မိုးေလ၀သ

လေဖိအားနည်းရပ်ဝန်းကြောင့် တိုင်းနဲ့ ပြည်နယ် ၅ခုတွင် မိုးကြီးမယ်

လေဖိအားနည်းရပ်ဝန်းကြောင့် ယနေ့ ညနေအထိ ရန်ကုန်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၅ခုတွင် မိုးကြီးမယ်

လေဖိအားနည်းရပ်ဝန်းကြောင့် ယနေ့ ညနေအထိ ရန်ကုန်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၅ခုတွင် မိုးကြီးမယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန် လိုက်ပါတယ်။

ယနေ့အောက်တိုဘာလ(၁၆)ရက်နေ့နံနက်(၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်အရဘင်္ဂလား ပင်လယ်အော်အနောက် မြောက်ပိုင်

း(အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းနှင့် ဩရိဿတောင် ပိုင်း ကမ်းခြေ)တို့တွင် ဖြစ်ပေါ်နေသော လေဖိအား နည်းရပ်ဝန်းသည် ဆက်လက် တည်ရှိ‌နေပြီး ယင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး၊

ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါ တယ်လို့ဆိုပါတယ်။

ယင်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည် နယ် (မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင်

နေရာကျဲကျဲ၊ နေပြည်တော်၊ ရှမ်းပြည် နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာမယ်လို့ ဆိုပါတယ်။

လာမည့် ၂ ရက်အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးပိုလာနိုင်တယ်လို့ ဆိုပါတယ်။

—————————

ေလဖိအားနည္းရပ္ဝန္းေၾကာင့္ ယေန႔ ညေနအထိ ရန္ကုန္အပါအဝင္ တိုင္းနဲ႔ ျပည္နယ္ ၅ခုတြင္ မိုးႀကီးမယ္

ေလဖိအားနည္းရပ္ဝန္းေၾကာင့္ ယေန႔ ညေနအထိ ရန္ကုန္အပါအဝင္ တိုင္းနဲ႔ ျပည္နယ္ ၅ခုတြင္ မိုးႀကီးမယ္လို႔ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနက ထုတ္ျပန္ လိုက္ပါတယ္။

ယေန႔ေအာက္တိုဘာလ(၁၆)ရက္ေန႔နံနက္(၇:၀၀)နာရီအခ်ိန္ထုတ္ျပန္ခ်က္အရဘဂၤလား ပင္လယ္ေအာ္အေနာက္ ေျမာက္ပိုင္

း(အင္ဒရာပရာေဒ့ရွ္ေျမာက္ပိုင္းႏွင့္ ဩရိႆေတာင္ ပိုင္း ကမ္းေျခ)တို႔တြင္ ျဖစ္ေပၚေနေသာ ေလဖိအား နည္းရပ္ဝန္းသည္ ဆက္လက္ တည္ရွိ‌ေနၿပီး ယင္းေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီး၊

ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီ တိုင္းေဒသႀကီး၊ ကရင္ျပည္နယ္ႏွင့္ မြန္ ျပည္နယ္တို႔တြင္ ေနရာကြက္၍ မိုးႀကီးႏိုင္ပါ တယ္လို႔ဆိုပါတယ္။

ယင္းအျပင္ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္ နယ္ (ေျမာက္ပိုင္း)ႏွင့္

ကယားျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲ၊ ေနျပည္ေတာ္၊ ရွမ္းျပည္ နယ္(ေတာင္ပိုင္း)၊ ခ်င္းျပည္နယ္ ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္ႏွင့္ က်န္တိုင္း ေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း ႐ြာမယ္လို႔ ဆိုပါတယ္။

လာမည့္ ၂ ရက္အတြင္း ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္း ေဒသႀကီး ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ မိုးပိုလာႏိုင္တယ္လို႔ ဆိုပါတယ္။
crd