အနုပညာ

သားေလး မိန္းမယူရင္ေနဖို႔ အိမ္ေတာင္ဝယ္ၿပီးသြားၿပီဆိုတဲ့ ျမင့္ျမတ္….

သားေလး မိန္းမယူရင္ေနဖို႔ အိမ္ေတာင္ဝယ္ၿပီးသြားၿပီဆိုတဲ့ ျမင့္ျမတ္

ျမင့္ျမတ္က လက္ရွိမွာ ခ်စ္ရတဲ့ ဇနီးနဲ႔ ဂ်င္းေကာင္ေပါက္စေလးနဲ႔အတူ သာယာတဲ့အိမ္ေထာင္ေရးကိုတည္ေဆာက္ထားႏိုင္ၿပီး ေအးခ်မ္းတဲ့ဘဝေလးမွာ အႏုပညာအလုပ္ေတြကိုအာ႐ုံစိုက္ၿပီး ပရိသတ္ေတြအတြက္ အလုပ္ႀကိဳးစားေနသူတစ္ဦးလည္းျဖစ္ပါတယ္။

႐ုပ္ရွင္ဇာတ္ကားေတြ ဇယ္ဆက္သလို႐ိုက္ေနရတဲ့ ျမင့္ျမတ္က အလုပ္မွာအာ႐ုံစိုက္သလို လုပ္ေဖာ္ကိုင္ဖက္အႏုပညာညီအစ္ကိုေမာင္ႏွမေတြနဲ႔လည္း တည့္ေအာင္ေနတတ္သူတစ္ဦးျဖစ္ၿပီး ေပ်ာ္ေပ်ာ္ေနတတ္သူတစ္ဦးလည္းျဖစ္ပါတယ္။အခုဆိုရင္ေတာ့ ျမင့္ျမတ္ရဲ႕ ခ်စ္ဇနီးေလးက ဒုတိယကိုယ္ဝန္ကိုလြယ္ထားရၿပီျဖစ္လို႔ ျမင့္ျမတ္တို႔မိသားစုေလးက ပိုၿပီးစည္စည္ကားကားနဲ႔ ေႏြးေထြးတဲ့ အသိုက္အၿမဳံေလးျဖစ္လာေတာ့မွာပါ။ျမင့္ျမတ္က မၾကာေသးမီက သူ႔ရဲ႕ လူမႈကြန္ယက္မွာ ေနာက္ထပ္ရင္ေသြးေလးတစ္ေယာက္ ထပ္ရေတာ့မယ့္ ခံစားခ်က္ကို ရင္ဖြင့္သြားၿပီး သားေလးေနာင္ေရးအတြက္ စီစဥ္ထားတာကိုလည္း ေျပာျပသြားခဲ့ပါတယ္။

ျမင့္ျမတ္က မၾကာခင္မွာ ဘဝထဲဝင္ေရာက္လာေတာ့မယ့္ ဒုတိယေျမာက္ရင္ေသြးေလးနဲ႔ ပတ္သက္ၿပီး “surprise ေပ့ါေနာ္။ ေပ်ာ္တာေပ့ါ။ အဲ့လိုပဲေျပာရမွာေပါ့။ အမွန္တကယ္ဆိုလို႔ရွိရင္ ကြၽန္ေတာ္တို႔က နည္းနည္းျခားၿပီးေတာ့မွ ယူခ်င္တာေပ့ါေနာ္။သုံးေလးႏွစ္ေလာက္ေပါ့။ အဲ့ေလာက္မွ ျခားၿပီးေတာ့ ယူမလို႔။ ဒါေပမယ့္ စိတ္ကူးနဲ႔လက္ေတြ႕နဲ႔မတူဘူးျဖစ္သြားတာေပါ့။လက္ေတြ႕က နည္းနည္းေစာသြားတယ္။ အခုဆိုရင္ေတာ့ တစ္လခြဲေလာက္ေတာ့ရွိၿပီ။ ကိုယ္ဝန္ကေတာ့ ရၿပီေလ။ ဘာရရေပါ့။ ယူရမွာပဲေပါ့”လို႔ ေျပာထားပါတယ္။သားေလးကို တုန္ေနေအာင္ခ်စ္တဲ့ ျမင့္ျမတ္က သားမိန္းမယူၿပီးရင္ေနဖို႔ အိမ္ပါဝယ္ၿပီးသြားၿပီလို႔ “စဥ္းစားထားပါတယ္။ ပညာေရးနဲ႔ပတ္သက္ၿပီးေတာ့လည္း အားလုံးေပါ့။

စီစဥ္ထားပါတယ္။ ဒါ ေနာက္ၿပီးေတာ့ ေျပာတာပါ။ ကြၽန္ေတာ့္သား မိန္းမယူရင္ေနဖို႔ အိမ္ေတာင္ဝယ္ၿပီးသြားၿပီ။ တကယ္ပါ။ ကြၽန္ေတာ့္မိန္းမနဲ႔ တိုင္ပင္ၿပီး ဝယ္ထားတာရွိတယ္။သားက စကားေတာ့ေျပာေတာ့ေျပာေနၿပီ။ ရယ္ေတာ့ရယ္ရတယ္။ မိန္းမယူရင္ေနဖို႔ အိမ္သာဝယ္ထားတာဟိုေကာင္က အခုထိ စကားကိုေလးလုံးမကြဲေသးဘူး။ပါးပါးမားမားေတာ့ ေကာင္းေကာင္းေခၚေနပါၿပီ”လို႔ ရယ္ေမာရင္းေျဖၾကားထားပါတယ္။ဒုတိယေျမာက္ရင္ေသြးေလးကို ဆိုင္းမဆင့္ဗုံမဆင့္ရသြားတာနဲ႔ ပတ္သက္ၿပီး ျမင့္ျမတ္က “မယူေတာ့ဘူး။

ဒီတစ္ေယာက္ပဲ အားလုံးေပါင္းႏွစ္ေယာက္ပဲေပါ့။ ဆိုင္းမဆင့္ဗုံမဆင့္ရသြားတာေပါ့။ ကြၽန္ေတာ္လည္း အရမ္းအံ့ၾသသြားတယ္ေပ့ါ။ ကြၽန္ေတာ္လည္းထင္ေတာ့ထင္တယ္။ ရမွန္းသိတာက ေခ်ာင္းသာမွာသိတာ။ ေရွ႕ရက္ေတြမွာ သူအန္ေနလို႔ေလ။မိန္းမ နင္ကိုယ္ဝန္မ်ားရေနလားဆိုၿပီး။ ေနာက္ႏွစ္ရက္ေလာက္မွ ရမွန္းသိတာ။ ကြၽန္ေတာ္တို႔က နည္းနည္းျခားၿပီးမွ ယူမလို႔ေလ။ အခုက် ရသြားတာဆိုေတာ့ အရမ္း surprise ျဖစ္ပါတယ္”လို႔ ေျပာျပထားပါတယ္။

Unicode,

သားလေး မိန်းမယူရင်နေဖို့ အိမ်တောင်ဝယ်ပြီးသွားပြီဆိုတဲ့ မြင့်မြတ်

မြင့်မြတ်က လက်ရှိမှာ ချစ်ရတဲ့ ဇနီးနဲ့ ဂျင်းကောင်ပေါက်စလေးနဲ့အတူ သာယာတဲ့အိမ်ထောင်ရေးကိုတည်ဆောက်ထားနိုင်ပြီး အေးချမ်းတဲ့ဘဝလေးမှာ အနုပညာအလုပ်တွေကိုအာရုံစိုက်ပြီး ပရိသတ်တွေအတွက် အလုပ်ကြိုးစားနေသူတစ်ဦးလည်းဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေ ဇယ်ဆက်သလိုရိုက်နေရတဲ့ မြင့်မြတ်က အလုပ်မှာအာရုံစိုက်သလို လုပ်ဖော်ကိုင်ဖက်အနုပညာညီအစ်ကိုမောင်နှမတွေနဲ့လည်း တည့်အောင်နေတတ်သူတစ်ဦးဖြစ်ပြီး ပျော်ပျော်နေတတ်သူတစ်ဦးလည်းဖြစ်ပါတယ်။အခုဆိုရင်တော့ မြင့်မြတ်ရဲ့ ချစ်ဇနီးလေးက ဒုတိယကိုယ်ဝန်ကိုလွယ်ထားရပြီဖြစ်လို့ မြင့်မြတ်တို့မိသားစုလေးက ပိုပြီးစည်စည်ကားကားနဲ့ နွေးထွေးတဲ့ အသိုက်အမြုံလေးဖြစ်လာတော့မှာပါ။မြင့်မြတ်က မကြာသေးမီက သူ့ရဲ့ လူမှုကွန်ယက်မှာ နောက်ထပ်ရင်သွေးလေးတစ်ယောက် ထပ်ရတော့မယ့် ခံစားချက်ကို ရင်ဖွင့်သွားပြီး သားလေးနောင်ရေးအတွက် စီစဉ်ထားတာကိုလည်း ပြောပြသွားခဲ့ပါတယ်။

မြင့်မြတ်က မကြာခင်မှာ ဘဝထဲဝင်ရောက်လာတော့မယ့် ဒုတိယမြောက်ရင်သွေးလေးနဲ့ ပတ်သက်ပြီး “surprise ပေ့ါနော်။ ပျော်တာပေ့ါ။ အဲ့လိုပဲပြောရမှာပေါ့။ အမှန်တကယ်ဆိုလို့ရှိရင် ကျွန်တော်တို့က နည်းနည်းခြားပြီးတော့မှ ယူချင်တာပေ့ါနော်။သုံးလေးနှစ်လောက်ပေါ့။ အဲ့လောက်မှ ခြားပြီးတော့ ယူမလို့။ ဒါပေမယ့် စိတ်ကူးနဲ့လက်တွေ့နဲ့မတူဘူးဖြစ်သွားတာပေါ့။လက်တွေ့က နည်းနည်းစောသွားတယ်။ အခုဆိုရင်တော့ တစ်လခွဲလောက်တော့ရှိပြီ။ ကိုယ်ဝန်ကတော့ ရပြီလေ။ ဘာရရပေါ့။ ယူရမှာပဲပေါ့”လို့ ပြောထားပါတယ်။သားလေးကို တုန်နေအောင်ချစ်တဲ့ မြင့်မြတ်က သားမိန်းမယူပြီးရင်နေဖို့ အိမ်ပါဝယ်ပြီးသွားပြီလို့ “စဉ်းစားထားပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီးတော့လည်း အားလုံးပေါ့။

စီစဉ်ထားပါတယ်။ ဒါ နောက်ပြီးတော့ ပြောတာပါ။ ကျွန်တော့်သား မိန်းမယူရင်နေဖို့ အိမ်တောင်ဝယ်ပြီးသွားပြီ။ တကယ်ပါ။ ကျွန်တော့်မိန်းမနဲ့ တိုင်ပင်ပြီး ဝယ်ထားတာရှိတယ်။သားက စကားတော့ပြောတော့ပြောနေပြီ။ ရယ်တော့ရယ်ရတယ်။ မိန်းမယူရင်နေဖို့ အိမ်သာဝယ်ထားတာဟိုကောင်က အခုထိ စကားကိုလေးလုံးမကွဲသေးဘူး။ပါးပါးမားမားတော့ ကောင်းကောင်းခေါ်နေပါပြီ”လို့ ရယ်မောရင်းဖြေကြားထားပါတယ်။ဒုတိယမြောက်ရင်သွေးလေးကို ဆိုင်းမဆင့်ဗုံမဆင့်ရသွားတာနဲ့ ပတ်သက်ပြီး မြင့်မြတ်က “မယူတော့ဘူး။

ဒီတစ်ယောက်ပဲ အားလုံးပေါင်းနှစ်ယောက်ပဲပေါ့။ ဆိုင်းမဆင့်ဗုံမဆင့်ရသွားတာပေါ့။ ကျွန်တော်လည်း အရမ်းအံ့သြသွားတယ်ပေ့ါ။ ကျွန်တော်လည်းထင်တော့ထင်တယ်။ ရမှန်းသိတာက ချောင်းသာမှာသိတာ။ ရှေ့ရက်တွေမှာ သူအန်နေလို့လေ။မိန်းမ နင်ကိုယ်ဝန်များရနေလားဆိုပြီး။ နောက်နှစ်ရက်လောက်မှ ရမှန်းသိတာ။ ကျွန်တော်တို့က နည်းနည်းခြားပြီးမှ ယူမလို့လေ။ အခုကျ ရသွားတာဆိုတော့ အရမ်း surprise ဖြစ်ပါတယ်”လို့ ပြောပြထားပါတယ်