အိပ်မက်ထဲမှာ မြွေတွေကိုတွေ့ရတဲ့အခါ ဘဝတစ်ဆစ်ချိုးပြောင်းလဲနိုင်တဲ့အထိ ဖြစ်လာနိုင်တဲ့ နိမိတ်များ
၁။ မြွေကို ကြောက်ပြီးထွက်ပြေးတယ်လို့ အိပ်မက်မက်တဲ့အခါ
အိပ်မက်ထဲမှာ မြွေက ကိုယ့်ကို ကိုက်တော့မယ့်ပုံစံ၊ ပေါက်တော့မယ့်ပုံစံနဲ့လိုက်လာလို့ကြောက်လန့်တကြားထွက်ပြေးရတယ်လို့ အိပ်မက်မြင်မက်တယ်ဆိုရင်သင့်ထံသို့ကံမကောင်းတဲ့ကိစ္စရပ်တစ်ခုမကြာခင်ရောက်ရှိလာတော့မှာလို့ဆိုလိုခြင်းဖြစ်ပါတယ်
၂။ မြွေနဲ့ တရင်းတနှီးကစားနေရတယ်လို့ မြင်မက်လျှင်
သင်ဟာပြင်ပမှာတော့ မြွေကိုသေမလိုကြောက်ပေမယ့် အိပ်မက်ထဲမှာမြွေနဲ့ရင်းနှီးကျွမ်းဝင်စွာကစားနေတယ်လို့ မြင်မက်တယ်ဆိုရင် သင်ရင်ဆိုင်ဖြေရှင်းနေရတဲ့ပြဿနာတွေရဲ့အရင်းအမြစ်ကိုရှာတွေ့ပြီးမကြာခင်ဖြေရှင်းနိုင်တော့မှာဖြစ်ပါတယ်
၃။ မြွေအရေခွံလဲတာကို သင်ကိုယ်တိုင်မြင်တွေ့ရတယ်လို့ မြင်မက်လျှင်
အိပ်မက်ထဲမှာ မြွေတစ်ကောင်အရေခွံလဲနေတာကို သင့်မျက်စိရှေ့မှာမျက်ဝါးထင်ထင်မြင်တွေ့ရတယ်ဆိုရင်မကြာခင်အချိန်မှာသင့်ထံသို့ ကောင်းသော ဘဝတစ်ဆစ်ချိုးပြောင်းလဲမှုတွေရောက်လာတော့မယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်
၄။ မြွေကို သတ်ရတယ်လို့ အိပ်မက်မြင်မက်လျှင်
အိပ်မက်ထဲမှာသင်ကိုယ်တိုင်မြွေကို သတ်လိုက်ရတယ်လို့ အိပ်မက်မြင်မက်လျှင် သင့်ဘဝမှာကြုံတွေ့နေရတဲ့အခက်အခဲဆုံးပြဿနာတွေကို ယုံကြည်ချက်အပြည့်နဲ့ ကျော်လွှားနိုင်မှာဖြစ်ပြီး သူမတူတဲ့အောင်မြင်မှုမျိုးရရှိတော့မှာဖြစ်ကြောင်း နိမိတ်ပြခြင်းဖြစ်ပါတယ်
၅။ မြွေကသင်ဘယ်သွားသွားနောက်ကလိုက်လာတယ်လို့မြင်မက်တဲ့အခါ
အိပ်မက်ထဲမှာ မြွေကသင်ဘယ်သွားသွားနောက်ကလိုက်နေတယ်လို့ မြင်မက်တာဟာ သင့်မှာ ငိုစရာ၊ ဝမ်းနည်းစရာကိစ္စရပ်တစ်ခုဖြစ်ပေါ်လာတော့မယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်
၆။ မြွေကိုက်ခံရတယ်လို့ အိပ်မက်မြင်မက်လျှင်
အိပ်မက်ထဲမှာ သင့်ကိုမြွေတစ်ကောင်ကပြင်းပြင်းထန်ထန် လိုက်ကိုက်ပြီးသင်ဒဏ်ရာရသွားတယ်လို့မြင်မက်တယ်ဆိုရင် ဘယ်လိုမှရှောင်လွဲလို့မရတော့တဲ့ ပြဿနာအကြီးကြီးပေါ်လာတော့မှာဖြစ်ပါတယ်..ဒီလိုအိပ်မက်မျိုးမြင်မက်ပြီးပြီဆိုရင် မပေါ့ဆသင့်ပဲသတိကြီးစွာနေထိုင်သင့်ပါတယ်
၇။ မြွေအချင်းချင်းရန်ဖြစ်နေတာကို အိပ်မက်မြင်မက်လျှင်
မြွေအချင်းချင်းရန်သတ်နေတာကို အိပ်မက်မြင်မက်တယ်ဆိုရင် သင်ပေါင်းသင်းနေတဲ့မိတ်ဆွေအပေါင်းအသင်းတွေထဲမှာ သင့်ကိုမလိုမုန်းထားသူရှိနေပြီလို့ဆိုလိုခြင်းပဲဖြစ်ပါတယ်..။
Credit :
Zawgyi