ဒီဗြီယိုဖိုင္ေလးဟာဆိုရင္ေတာ့ ယခုတစ္ေလာ အြန္လိုင္းမွာ နာမည္ႀကီးေနတဲ့ ေတာရြာတစ္ရြာက ရွိတဲ့တူရိယာနဲ႔ အေကာင္းဆုံးတီခတ္ေနတဲ့ ရြက္ပုံးသီးကေလးငယ္ပါ။ ဒီကေလးက နတ္ေမာက္ၿမိဳ႕နယ္ ကုလားရွင္ ေက်းရြာကလို႔လည္းသိရပါတယ္။
သူ႔မွာရွိတဲ့ အိုးစည္ ဗုံေလးေတြ၊ ကေလးေဆာ့တဲ့ ဒရမ္ေလး၊ ၿပီးေတာ့ ေတာ္ယုံလူ လုပ္တတ္ဖို႔ တီးတတ္ဖို႔မလြယ္တဲ့ အိုးနဲ႔လုပ္တဲ့ အိုးဗုံကိုလည္း ပိုင္ပိုင္နိုင္နိုင္တီးခတ္သြားတာျဖစ္ပါတယ္။
သီခ်င္းကလည္း ျမန္မာ့ဇာတ္သဘင္ရဲ့ ႏွစ္ပါးသြားေတးျဖစ္ပါတယ္တဲ့၊ ႏွစ္ပါးသြားေတးတီးလုံးနဲ႔ အညီ အမွီလိုက္တီးနိုင္ဖို႔ဆိုတာ လြယ္တာမွမဟုတ္တာဗ်ာ…တစ္ကယ့္ကို ေတာက္မည့္ မီးခဲတစ္ရဲရဲဆိုသလိုပါဘဲ။
ဒီလို အႏုပညာေျမာက္ပီး ခက္ခဲတဲ့ သီခ်င္းႀကီးတစ္ပုဒ္ကို ကေလးငယ္တစ္ေယာက္က စည္းဝါးက်က် တီးသြားတာဟာဆိုရင္ တစ္ကယ့္ကို ခ်ီးက်ဴးစရာေကာင္းပါတယ္။ ပညာကလည္းမေခဘူး တကယ့္ ဂီတပိုးေလးဗ်။
ဒီဗြီယိုေလးဟာဆိုရင္ေတာ့ ၾကည့္ရႈ႔သူ ကိုးသိန္းေက်ာ္သြားပီျဖစ္ပါတယ္။ တစ္ကယ္ေတာ့ ကၽြန္ေတာ္တို႔ ျမန္မာ့မ်ိဳးဆက္သစ္ေတြဟာ လူေတာ္ေတြဆိုတာ ဒီဗြီယိုေလးကိုၾကည့္ျခင္းအားျဖင့္သိနိုင္ပါတယ္။
ဒါေပမယ့္ ေျမေတာင္ေျမာွက္ေပးတာမရွိတာရယ္ အရႈံးကို ရင္ဆိုင္ရမွာေၾကာက္ၿပီး စြန႔္စားရဲတဲ့ သတၱိမရွိတာရယ္ေၾကာင့္ ေတာ္တဲ့ ေခတ္လူငယ္ေတြ ဝါသနာကို စြန႔္လႊတ္သြားၾကရတာ ႏွေျမာစရာေကာင္းပါတယ္။
ဒီကေလးငယ္ကေတာ့ အဖက္ဖက္က ဆင္းရဲခ်ိဳ႕တဲ့ေပမယ့္ ရွိတာေလးနဲ႔အႏုပညာကို ဖန္တီးျပသြားတာျဖစ္ပါတယ္။ အရြယ္အားျဖင့္လည္း ငယ္ရြယ္ေပမယ့္ သူရဲ့ ဂီတဝါသနာနဲ႔ ပညာကိုေတာ့ ေလးစားစရာပါ။
သံစဥ္ကို မရွိရွိတာနဲ႔ လုပ္ၿပီးလိုက္တီးဖို႔ဆိုတာ လြယ္တာမွမဟုတ္တာ တကယ္ေလးစားပါတယ္ ညီငယ္ေလးရယ္ ေျမေတာင္ေျမႇာက္ေပးမယ့္သူနဲ႔ ေတြ႕ပါေစ။ ဒီလို ရြက္ပုံးသီးလူငယ္ေလးေတြလည္း ဝါသနာပါရာေလၽွာက္လွမ္းၿပီး ေအာင္ျမင္နိုင္ၾကပါေစ။
ကဲ ပရိတ္သတ္ႀကီးေရဒီဗြီယိုေလးကို ၾကည့္ျခင္းအားျဖင့္ ပရိတ္သတ္ႀကီး ေပ်ာ္ရႊင္ၾကည္ႏူးမႈတစ္စုံတစ္ရာ ရလိမ့္မယ္ထင္ပါတယ္။
ဒီလို ရြက္ပုံးသီးကေလးငယ္ေလးေတြ ဒီထက္ႀကိဳးစားခ်င္လာေအာင္ပိုျပီး အားေပးၾကပါအုံးလို႔ ေမတၱာရပ္ခံရင္း ဒီဗြီယိုေလး လူတိုင္းသိရေအာင္ ရွဲေပးၾကပါအုံးေနာ္….။
ဗြီယိုဖိုင္ကိုေအာက္ဆုံးမွာ တင္ထားပါတယ္
ထန္းညက္ခဲ
Unicode
ဒီဗွီယိုဖိုင်လေးဟာဆိုရင်တော့ ယခုတစ်လော အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ တောရွာတစ်ရွာက ရှိတဲ့တူရိယာနဲ့ အကောင်းဆုံးတီခတ်နေတဲ့ ရွက်ပုံးသီးကလေးငယ်ပါ။ ဒီကလေးက နတ်မောက်မြို့နယ် ကုလားရှင် ကျေးရွာကလို့လည်းသိရပါတယ်။
သူ့မှာရှိတဲ့ အိုးစည် ဗုံလေးတွေ၊ ကလေးဆော့တဲ့ ဒရမ်လေး၊ ပြီးတော့ တော်ယုံလူ လုပ်တတ်ဖို့ တီးတတ်ဖို့မလွယ်တဲ့ အိုးနဲ့လုပ်တဲ့ အိုးဗုံကိုလည်း ပိုင်ပိုင်နိုင်နိုင်တီးခတ်သွားတာဖြစ်ပါတယ်။
သီချင်းကလည်း မြန်မာ့ဇာတ်သဘင်ရဲ့ နှစ်ပါးသွားတေးဖြစ်ပါတယ်တဲ့၊ နှစ်ပါးသွားတေးတီးလုံးနဲ့ အညီ အမှီလိုက်တီးနိုင်ဖို့ဆိုတာ လွယ်တာမှမဟုတ်တာဗျာ…တစ်ကယ့်ကို တောက်မည့် မီးခဲတစ်ရဲရဲဆိုသလိုပါဘဲ။
ဒီလို အနုပညာမြောက်ပီး ခက်ခဲတဲ့ သီချင်းကြီးတစ်ပုဒ်ကို ကလေးငယ်တစ်ယောက်က စည်းဝါးကျကျ တီးသွားတာဟာဆိုရင် တစ်ကယ့်ကို ချီးကျူးစရာကောင်းပါတယ်။ ပညာကလည်းမခေဘူး တကယ့် ဂီတပိုးလေးဗျ။
ဒီဗွီယိုလေးဟာဆိုရင်တော့ ကြည့်ရှု့သူ ကိုးသိန်းကျော်သွားပီဖြစ်ပါတယ်။ တစ်ကယ်တော့ ကျွန်တော်တို့ မြန်မာ့မျိုးဆက်သစ်တွေဟာ လူတော်တွေဆိုတာ ဒီဗွီယိုလေးကိုကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်။
ဒါပေမယ့် မြေတောင်မြောှက်ပေးတာမရှိတာရယ် အရှုံးကို ရင်ဆိုင်ရမှာကြောက်ပြီး စွန့်စားရဲတဲ့ သတ္တိမရှိတာရယ်ကြောင့် တော်တဲ့ ခေတ်လူငယ်တွေ ဝါသနာကို စွန့်လွှတ်သွားကြရတာ နှမြောစရာကောင်းပါတယ်။
ဒီကလေးငယ်ကတော့ အဖက်ဖက်က ဆင်းရဲချို့တဲ့ပေမယ့် ရှိတာလေးနဲ့အနုပညာကို ဖန်တီးပြသွားတာဖြစ်ပါတယ်။ အရွယ်အားဖြင့်လည်း ငယ်ရွယ်ပေမယ့် သူရဲ့ ဂီတဝါသနာနဲ့ ပညာကိုတော့ လေးစားစရာပါ။
သံစဉ်ကို မရှိရှိတာနဲ့ လုပ်ပြီးလိုက်တီးဖို့ဆိုတာ လွယ်တာမှမဟုတ်တာ တကယ်လေးစားပါတယ် ညီငယ်လေးရယ် မြေတောင်မြှောက်ပေးမယ့်သူနဲ့ တွေ့ပါစေ။ ဒီလို ရွက်ပုံးသီးလူငယ်လေးတွေလည်း ဝါသနာပါရာလျှောက်လှမ်းပြီး အောင်မြင်နိုင်ကြပါစေ။
ကဲ ပရိတ်သတ်ကြီးရေဒီဗွီယိုလေးကို ကြည့်ခြင်းအားဖြင့် ပရိတ်သတ်ကြီး ပျော်ရွှင်ကြည်နူးမှုတစ်စုံတစ်ရာ ရလိမ့်မယ်ထင်ပါတယ်။
ဒီလို ရွက်ပုံးသီးကလေးငယ်လေးတွေ ဒီထက်ကြိုးစားချင်လာအောင်ပိုပြီး အားပေးကြပါအုံးလို့ မေတ္တာရပ်ခံရင်း ဒီဗွီယိုလေး လူတိုင်းသိရအောင် ရှဲပေးကြပါအုံးနော်….။
ဗွီယိုဖိုင်ကိုအောက်ဆုံးမှာ တင်ထားပါတယ်
ထန်းညက်ခဲ