Rain (For Ialinks)
Unicode
မိဘနှစ်ပါးလုံးမရှိတော့သည့်နောက်ပိုင်း ညီလေးနှင့်ညီမလေး၄ယောက်ကို ပြုစုစောင့်ရှောက် ပေးနေသော အသက်၁၄နှစ်အရွယ် ကောင်လေး
မောင်နှမတွေထဲတွင် အကြီးဆုံးဖြစ်တဲ့သူက အနစ်နာခံရကာ ကျန်သည့်အငယ်လေးတွေကို ညှာတာကာ ပြုစုပျိုးထောင်ပေးကြတာမျိုးရှိသည်။
သို့ဖြစ်၍ ထိုင်းနိုင်ငံ Buriramပြည်နယ်တွင် နေထိုင်သော မောင်နှမ၅ယောက်တွင် အစ်ကိုအကြီးဆုံးဖြစ်သူမှာ ညီငယ် ညီမငယ်တို့ကို မိဘရင်းသဖွယ် စောင့်ရှောက်ပေးနေခြင်းဖြင့် ပတ်ဝန်းကျင်ဧ။်ချီးမွမ်းခြင်းများစွာကို ခံခဲ့ရသည်။
သူတို့မောင်နှမငါးယောက်ဧ။် မိဘနှစ်ပါးမှာ ကွာရှင်းလိုက်ကြပြီး ဖခင်ဖြစ်သူက တာဝန်မဲ့စွာ နောက်အိမ်ထောင်ပြုသွားကာ မိခင်ဖြစ်သူကလည်း စားဝတ်နေရေးအတွက် မိန်းမသားတစ်ယောက်အနေနှင့် အခြားနယ်ဝေးသို့ သွားရောက်ပြီး အလုပ်လုပ်ခဲ့ရသည်။
ထို့ကြောင့် အိမ်မှာကျန်ရှိသည့် အသက်၁၄နှစ်အရွယ် ကောင်လေးမှ ဦးဆောင်ကာ ညီငယ်နှင့် ညီမငယ်တို့အတွက် စားဖို့သောက်ဖို့ ချက်ပြုတ်ရသည့်အပြင် အိမ်သန့်ရှင်းရေးနှင့် ကလေးတွေရဲ့အဝတ်အစားပေများကိုလည်း လျှော်ဖွတ်ပေးခဲ့သည်။
မိခင်ဖြစ်သူသည် အိမ်ကိုမပြန်လာတာ တစ်နှစ်ကျော်ရှိပြီဖြစ်ပြီး နှစ်ပတ်တစ်ခါ အိမ်သုံးစရိတ်အတွက် ငွေသာထည့်ပေးခဲ့ပြီး ကောင်လေးမှ အရွယ်နှင့်မလိုက်အောင် မိသားစုရဲ့ တာဝန်ကိုယူရကာ ကျောင်းမှလည်း ထွက်ခဲ့သည်။
ကောင်လေးတို့ဧ။်အဖြစ်ကို သိရှိသော ဒေသခံ ပရဟိတအဖွဲ့မှ အိမ်ထိလာရောက်ပြီး လိုအပ်သည်များကို ထောက်ပံ့ကူညီပေးခဲ့သည်။
Rain (For Ialinks)