၎။ မတ်တပ်ရပ်ပြီးရေသောက်ခြင်းသည် ခန္ဓာကိုယ်အောက်ခြေအထိရေတောက်လျှောက်စီးဝင်သွားသည့်အတွက် အရိုးနှင့်အဆစ်အမြစ်များအတွက်လည်း မကောင်းနိုင်ပါ။အဆစ်အမြစ်များ နာကျင်ခြင်း၊ အရိုးများ ပျက်စီးလာခြင်း၊ အားနည်းလာခြင်းစသည့်ရောဂါများကြုံတွေ့လာနိုင်ပါသည်။
Credit-GandaWin
Unicode
“ရေ” ဆိုသည်မှာ အသက်ရှင်နေထိုင်မှုအတွက် အရေးကြီးဆုံးအရာဖြစ်ကြောင်းကို အားလုံးသိရှိပြီးဖြစ်ပါသည်။ ကျန်းမာရေးအတွက် လုံလောက်သောရေပမာဏကို နေ့စဉ်သောက်ပေးသင့်သည်ကိုလည်း သိထားကြပါသည်။သို့သော် ရေသောက်သည့်အခါ မတ်တပ်ရပ်ပြီးရေသောက်ခြင်းသည် ကျန်းမာရေးအတွက် ဆိုးကျိုးများဖြစ်စေနိူင်ပါသည်။ထိုအချက်ကို အများစုသည် မသိရှိကြသောကြောင့် မည်ကဲ့သို့ဆိုးကျိုးများရှိသည်ကို ဆက်လက်ဖတ်ရှုကြည့်လိုက်ပါနော်။
၁။ မတ်တပ်ရပ်ပြီးသောက်လိုက်ခြင်းသည် တောက်လျှောက်စီးဝင်သွားသောကြောင့် ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်များကို ကူညီပံ့ပိုးပေးသော ကိုယ်တွင်းအင်္ဂါများဆီသို့ ရောက်မသွားတော့ပါ။ထို့ကြောင့် အပြင်ထွက်ရမည့် အညစ်အကြေးများမှာလည်း ကျောက်ကပ်နှင့်ဆီးအိမ်ထဲတွင် သွားရောက်အနည်ထိုင်နေတတ်ကြပါသည်။
၂။ မတ်တပ်ရပ်ပြီး ရေသောက်ခြင်းသည် သဘာဝစနစ်နဲ့ မကိုက်ညီသလို အာရုံကြောစနစ်များကိုလည်း လှုံ့ဆော်ပေးသည့်အတွက် အန္တရာယ်ဖြစ်စေပါသည်။ ရေ၏အာဟာရဓာတ်များသည် အလဟဿဖြစ်သွားပြီး ခန္ဓာကိုယ်အနေနဲ့ စိတ်ဖိစီးမှုများ၊ ပူပင်ကြောင့်ကြမှုများကို ကြုံတွေ့ရပါသည်။
၃။ မတ်တပ်ရပ်ပြီး ရေသောက်ခြင်းသည် ရေငတ်မပြေစေပါ။ တိုက်ရိုက်ဝင်သွားသော ရေများဆီမှ အာဟာရဓာတ်နှင့်ဗီတာမင်ဓာတ်များသည် အသည်းနှင့်အစာချေအစိတ်အပိုင်းများဆီသို့လည်း မရောက်နိူင်တော့ပါ။ ထို့အပြင် အဆုတ်၊ နှလုံးနှင့်အောက်ဆီဂျင်ရရှိမှုကိုပါ ထိခိုက်စေနိူင်ပါသည်။
၄။ မတ်တပ်ရပ်ပြီးရေသောက်ခြင်းသည် ခန္ဓာကိုယ်အောက်ခြေအထိရေတောက်လျှောက်စီးဝင်သွားသည့်အတွက် အရိုးနှင့်အဆစ်အမြစ်များအတွက်လည်း မကောင်းနိူင်ပါ။အဆစ်အမြစ်များ နာကျင်ခြင်း၊ အရိုးများ ပျက်စီးလာခြင်း၊ အားနည်းလာခြင်းစသည့်ရောဂါများကြုံတွေ့လာနိူင်ပါသည်။
၅။ ခန္ဓာကိုယ်ဖွဲ့စည်းမှုအရ ခါးမတ်မတ်ထိုင်ပြီး ရေသောက်ခြင်းကသာ ကျန်းမာရေးအတွက် အကောင်း ဆုံးအကျိုးကျေးဇူးများကို ရရှိစေပါသည်။ ထိုင်ပြီးသောက်လိုက်သောအခါ ရေ၏အာဟာရဓာတ်များသည် ဦးနှောက်ထဲသို့ရောက်လာပြီး လုပ်ဆောင်ချက်များကို တိုးမြှင့်လာစေပါသည်။ အစာချေစနစ်ကိုလည်း ပိုမိုကောင်းစေပါသည်။ ရေသောက်ပြီး လေပွနေတာမျိုးလည်း မဖြစ်နိူင်တော့ပါ။ ခန္ဓာကိုယ်၏ကိုယ်တွင်း အင်္ဂါတွေအားလုံးဆီ အာဟာရဓာတ်များ ရောက်ရှိသွားသည့်အတွက် အဆိပ်အတောက်များထွက်ပြီး အညစ်အကြေးကင်းစင်စေပါသည်။
Credit-GandaWin