သင်ရွေးချယ်လိုက်တဲ့ ပန်းလေးကတစ်ဆင့် သင်ဘယ်လောက်အတ္တကြီးလဲ ပြောပြမယ်
တစ်စုံတစ်ယောက်ကို မချစ်ခင် ကိုယ့်ကိုယ်ကို အရင်ချစ်တတ်အောင် ကြိုးစားရမယ်တဲ့။ ဟုတ်ပါတယ်…ကျွန်မတို့ဟာ သူတစ်ပါးကို မချစ်ခင် ကိုယ်ကိုယ်ကို အရင်ချစ်တတ်အောင် ကြိုးစားရပါမယ်။ ဒါပေမယ့် ချစ်တာနဲ့ အတ္တကြီးတာက မတူပါဘူး။ ကိုယ်တိုင် ပျော်ရွှင်ဖို့ ၊ အောင်မြင်ဖို့အတွက် သူတစ်ပါးကို စိတ်ဆင်းရဲ၊ စိတ်အနှောင့်အယှက် ဖြစ်အောင်လုပ်တာမျိုးကို အတ္တကြီးတယ်လို့ ခေါ်ပါတယ်။ ဒီနေ့မှာတော့ သင့်ရဲ့ရွေးချယ်မှုတွေကတစ်ဆင့် သင်ဘယ်လောက် အတ္တကြီးလဲဆိုတာကို ပြောပြပေးသွားမှာပါနော်….
နံပါတ် (၁)
သင်ဟာ အတ္တမကြီးပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သင်ဟာ သူတစ်ပါးကို နားလည် ခွင့်လွှတ်ပေးတတ်ပြီး သူတို့တွေရဲ့ အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေကို လက်ခံပေးတတ်ပါတယ်။ ဒါ့အပြင် သင်ဟာ တဖက်သားရဲ့ခံစားချက်တွေကို ဂရုစိုက်ပေးတဲ့အပြင် သူတို့ရဲ့ ရင်တွင်းခံစားချက်တွေကို နားထောင်ပေးတတ်ပြီး အကြံကောင်းတွေလည်း ပေးတတ်ပါသေးတယ်။
နံပါတ် (၂)
သင်ဟာ ဟန်ချက်ညီတဲ့ အတ္တမျိုးကို ပိုင်ဆိုင်ထားပါတယ်။ ဆိုလိုတာက သင်ဟာ တဖက်သားကို နာကျင်ပြီး စိတ်ဆင်းရဲအောင် မပြုလုပ်ဘဲ ကိုယ့်ကိုယ်ကို ချစ်တတ်ပါတယ်။ ပြောရရင် ကိုယ့်အထာနဲ့ကိုယ် နေတတ်တာမျိုးပေါ့။ ကိုယ့်ဘက်က ဖြစ်ချင်တဲ့ဆန္ဒကို သေချာနားလည်သဘောပေါက်ပြီး လူတွေရဲ့ အလေးပေးအာရုံစိုက်တာကို ခံချင်တတ်ပါတယ်။ ဒါကြောင့် တဖက်သားကို မထိခိုက်စေဘဲ တရားမျှတတဲ့ နည်းလမ်းတွေနဲ့ ကြိုးစားတတ်ပါတယ်။
နံပါတ် (၃)
သင်က အတ္တမကြီးတတ်ဘဲ လွန်စွာကိုယ့်ကိုယ်ကို နှိမ့်ချတတ်တဲ့ လူတစ်ယောက်ပါ။ ဒါကြောင့်လည်း တချို့လူတွေရဲ့ အသုံးချခြင်းကို ခံရတတ်ပါတယ်။ ဒါကလည်း သင့်ရဲ့ဖြူစင်ပြီး သူတစ်ပါးအပေါ် အပြစ်မမြင်တတ်တဲ့ စိတ်ကြောင့်ပါ။ အမှန်တော့ သင်ဟာ ကိုယ့်ကိုယ်ကိုလေးစားပြီး ယုံကြည်မှုအပြည့်ရှိသူပါ။
နံပါတ် (၄)
သင်ဟာ အလွန်အတ္တကြီးတဲ့လူတစ်ယောက်ပါ။ ကိုယ့်ကိုယ်ကို အရမ်းချစ်တတ်ပြီး တခြားဘယ်သူ့ကိုမှ ထည့်မတွက်ပါဘူး။ ဒါ့အပြင် တဖက်လူအပေါ်လည်း ကြင်ကြင်နာနာနဲ့ နူးနူးညံ့ညံ့ မဆက်ဆံတက်ပဲ တစ်ကိုယ်ကောင်းဆန်ပါတယ်။ သင့်ရဲ့မာနနဲ့ အတ္တတွေကို နားလည်လက်ခံပေးနိုင်တဲ့ လူအနည်းစုသာ သင့်ဘေးမှာ နေနိုင်ကြပါတယ်။
နံပါတ် (၅)
သင်က အတ္တမကြီးတတ်ပေမယ့် ကလေးဆန်တဲ့အကျင့်လေးတွေ ရှိပါတယ်။ ဒါပေမယ့် လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတဲ့အတိုင်း ဒီကလေးဆန်တဲ့ အကျင့်လေးကိုပဲ အတ္တကြီးတယ်လို့ တချို့က ထင်တတ်ကြပါတယ်။ အမြဲသင့်ဘက်က အမှန်လို့ ထင်တဲ့စိတ်ကလေးကြောင့် တချို့လူတွေနဲ့ အဆင်မပြေတတ်ပါဘူး။ ဘယ်လိုပဲဖြစ်နေပါစေ သင်ဟာ အရမ်းကူညီတတ်ပြီး သူငယ်ချင်းကောင်းတစ်ယောက်ပါ။
#lotaya_quiz