ဗဟုသုတ

ကိုယ့်အဝတ်အစားတွေ အမြဲတမ်း အသစ်လေးလို ဖြစ်နေစေဖို့ အဝတ်လျှော်တဲ့ အခါအသုံးပြုရမယ့် နည်းလမ်း (၅) သွယ်

စျေးကြီးပေးရတဲ့အဝတ်အထည်တွေကိုဝယ်ပြီးရင် ခဏလေးနဲ့ဟောင်းမသွားအောင် ပျက်စီးမသွားအောင်လည်း ထိန်းသိမ်းတတ်ဖို့လိုပါတယ်။

ပိုက်ဆံများများအကုန်ခံထားပြီး လွယ်လွယ်နဲ့အရောင်တွေကျမယ်၊ ကျယ်လာမယ်၊ ဟောင်းနွမ်းလွယ်မယ်ဆို ပိုက်ဆံကုန်ထားတာနဲ့ မတန်တော့ပါဘူး။

ဒါကြောင့် စျေးကြီးပေးဝယ်ထားရတဲ့ အဝတ်တွေကို အချိန်ကြာတဲ့အထိ အသစ်အတိုင်းဖြစ်အောင် ထိန်းသိမ်းနည်း၊ လျှော်ဖွပ်နည်းလေးတွေကိုပြောပြပေးလိုက်ပါတယ်။

၁။ အဝတ်လျှော်စက်ထဲ ရေခဲတုံးထည့်လျှော်ပါ။ အဝတ်လျှော်တဲ့အခါ အဝတ်လျှော်စက်ထဲ ရေခဲတုံးလေးတွေထည့်လျှော်ပေးတာက အဝတ်လေးတွေကိုပိုသန့်စေပါတယ်။

၂။ အဝတ်လျှော်တဲ့အခါ ဆားထည့်ပြီးလျှော်ပါ။ ဆားကအစွန်းအကွက်တွေကိုဖယ်ရှားပေးနိုင်တဲ့အစွမ်းရှိပြီး အရောင်မကျအောင်လည်း ထိန်းသိမ်းပေးပါတယ်။

၃။ အဝတ်တစ်ထည်ချင်းကို zip အိတ်လေးတွေထဲ ထည့်ပြီးလျှော်ပါ။ စျေးကြီးတဲ့အဝတ်တွေကို စက်ထဲထည့်လျှော်မယ့်အခါ တစ်ထည်ချင်း zip အိတ်လေးတွေထဲထည့်ပြီးမှ လျှော်ပေးပါ။

ဒါက အဝတ်တွေအလွယ်တကူဟောင်းမသွားအောင်လည်း ထိန်းသိမ်းပေးတဲ့အပြင် အရောင်ကျွတ်တာ၊ စွန်းတာတွေမဖြစ်အောင်လည်း တားဆီးပေးပါတယ်။

၄။ ချည်ထည်တွေကျုံ့မသွားဖို့ baby shampoo ထည့်လျှော်ပေးပါ။ ချည်ထည်အကောင်းတွေဝယ်ပြီးရင် လျှော်လေကျုံ့လေ ပြဿနာကို ရင်ဆိုင်ရပါတယ်။ ဒီလိုမဖြစ်ဖို့ ချည်ထည်တွေကိုလျှော်တဲ့အခါ baby shampoo လေးထည့်လျှော်လိုက်ပါ။

၅။ အဝတ်မှာအသီးထလာရင် razor လေးနဲ့ဖယ်ပေးပါ ။ အဝတ်တွေမှာအသီးလေးတွေထလာရင် လက်နဲ့ဆွဲတာမျိုးသွားမလုပ်ပါနဲ့ချည်စတွေထွက်လာပြီး အထည်ကိုပျက်စီးစေပါတယ်။

ဒါကြောင့် အသီးထလာရင် razor လေးနဲ့ရိတ်ပေးလိုက်ပါ။ အဝတ်လေးတွေ အသစ်လိုပဲ ပြန်သန့်သွားစေပါတယ်။

Credit – original writer

Zawgyi ဖြင့်ဖတ်ပါ

ကိုယ့်အဝတ်အစားတွေ အမြဲတမ်း အသစ်လေးလို ဖြစ်နေစေဖို့ အဝတ်လျှော်တဲ့ အခါအသုံးပြုရမယ့် နည်းလမ်း (၅) သွယ်

ဈေးကြီးပေးရတဲ့အဝတ်အထည်တွေကိုဝယ်ပြီးရင် ခဏလေးနဲ့ဟောင်းမသွားအောင် ပျက်စီးမသွားအောင်လည်း ထိန်းသိမ်းတတ်ဖို့လိုပါတယ်။ ပိုက်ဆံများများအကုန်ခံထားပြီး လွယ်လွယ်နဲ့အရောင်တွေကျမယ်၊ ကျယ်လာမယ်၊ ဟောင်းနွမ်းလွယ်မယ်ဆို ပိုက်ဆံကုန်ထားတာနဲ့ မတန်တော့ပါဘူး။

ဒါကြောင့် ဈေးကြီးပေးဝယ်ထားရတဲ့ အဝတ်တွေကို အချိန်ကြာတဲ့အထိ အသစ်အတိုင်းဖြစ်အောင် ထိန်းသိမ်းနည်း၊ လျှော်ဖွပ်နည်းလေးတွေကိုပြောပြပေးလိုက်ပါတယ်။

၁။ အဝတ်လျှော်စက်ထဲ ရေခဲတုံးထည့်လျှော်ပါ။ အဝတ်လျှော်တဲ့အခါ အဝတ်လျှော်စက်ထဲ ရေခဲတုံးလေးတွေထည့်လျှော်ပေးတာက အဝတ်လေးတွေကိုပိုသန့်စေပါတယ်။

၂။ အဝတ်လျှော်တဲ့အခါ ဆားထည့်ပြီးလျှော်ပါ။ ဆားကအစွန်းအကွက်တွေကိုဖယ်ရှားပေးနိုင်တဲ့အစွမ်းရှိပြီး အရောင်မကျအောင်လည်း ထိန်းသိမ်းပေးပါတယ်။

၃။ အဝတ်တစ်ထည်ချင်းကို zip အိတ်လေးတွေထဲ ထည့်ပြီးလျှော်ပါ။ ဈေးကြီးတဲ့အဝတ်တွေကို စက်ထဲထည့်လျှော်မယ့်အခါ တစ်ထည်ချင်း zip အိတ်လေးတွေထဲထည့်ပြီးမှ လျှော်ပေးပါ။

ဒါက အဝတ်တွေအလွယ်တကူဟောင်းမသွားအောင်လည်း ထိန်းသိမ်းပေးတဲ့အပြင် အရောင်ကျွတ်တာ၊ စွန်းတာတွေမဖြစ်အောင်လည်း တားဆီးပေးပါတယ်။

၄။ ချည်ထည်တွေကျုံ့မသွားဖို့ baby shampoo ထည့်လျှော်ပေးပါ။ ချည်ထည်အကောင်းတွေဝယ်ပြီးရင် လျှော်လေကျုံ့လေ ပြဿနာကို ရင်ဆိုင်ရပါတယ်။ ဒီလိုမဖြစ်ဖို့ ချည်ထည်တွေကိုလျှော်တဲ့အခါ baby shampoo လေးထည့်လျှော်လိုက်ပါ။

၅။ အဝတ်မှာအသီးထလာရင် razor လေးနဲ့ဖယ်ပေးပါ ။ အဝတ်တွေမှာအသီးလေးတွေထလာရင် လက်နဲ့ဆွဲတာမျိုးသွားမလုပ်ပါနဲ့ချည်စတွေထွက်လာပြီး အထည်ကိုပျက်စီးစေပါတယ်။

ဒါကြောင့် အသီးထလာရင် razor လေးနဲ့ရိတ်ပေးလိုက်ပါ။ အဝတ်လေးတွေ အသစ်လိုပဲ ပြန်သန့်သွားစေပါတယ်။

Credit-original writer