ကြၽန္ေတာ္တို႔ေတာ္ေတာ္မ်ားမ်ား ဘဝမွာ ဆူးစူးတတ္ၾကပါတယ္။ ဟိုးကေလးဘဝငယ္ငယ္ေလးတည္းကစူးလာခဲ့တဲ့ ဆူးေတြ ေနာက္ဆုံး ဘဝေနဝင္ခ်ိန္အထိ ဆူးေတြစူးေနၾကတုန္းေပါ့။ ငယ္ငယ္ကဆူးစူးရင္ ကြၽန္ေတာ္တို႔ငိုမယ္။ ခနေနရင္ တစ္စုံတစ္ ေယာက္က အဲ့ဒီဆူးေလးကို ျပန္ထုတ္ေပးလိုက္ရင္ေကာင္းသြားမယ္။ ဆူးႏႈတ္ရတာ လြယ္တယ္ေပါ့။
အဲ့ဒီလိုပဲ တစ္ဘဝလုံး မေက်နပ္မႈဆူးေတြ စူးလိုက္၊ ေလာဘဆူးေတြစူးလိုက္၊ ေဒါသဆူးေတြစူးလိုက္ ဆူးခ်င္တာ စူး အခ်ိန္နဲနဲ ဒဏ္ရာ အနာတရ နည္းနည္းနဲ႔ ကြၽန္ေတာ္တို႔ ျပန္ႏႈတ္ပစ္ခဲ့ၾကတယ္မလား။
ကြၽန္ေတာ္တို႔ ႐ိုး႐ိုးဆူးေလးေတြကိုေတာ့ အနာခံၿပီး အျမန္ႏႈတ္ပစ္ၾကႏိုင္ၾကေပမယ့္ ႏွလုံးသားကိုဆူးတဲ့ အခ်စ္ဆူး နာက်င္မႈဆူးေတြကိုေတာ့ လြယ္လြယ္နဲ႔ မႏႈတ္ပစ္ႏိုင္ၾကဘူးမလား? အဲ့ဒီႏွလုံးသားမွာ စူးေနတဲ့ဆူးေတြကို ပဲ တခါတေလ ျမတ္ျမတ္ႏိုးႏိုး ဖြဖြ႐ြ႐ြ ေပြ႕ဖက္ထားမိတယ္မဟုတ္လား? တခါတေလက်ေတာ့ ကြၽန္ေတာ္တို႔ဟာ ကိုယ့္ရင္ထဲ အသဲထဲ နက္နက္နဲနဲ စူးနစ္ဝင္ေနတဲ့ ဆူးေလးကို ထုတ္ေပးဖို႔ ကယ္တင္ရွင္ ကိုေမွ်ာ္မွန္းေတာင့္တေနမိတတ္ၾကျပန္ေရာ။
ကြၽန္ေတာ္ေျပာခ်င္တာက ဆူးတစ္ေခ်ာင္းရဲ႕ စ်ာပနာကိုေျပာခ်င္တာပါ။ ကိုယ္ခ်စ္ျမတ္ႏိုးသူနဲ႔ ေကြကြင္းရတဲ့ ဒုကၡ၊ ကိုယ့္ႏွလုံ းသားကို ဆုပ္ေျခပီး လမ္းတကာ လႊင့္ပစ္ထြက္သြားရက္သူကို စြဲလမ္းေနရတဲ့ ေမာဟ အဲ့ဒီဆူးေတြကို အေကာင္းဆုံးဘယ္လိုႏႈတ္ပစ္ၾကမလဲဆိုတာေပါ့။
အေကာင္းဆုံးဘယ္လို ႏႈတ္ပစ္မလဲဆိုတာကို မေျပာခင္ ကြၽန္ေတာ္တို႔ရဲ႕ဆူးေတြကို မမွန္ကန္တဲ့နည္းလမ္းေတြနဲ႔ ႏႈတ္ပစ္လို႔ ဒဏ္ ရာပိုျပင္းသြားတတ္တယ္ဆိုတာေလးကိုေျပာျပခ်င္တာပါ။ ဆိုလိုတာက ကြၽန္ေတာ္တို႔ဟာ တစ္ခါတစ္ေလမွာ ကိုယ့္ဒဏ္ရာကို သူမ်ားႏွလုံးသားနဲ႔ကုသတတ္ၾကတာပါ။
ကိုယ္ခံစားရတဲ့ ေဝဒနာေတြ သက္သာလိုသက္သာျငား အခ်စ္သစ္ ႏွလုံးသားသစ္ကို ရွာပီးကုၾကတာမ်ိဳးေပါ့။ တကယ္တမ္းက်ေတာ့ ကိုယ္ကိုတိုင္က ခ်စ္တတ္ေသးလား မခ်စ္တတ္ေတာ့ဘူးလား သူ႔ကိုခ်စ္တာလား မခ်စ္ဘူးလား စသျဖင့္ မေဝခြဲႏိုင္ေတာ့တဲ့အခ်ိန္မွာ အသဲႏွလုံးအစားထိုးပီးခ်စ္ၾကည့္တာမ်ိဳးေပါ့။ အခ်စ္သစ္ေတြရွာတာေပါ့။
ဒါမ်ိဳးက တစ္ကယ္ေတာ့ ခနတာ အတြက္ ေဝဒနာ သက္သာသြားေစရတယ္ထင္ရေပမယ့္ အခ်ိန္ၾကာလာရင္ ေဝဒနာေတြထပ္တိုးလာႏိုင္ပါတယ္။ ကိုယ့္ကိုထြင္တဲ့ဆူးနဲ႔ ကိုယ္ျပန္စူးမိေနႏိုင္တာမ်ိဳးေပါ့။ အနာက မသက္သာလာတဲ့အျပင္ သူမ်ားႏွလုံးသားနဲ႔ ကိုယ့္ဒဏ္ရာကို ကုမိတဲ့အခါ ႏွလုံးသား ႏွစ္ခုစလုံး ဒဏ္ရာထပ္ရလာႏိုင္ပါတယ္။
အဲ့ဒီလိုပဲ သူ႔ဘာသာ ဒဏ္ရာဗရပြနဲ႔ ႏွလုံးသားေတြက အျပစ္ကင္းတဲ့ ကြၽန္ေတာ္တို႔ႏွလုံးသားနဲ႔လာကုႏိုင္ပါတယ္။ ၿပီးေတာ့ သူ႔ဒဏ္ရာေတြနဲ႔ နာက်င္မႈေတြ ေဝဒနာေတြကို ကြၽန္ေတာ္တို႔ ႏွလုံးသားကို အသုံးခ်တတ္ၾကပါတယ္။
သူတို႔ ဒဏ္ရာကမက်က္တဲ့ အျပင္ ေနာက္ထပ္ ႏွလုံးသားတစ္ခုပါ ဒဏ္ရာရသြားတယ္ဆိုတာ သူတို႔ သတိမထားမိၾကပါဘူး။ ဒါေၾကာင့္ ဘာေၾကာင့္ပဲ ဘယ္လိုပဲ နာက်င္ရပါေစ ကိုယ့္ဒဏ္ရာကို သူမ်ားႏွလုံးသားနဲ႔ ဘယ္ေတာ့မွ မကုပါနဲ႔။
ဆူးကိုဆူးနဲ႔ မထြင္မိပါနဲ႔။ ဆူးကိုထြင္တဲ့ ဆူးက ကိုယ့္ကို ျပန္စူးေစတတ္ပါတယ္။ ၿပီးေတာ့ အျပစ္မဲ့တဲ့ ႏွလုံးသားေလးေတြကိုလည္း ဆူးေစတတ္ပါတယ္။ ကိုယ့္ရင္ထဲက ဆူးကို အေကာင္းဆုံးႏႈတ္ႏိုင္မယ့္နည္းလမ္းကေတာ့ ဆုံးရႈံးမႈကို တကယ္ဆုံးရႈံးလိုက္ရၿပီဆိုတာ လက္ခံလိုက္ဖို႔ပါပဲ။
တခ်ိဳ႕အရာေတြက ကြၽန္ေတာ္တို႔ ေျပာင္းလဲလို႔မရေတာ့ပါဘူး။ ကြၽန္ေတာ္တို႔ ေျပာင္းလဲလို႔မရေတာ့တဲ့ အရာေတြကို လက္ခံရဲတဲ့ သတၱိနဲ႔မွ ဒီဆူးေတြကို ႏႈတ္လို႔ရပါမယ္။ ေနာက္ၿပီး ကြၽန္ေတာ္တို႔ ေျပာင္းလဲလို႔ရေသးတဲ့အရာေတြကို ေျပာင္းလဲပစ္ႏိုင္တဲ့ သတၱိလည္းလိုအပ္ပါလိမ့္မယ္။
ကြၽန္ေတာ္အႀကံေပးရပါေစ။ တခ်ိဳ႕အရာေတြက ခင္ဗ်ားတို႔ ကြၽန္ေတာ္တို႔ ဘယ္လိုမွ ေျပာင္းလဲလို႔မရဘူးဆိုတာ လက္ခံလိုက္ပါ။ ခင္ဗ်ားလြတ္ေျမာက္ခ်င္ရင္ သူ႔ကို လြတ္ေျမာက္ခြင့္ေပးလိုက္ပါ။ ခရီးေတြသြားပါ..အားကစားတခုခုလုပ္ပါ..ဘဝမွာေကာင္းမြန္တဲ့အရာေတြ ကိုယ္နဲ႔ထိုက္တန္တဲ့အရာေတြရွိေသးတယ္ဆိုတာ ခနခနေျပာေပးပါ..နာက်င္စရာေတြကိုမဆုပ္ကိုင္ထားပါနဲ႔ေတာ့….
ဒီလိုမွ မလုပ္ႏိုင္ဘူးဆိုရင္ေတာ့ ကိုယ့္ျမႇားကိုယ္ျပန္ၿမိဳတဲ့ တာေတလူဆိုးႀကီးအျဖစ္ အမ်ားကို ေခါင္းညိတ္ျပလိုက္ပါ။ တခါကစြဲလမ္းဖူးတဲ့ ပုံျပင္တစ္ပုဒ္နဲ႔ ဆူးေတြထြန္းထားတဲ့လမ္းမွာေပေတၿပီး မတ္တပ္ဆက္ရပ္ေနလိုက္ပါ…
တခ်ိဳ႕လူေတြက ကြၽန္ေတာ္တို႔ဘဝထဲကို ခနဝင္လာၾကတယ္..
ပီးရင္ခနေလးနဲ႔ ျပန္ထြက္သြားၾကတယ္……
တခ်ိဳ႕လူေတြကို ကြၽန္ေတာ္တို႔က လွည့္စားတတ္ၾကၿပီး
တခ်ိဳ႕လူေတြက ကြၽန္ေတာ္တို႔ ကိုအ႐ူးတစ္ပိုင္းျဖစ္ေအာင္လုပ္သြားၾကတယ္…
တကယ္ေတာ့ေရစက္ကုန္သြားရင္ ေက်ာခ်င္းကပ္ထားရင္းအေဝးဆုံးေဝးသြားၾကရတာပဲ မဟုတ္လား..
ဒါေပမယ့္တစုံတေယာက္ကေတာ့ ကြၽန္ေတာ္တို႔ေဘးမွာ အၿမဲရွိေနပါလိမ့္မယ္….ဒါေပမယ့္ ကိုယ့္ႏွလုံးသားကဆူးကိုေတာ့ သူမ်ားႏွလုံးသားနဲ႔ ဘယ္ေတာ့မွမထြင္မိေစနဲ႔.ေပါ့ဗ်ာ…..
#Mg_Htet
#Lifestyle_Myanmar
Unicode
ကျွန်တော်တို့တော်တော်များများ ဘဝမှာ ဆူးစူးတတ်ကြပါတယ်။ ဟိုးကလေးဘဝငယ်ငယ်လေးတည်းကစူးလာခဲ့တဲ့ ဆူးတွေ နောက်ဆုံး ဘဝနေဝင်ချိန်အထိ ဆူးတွေစူးနေကြတုန်းပေါ့။ ငယ်ငယ်ကဆူးစူးရင် ကျွန်တော်တို့ငိုမယ်။ ခနနေရင် တစ်စုံတစ် ယောက်က အဲ့ဒီဆူးလေးကို ပြန်ထုတ်ပေးလိုက်ရင်ကောင်းသွားမယ်။ ဆူးနှုတ်ရတာ လွယ်တယ်ပေါ့။
အဲ့ဒီလိုပဲ တစ်ဘဝလုံး မကျေနပ်မှုဆူးတွေ စူးလိုက်၊ လောဘဆူးတွေစူးလိုက်၊ ဒေါသဆူးတွေစူးလိုက် ဆူးချင်တာ စူး အချိန်နဲနဲ ဒဏ်ရာ အနာတရ နည်းနည်းနဲ့ ကျွန်တော်တို့ ပြန်နှုတ်ပစ်ခဲ့ကြတယ်မလား။
ကျွန်တော်တို့ ရိုးရိုးဆူးလေးတွေကိုတော့ အနာခံပြီး အမြန်နှုတ်ပစ်ကြနိုင်ကြပေမယ့် နှလုံးသားကိုဆူးတဲ့ အချစ်ဆူး နာကျင်မှုဆူးတွေကိုတော့ လွယ်လွယ်နဲ့ မနှုတ်ပစ်နိုင်ကြဘူးမလား? အဲ့ဒီနှလုံးသားမှာ စူးနေတဲ့ဆူးတွေကို ပဲ တခါတလေ မြတ်မြတ်နိုးနိုး ဖွဖွရွရွ ပွေ့ဖက်ထားမိတယ်မဟုတ်လား? တခါတလေကျတော့ ကျွန်တော်တို့ဟာ ကိုယ့်ရင်ထဲ အသဲထဲ နက်နက်နဲနဲ စူးနစ်ဝင်နေတဲ့ ဆူးလေးကို ထုတ်ပေးဖို့ ကယ်တင်ရှင် ကိုမျှော်မှန်းတောင့်တနေမိတတ်ကြပြန်ရော။
ကျွန်တော်ပြောချင်တာက ဆူးတစ်ချောင်းရဲ့ စျာပနာကိုပြောချင်တာပါ။ ကိုယ်ချစ်မြတ်နိုးသူနဲ့ ကွေကွင်းရတဲ့ ဒုက္ခ၊ ကိုယ့်နှလုံ းသားကို ဆုပ်ခြေပီး လမ်းတကာ လွှင့်ပစ်ထွက်သွားရက်သူကို စွဲလမ်းနေရတဲ့ မောဟ အဲ့ဒီဆူးတွေကို အကောင်းဆုံးဘယ်လိုနှုတ်ပစ်ကြမလဲဆိုတာပေါ့။
အကောင်းဆုံးဘယ်လို နှုတ်ပစ်မလဲဆိုတာကို မပြောခင် ကျွန်တော်တို့ရဲ့ဆူးတွေကို မမှန်ကန်တဲ့နည်းလမ်းတွေနဲ့ နှုတ်ပစ်လို့ ဒဏ် ရာပိုပြင်းသွားတတ်တယ်ဆိုတာလေးကိုပြောပြချင်တာပါ။ ဆိုလိုတာက ကျွန်တော်တို့ဟာ တစ်ခါတစ်လေမှာ ကိုယ့်ဒဏ်ရာကို သူများနှလုံးသားနဲ့ကုသတတ်ကြတာပါ။
ကိုယ်ခံစားရတဲ့ ဝေဒနာတွေ သက်သာလိုသက်သာငြား အချစ်သစ် နှလုံးသားသစ်ကို ရှာပီးကုကြတာမျိုးပေါ့။ တကယ်တမ်းကျတော့ ကိုယ်ကိုတိုင်က ချစ်တတ်သေးလား မချစ်တတ်တော့ဘူးလား သူ့ကိုချစ်တာလား မချစ်ဘူးလား စသဖြင့် မဝေခွဲနိုင်တော့တဲ့အချိန်မှာ အသဲနှလုံးအစားထိုးပီးချစ်ကြည့်တာမျိုးပေါ့။ အချစ်သစ်တွေရှာတာပေါ့။
ဒါမျိုးက တစ်ကယ်တော့ ခနတာ အတွက် ဝေဒနာ သက်သာသွားစေရတယ်ထင်ရပေမယ့် အချိန်ကြာလာရင် ဝေဒနာတွေထပ်တိုးလာနိုင်ပါတယ်။ ကိုယ့်ကိုထွင်တဲ့ဆူးနဲ့ ကိုယ်ပြန်စူးမိနေနိုင်တာမျိုးပေါ့။ အနာက မသက်သာလာတဲ့အပြင် သူများနှလုံးသားနဲ့ ကိုယ့်ဒဏ်ရာကို ကုမိတဲ့အခါ နှလုံးသား နှစ်ခုစလုံး ဒဏ်ရာထပ်ရလာနိုင်ပါတယ်။
အဲ့ဒီလိုပဲ သူ့ဘာသာ ဒဏ်ရာဗရပွနဲ့ နှလုံးသားတွေက အပြစ်ကင်းတဲ့ ကျွန်တော်တို့နှလုံးသားနဲ့လာကုနိုင်ပါတယ်။ ပြီးတော့ သူ့ဒဏ်ရာတွေနဲ့ နာကျင်မှုတွေ ဝေဒနာတွေကို ကျွန်တော်တို့ နှလုံးသားကို အသုံးချတတ်ကြပါတယ်။
သူတို့ ဒဏ်ရာကမကျက်တဲ့ အပြင် နောက်ထပ် နှလုံးသားတစ်ခုပါ ဒဏ်ရာရသွားတယ်ဆိုတာ သူတို့ သတိမထားမိကြပါဘူး။ ဒါကြောင့် ဘာကြောင့်ပဲ ဘယ်လိုပဲ နာကျင်ရပါစေ ကိုယ့်ဒဏ်ရာကို သူများနှလုံးသားနဲ့ ဘယ်တော့မှ မကုပါနဲ့။
ဆူးကိုဆူးနဲ့ မထွင်မိပါနဲ့။ ဆူးကိုထွင်တဲ့ ဆူးက ကိုယ့်ကို ပြန်စူးစေတတ်ပါတယ်။ ပြီးတော့ အပြစ်မဲ့တဲ့ နှလုံးသားလေးတွေကိုလည်း ဆူးစေတတ်ပါတယ်။ ကိုယ့်ရင်ထဲက ဆူးကို အကောင်းဆုံးနှုတ်နိုင်မယ့်နည်းလမ်းကတော့ ဆုံးရှုံးမှုကို တကယ်ဆုံးရှုံးလိုက်ရပြီဆိုတာ လက်ခံလိုက်ဖို့ပါပဲ။
တချို့အရာတွေက ကျွန်တော်တို့ ပြောင်းလဲလို့မရတော့ပါဘူး။ ကျွန်တော်တို့ ပြောင်းလဲလို့မရတော့တဲ့ အရာတွေကို လက်ခံရဲတဲ့ သတ္တိနဲ့မှ ဒီဆူးတွေကို နှုတ်လို့ရပါမယ်။ နောက်ပြီး ကျွန်တော်တို့ ပြောင်းလဲလို့ရသေးတဲ့အရာတွေကို ပြောင်းလဲပစ်နိုင်တဲ့ သတ္တိလည်းလိုအပ်ပါလိမ့်မယ်။
ကျွန်တော်အကြံပေးရပါစေ။ တချို့အရာတွေက ခင်ဗျားတို့ ကျွန်တော်တို့ ဘယ်လိုမှ ပြောင်းလဲလို့မရဘူးဆိုတာ လက်ခံလိုက်ပါ။ ခင်ဗျားလွတ်မြောက်ချင်ရင် သူ့ကို လွတ်မြောက်ခွင့်ပေးလိုက်ပါ။ ခရီးတွေသွားပါ..အားကစားတခုခုလုပ်ပါ..ဘဝမှာကောင်းမွန်တဲ့အရာတွေ ကိုယ်နဲ့ထိုက်တန်တဲ့အရာတွေရှိသေးတယ်ဆိုတာ ခနခနပြောပေးပါ..နာကျင်စရာတွေကိုမဆုပ်ကိုင်ထားပါနဲ့တော့….
ဒီလိုမှ မလုပ်နိုင်ဘူးဆိုရင်တော့ ကိုယ့်မြှားကိုယ်ပြန်မြိုတဲ့ တာတေလူဆိုးကြီးအဖြစ် အများကို ခေါင်းညိတ်ပြလိုက်ပါ။ တခါကစွဲလမ်းဖူးတဲ့ ပုံပြင်တစ်ပုဒ်နဲ့ ဆူးတွေထွန်းထားတဲ့လမ်းမှာပေတေပြီး မတ်တပ်ဆက်ရပ်နေလိုက်ပါ…
တချို့လူတွေက ကျွန်တော်တို့ဘဝထဲကို ခနဝင်လာကြတယ်..
ပီးရင်ခနလေးနဲ့ ပြန်ထွက်သွားကြတယ်……
တချို့လူတွေကို ကျွန်တော်တို့က လှည့်စားတတ်ကြပြီး
တချို့လူတွေက ကျွန်တော်တို့ ကိုအရူးတစ်ပိုင်းဖြစ်အောင်လုပ်သွားကြတယ်…
တကယ်တော့ရေစက်ကုန်သွားရင် ကျောချင်းကပ်ထားရင်းအဝေးဆုံးဝေးသွားကြရတာပဲ မဟုတ်လား..
ဒါပေမယ့်တစုံတယောက်ကတော့ ကျွန်တော်တို့ဘေးမှာ အမြဲရှိနေပါလိမ့်မယ်….ဒါပေမယ့် ကိုယ့်နှလုံးသားကဆူးကိုတော့ သူများနှလုံးသားနဲ့ ဘယ်တော့မှမထွင်မိစေနဲ့.ပေါ့ဗျာ…..
#Mg_Htet
#Lifestyle_Myanmar