုဘာလုပ်လုပ်မှန်တယ်ဆိုပြီးဇွတ်မှိတ်ထောက်ခံနေတဲ့အထဲမှာ ကျနော်မပါခဲ့ဘူး။

ဒါပေမယ့် အဲလို ဝေဖန်တာကို ဝိုင်းဆဲကြလို့ ခံခဲ့ရပြီးနောက်ပိုင်း ဘယ်တော့မှ နိုင်ငံရေးအကြောင်း မပြောတော့ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။

ခုပြောနေတာတွေက ၂၀၁၆ ကကိစ္စနဲ့ ပက်သတ်ခဲ့တဲ့အကြောင်းတွေပဲ။ ကိုယ်ရေးခဲ့တဲ့ ပိုစ့်နဲ့ ပက်သတ်ပြီး ဖျက်ဖို့ ဝိုင်းပြောကြတယ်။

ကိုယ်မှန်တာ ရေးခဲ့အတွက် ဖျက်ဖို့စိတ်ကူးမရှိပါဘူး။နောက်တစ်ခုရှိပါသေးတယ် NLD ပါတီကို မထောက်ခံတဲ့ သူတွေရှိတယ်။

ထောက်ခံတဲ့သူတွေ ဒုနဲ့‌ဒေးရှိတယ်။ဘာပါတီမှ မထောက်ခံတဲ့ သူတွေရှိတယ်။ ဒါကို NLD ပါတီကိုမထောက်ခံတဲ့ သူကို ရန်သူလိုသဘောထားတဲ့ လူတစ်စုရှိတယ်။

ဘယ်ပါတီမှ မထောက်ခံတော့လည်း ကြားနေလို့ ပြောကြပြန်တယ်။ ခုလည်း ကျနော့်ကို ၂၀၁၆ ကပို့စ်နဲ့ပက်သတ်ပြီး အဘဘောမ တို့ဘာတို့ပြောကြပါတယ်။ ပြောချင်တာပြော ကျနော် ဂရုမစိုက်ပါဘူး။

ကိုယ်မဟုတ်တာ ကိုယ်သိနေတဲ့အတွက် မခံစားဘူး။ ‌ခေတ်အဆက်ဆက် အစိုးရအဆက်ဆက် ဖုန်းတစ်လုံး မြေတစ်ကွက် မတောင်းဖူးဘူးဆိုတာလည်း ပြောထားဘူးတယ်။

ခုချိန်ထိ ဖိုးသောကြာမှာ ကိုယ်ပိုင်အိမ်မရှိဘူး။ အဘဘောသာမခဲ့ပြီး တက်လာသမျှ အစိုးရကို ကပ်ခဲ့ရင်တော့ ဖိုးသောကြာ ချမ်းသာတာကြာလှပေါ့။

အဲဒါကို အကြောင်းပြုပြီး ကျနော့်မိန်းမ လုပ်ငန်းကိုတိုက်ခိုက်ကြတယ်။

COVID ကာလကစပြီး နိုင်ငံရေး မငြိမ်သက်မှုတွေ ဖြစ်လာပြီးနောက်ပိုင်း အနုပညာသမားတွေ အလုပ်မရှိတာ လူတိုင်းနီးပါးပဲ။

အဲဒီထဲမှ ကျနော်ကိုယ်တိုင်အပါအဝင်ပါ။ အလုပ်မရှိပဲ ဘာနဲ့ စားနေသလည်း၊ အဘဘောမပြီး စားနေတာလား ဆိုတဲ့မေးခွန်းကြောင့်ပြောရပါဦးမယ်။

ကျနော်အလုပ်မရှိတော့ ကျနော့်မိန်းမက သူတတ်ထားတဲ့ သူဝါသနာပါတဲ့ bakery လုပ်ငန်းကို စလုပ်ပါတယ်။

ကျနော့် wall ပေါ်မှာ တစ်စက်လေးမှ ကျနော် မကြော်ငြာပေးခဲ့ပါဘူး။ ကိုယ့်ဟာကိုယ်ကြိုးစားပါစေဆိုပြီး လွှတ်ပေးထားခဲ့တယ်။

သူ့လုပ်ငန်းအောင်မြင်လာတယ်။ ဒါကို မနာလိုကြလို့ တိုက်ခိုက်ကြပြန်တယ်။ ရှိပါစေ။

သူ့အကျိုးပေးနှင့်သူရှိလာမှာ လောကဓမ္မတာပါ။ ခုတော့ ကျနော်မကြော်ငြာပေးပါနဲ့ လူပိုသိလာတာကလည်း စေတနာမှန်လို့ပဲ ထင်ပါတယ်။

ခုပြောခဲ့‌တာတွေကတော့ ” ဧတေန သစ္စဝဇ္ဇေန သောတ္တိ မေ ဟောတု သဗ္ဗဒါ ” ပါပဲ။

ကမ္ဘာပေါ်မှာ ဘာသာကြီး ၄ ခုရှိတယ်။ ဘာသာငယ်လေးတွေ အများကြီးရှိတယ်။ ကိုယ်ကြိုက်ရာ ကိုယ်ကိုးကွယ်နေကြတာပါပဲ။

ကျနော်က ဗုဒ္ဓဘာဘာ ကိုးကွယ်လို့ အခြားဘာသာ ဝင်ကိုကျနော်မုန်းခွင့်မရှိသလို ရန်သူလို့သဘောထားခွင့်မရှိပါဘူး။ ဒါကိုက ဒီမိုကရေစီပါ။

အဲဒီ့ ဘာသာတွေအားလုံးထဲကမှ တစ်ခုမှ မကိုးကွယ်လို့ဆိုပြီးကြားနေသူ ဆိုပြီးလည်း ကျနော်ပြောခွင့်မရှိပါဘူး။ ကမ္ဘာပေါ်မှ ဘာသာမဲ့တွေ အများကြီးရှိနေပြန်ပါတယ်။

အဲဒီ့တော့ ကိုယ့်ဘာသာရဲ့ အဆုံးအမအရကိုယ်လိုရာပြန်ဆွဲယူကြရရင်ဖြင့် ဗုဒ္ဓ အဆုံးအမဖြစ်တဲ့” အတ္ထာဟိ အတ္တနော နာထော ” ပါပဲ။

ဖိုးသောကြာ၄.၁၀.၂၀၂၁၂၀၂၁ ရှင်းတမ်း လာပါဦးမယ်“ဆိုပြီးတော့ ရှင်းလည်းခဲ့တာပါနော်။

နောက်ထပ်ရှင်းလင်းချက်တွေလည်းပြောပြဖို့ရှိသေး တာကြောင့်ပရိသတ်ကြီးလည်း စောင့်မျှော်အားပေးကြပါဦးတဲ့။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။