အနာဂတ်မှာ ဘာတွေပြင်ဆင်ရမယ်၊ ရှောင်ရှားရမယ်ဆိုတာ ပြောပြပေးသွားမယ့် ရတနာကျောက်တုံးလေး ၄ ခု
(၁) Jade
ကျောက်စိမ်းတုံးလေးကို ရွေးချယ်လိုက်ပြီဆိုရင်တော့အတိတ်မှာပဲ ကိုယ့်ကိုယ်ကို ပိတ်လှောင်မထားဖို့အကြံပေးချင်ပါတယ်။အတိတ်ရဲ့နာကျင်ဖွယ်အရိပ်ထဲမှာပဲ ပိတ်မိနေပြီး ကိုယ့်ရဲ့အနာဂတ်ကို နည်းနည်းလေးမှ မစီစဉ်နိုင်ဖြစ်နေရတတ်ပါတယ်။
ဖြစ်ခဲ့တာတွေဟာ ဘာမှပြင်ဆင်လို့မရတော့ပါဘူး။ ဒါကြောင့် ပြန်ပြန်တမ်းတမနေဘဲ ပစ္စုပ္ပန်နဲ့အနာဂတ်မှာ ဘယ်လိုကြိုးစားနေထိုင်မလဲဆိုတာကိုသာ တစ်ချက်လောက်ပြန်စဉ်းစားပေးပါ၊ သင်ခန်းစာအဖြစ် သတ်မှတ်ကာ ဆင်ခြင်တုံတရားမွေးနိုင်ပါစေ။
(၂) Citrine ကျောက်
သင့်ရဲ့အိပ်မက်တွေနဲ့အရည်အချင်းတွေကို ယုံကြည်မှုမရှိနေဘူးပဲ။ ဒါကြောင့် ဒီပုံအတိုင်းဆက်သွားနေမယ်ဆိုရင်တော့အနာဂတ်မှာ မလိုအပ်ဘဲ ခက်ခဲလာပြီး စိတ်ဖိဆီးမှုတွေ ရရှိလာပါလိမ့်မယ်။
ဒါကြောင့် ဘယ်လိုကိစ္စရပ်ပဲလုပ်လုပ် ကိုယ်ဟာထူးချွန်တယ်၊ ထက်မြက်တယ်၊ သတ္တိရှိတယ်ဆိုတဲ့အရင်ဆုံးမွေးကြည့်ပါ။ ဒါပေါ့ ပြောသလောက်တော့ဘယ်လွယ်ပါ့မလဲ။ ဒါပေမဲ့လည်း ဘယ်ကိစ္စမဆို ပထမဆုံးခြေလှမ်းနဲ့စပြီး တစ်လှမ်းချင်းလှမ်းကာ လိုရာပန်းတိုင်ကို လျှောက်လှမ်းရမယ်မဟုတ်လား။
(၃) Rose Quartz
အောင်မြင်မှုကို ကောင်းသောဆာလောင်ခြင်းနဲ့ ဆာလောင်နေသူတစ်ယောက်ပဲ။ ဒါပေမဲ့လည်း သင်ဟာ မလိုအပ်တဲ့ကိစ္စလေးတွေပေါ်မှာ လိုက်ပြီးအလွန်အကျူးစိုးရိမ်ပူပန်နေပါလိမ့်မယ်။အဲဒီအရာတွေကလည်း သင့်ဖက်ကတွန်းအားဘာမှမပေးရင်တောင် ဖြေးဖြေးနဲ့မှန်မှန်သွားရင်း တစ်ချိန်ချိန်မှာအောင်မြင်တဲ့ပန်းတိုင်ကို ရောက်မှာတွေချည်းပါပဲ။
သင့်အနေနဲ့အောင်မြင်ချင်ရင် တကယ်လုပ်ရမှာက စိုးရိမ်ပူပန်ပြီး စိတ်ဖိဆီးမှုများနေတာမျိုးမဟုတ်ဘဲ လွှတ်ထားသင့်တာကိုလွှတ်ထား၊ တကယ်အားစိုက်သင့်တဲ့နေရာမှာအစွမ်းကုန်အားစိုက်ပြီးလုပ်ရမှာပါ။
ဒီလိုအချက်တွေကိုတော့ သင့်အနာဂတ်မှာ မြင်မိပါတယ်။အကြံပေးစကားပြောချင်တာက ဘဝရဲ့စစ်မှန်တဲ့ပျော်ရွှင်မှုရချင်ရင်တော့အရာရာတိုင်းမှာ ကိုယ့်ကိုယ်ကိုမနိုင်ဝန်တွေထမ်းခိုင်းပြီး တွန်းအားသိပ်မပေးပါနဲ့။
(၄) Labradorite ကျောက်
အနာဂတ်မှာ ကိုယ်ယူသလောက် ပြန်ပေးဖို့နဲ့ ရတိုင်းယူတတ်ပြီး ကိုယ်ကပြန်မပေးတာမျိုးတွေ ရှောင်ကျဉ်ပေးဖို့ ကျောက်ကလေးကတော့ ပြောနေပါပြီ။ သင့်ကတော့ သင့်ဘဝတစ်လျှောက်လုံးအပေးချည်းတွေပါပဲတဲ့။
ပေးဆပ်သူဆိုတာ နာမည်သာကြားကောင်းပေမယ်လို့ တကယ်တမ်းခံရတာ ကိုယ်ဟာကိုယ်သိတယ်မဟုတ်လား။ ပေးပါ၊ ထိုက်တန်တာကိုပြန်ယူပါ။ ဒါဆို သင်ဟာအခုချိန်ထက် ပိုပျော်ရွှင်ရတဲ့လူသားတစ်ယောက် ဖြစ်လာပါလိမ့်မယ်။
Credit
Zawgyi
အနာဂတ်မှာ ဘာတွေပြင်ဆင်ရမယ်၊ ရှောင်ရှားရမယ်ဆိုတာ ပြောပြပေးသွားမယ့် ရတနာကျောက်တုံးလေး ၄ ခု
(၁) Jade
ကျောက်စိမ်းတုံးလေးကို ရွေးချယ်လိုက်ပြီဆိုရင်တော့အတိတ်မှာပဲ ကိုယ့်ကိုယ်ကို ပိတ်လှောင်မထားဖို့အကြံပေးချင်ပါတယ်။အတိတ်ရဲ့နာကျင်ဖွယ်အရိပ်ထဲမှာပဲ ပိတ်မိနေပြီး ကိုယ့်ရဲ့အနာဂတ်ကို နည်းနည်းလေးမှ မစီစဉ်နိုင်ဖြစ်နေရတတ်ပါတယ်။
ဖြစ်ခဲ့တာတွေဟာ ဘာမှပြင်ဆင်လို့မရတော့ပါဘူး။ ဒါကြောင့် ပြန်ပြန်တမ်းတမနေဘဲ ပစ္စုပ္ပန်နဲ့အနာဂတ်မှာ ဘယ်လိုကြိုးစားနေထိုင်မလဲဆိုတာကိုသာ တစ်ချက်လောက်ပြန်စဉ်းစားပေးပါ၊ သင်ခန်းစာအဖြစ် သတ်မှတ်ကာ ဆင်ခြင်တုံတရားမွေးနိုင်ပါစေ။
(၂) Citrine ကျောက်
သင့်ရဲ့အိပ်မက်တွေနဲ့အရည်အချင်းတွေကို ယုံကြည်မှုမရှိနေဘူးပဲ။ ဒါကြောင့် ဒီပုံအတိုင်းဆက်သွားနေမယ်ဆိုရင်တော့အနာဂတ်မှာ မလိုအပ်ဘဲ ခက်ခဲလာပြီး စိတ်ဖိဆီးမှုတွေ ရရှိလာပါလိမ့်မယ်။
ဒါကြောင့် ဘယ်လိုကိစ္စရပ်ပဲလုပ်လုပ် ကိုယ်ဟာထူးချွန်တယ်၊ ထက်မြက်တယ်၊ သတ္တိရှိတယ်ဆိုတဲ့အရင်ဆုံးမွေးကြည့်ပါ။ ဒါပေါ့ ပြောသလောက်တော့ဘယ်လွယ်ပါ့မလဲ။ ဒါပေမဲ့လည်း ဘယ်ကိစ္စမဆို ပထမဆုံးခြေလှမ်းနဲ့စပြီး တစ်လှမ်းချင်းလှမ်းကာ လိုရာပန်းတိုင်ကို လျှောက်လှမ်းရမယ်မဟုတ်လား။
(၃) Rose Quartz
အောင်မြင်မှုကို ကောင်းသောဆာလောင်ခြင်းနဲ့ ဆာလောင်နေသူတစ်ယောက်ပဲ။ ဒါပေမဲ့လည်း သင်ဟာ မလိုအပ်တဲ့ကိစ္စလေးတွေပေါ်မှာ လိုက်ပြီးအလွန်အကျူးစိုးရိမ်ပူပန်နေပါလိမ့်မယ်။အဲဒီအရာတွေကလည်း သင့်ဖက်ကတွန်းအားဘာမှမပေးရင်တောင် ဖြေးဖြေးနဲ့မှန်မှန်သွားရင်း တစ်ချိန်ချိန်မှာအောင်မြင်တဲ့ပန်းတိုင်ကို ရောက်မှာတွေချည်းပါပဲ။
သင့်အနေနဲ့အောင်မြင်ချင်ရင် တကယ်လုပ်ရမှာက စိုးရိမ်ပူပန်ပြီး စိတ်ဖိဆီးမှုများနေတာမျိုးမဟုတ်ဘဲ လွှတ်ထားသင့်တာကိုလွှတ်ထား၊ တကယ်အားစိုက်သင့်တဲ့နေရာမှာအစွမ်းကုန်အားစိုက်ပြီးလုပ်ရမှာပါ။ ဒီလိုအချက်တွေကိုတော့ သင့်အနာဂတ်မှာ မြင်မိပါတယ်။အကြံပေးစကားပြောချင်တာက ဘဝရဲ့စစ်မှန်တဲ့ပျော်ရွှင်မှုရချင်ရင်တော့အရာရာတိုင်းမှာ ကိုယ့်ကိုယ်ကိုမနိုင်ဝန်တွေထမ်းခိုင်းပြီး တွန်းအားသိပ်မပေးပါနဲ့။