ဘဝတွေကခါးလွန်းတယ်
ဆရာဝန်မရှိတဲ့PDFနေရာတစ်ခုက အပြင်းဖျားနေတဲ့ အမျိုးသမီးရဲဘော်တစ်ယောက်ရှိလို့လာခေါ်ရှာတယ်
ရောက်သွားတော့တွေ့လိုက်ရတဲ့မြင်ကွင်းကရင်ထဲစို့သွားတယ် အဖျားကလည်းကြီးဆရာဝန်လည်းမရှိတော့ သူတို့အချင်းချင်းတတ်သလောက်လုပ်ထားပေးပုံက အဖျားကျအောင်တဲ့ Pad ကြီး (လစဉ်သုံးဂွမ်း)ကိုရေစွတ်ပြီး နဖူးမှာကပ်ထားတယ်
ဘာလို့ကပ်ထားတာလဲမေးတော့ အဖျားအရမ်းကြီးတော့အပူစုပ်အောင်တဲ့ ရုတ်တရက်ဘာပြောရမှန်းတောင်မသိတော့ဘူး
မြင်ရတာစိတ်ထဲလည်းတော်တော်မကောင်းဘူး အသက်လေးတွေက 18/19 လေးတွေ စာသင်ရမဲ့အရွယ်တွေက စာသင်ခန်းထဲမှာမရှိဘဲဒီလိုနေရာမှာဒီလိုဒုက္ခလာခံနေကြတယ်
အရာရာမပြည့်မစုံချို့တဲ့နေတဲ့ကြားမှာကြိုးစားပြီးရှင်သန်နေကြတယ်
မိသားစုနဲ့ဝေးနေတဲ့အချိန်မှာကိုယ့်အချင်းချင်းဖေးမကူညီပြီးနေကြရတယ် ဒီလိုမျိုးဖြစ်နေတာအိမ်ကမိဘတွေသိရင်,ရင်ကျိုးလိုက်မဲ့ဖြစ်ခြင်း အာဏာရူးတဲ့လူ့တိရစ္ဆာန်တစ်စုကြောင့်သာမဟုတ်ရင် ဒီလိုအချိန်မှာ လူငယ်တွေရဲ့အနာဂတ်ကသိပ်ကိုလှနေမှာ Crd

zawgyi
ဘဝတွေကခါးလွန်းတယ်