တဲအိမ်မှာပဲ ဖြစ်ဖြစ်၊ တိုက်အိမ်မှာပဲ ဖြစ်ဖြစ် မပြုအပ်၊ မပြုထိုက်သော အရာ (၂၃) မျိုး
လူတိုင်း လူတိုင်း အိမ်မှာ ဒါမျိုးတွေ လုံးဝ မလုပ်မိကြ ပါစေနဲ့။ (တန်ဖိုးရှိတဲ့ သိမှတ်စရာတွေပါ)
အိမ်၌မပြု သင့် မထားသင့်သော ရှောင်ရန်များ သင်သိပြီးရင် မျှဝေပေးခဲ့ဖို့ မမေ့ပါနဲ့နော်…
၁။ အိမ်ရှေ့၌ငှက်ပျောပင်မစိုက်အပ်။
၂။ရေစိုအဝတ်များကို ညအချိန် သစ်ပင်ပေါ် အဝတ်တန်းပေါ် မထားရ
၃။ကိုယ်ဝန်ဆောင်များ အပြောဆို မကြမ်းရ
၄။လက်ဖက်သုတ် စားပြီးကလေး၏ ပါးကိုမနမ်းရ
၅။ကတ်ကြေး၊ ကွမ်းညှပ်၊ ဓားစသည်တို့ကို ညှပ်စရာ မပါပဲ မညှပ် ရ၊မဖြတ်ရ
၆။ အိမ်ပေါ်၌ ဇယ် မခုတ်ရ။
၇။အိမ်သား တစ်ဦးနေမကောင်းဖြစ်စဉ်ခေါင်းမလျှော်ရ
၈။ယောက်မနှင့် ထမင်းအိုးနှုတ်ခမ်းမရိုက်ရ
၉။စလောင်းဖုံးကို ဖိုခနောက်ပေါ် မအုပ်ရ
၁၀။မီးဖိုမှာ လူနှစ်ယောက်ပြိုင်တူမီးမမှုတ်ရ
၁၁။ညောင်သားကို မီးမစိုက်ရ။
၁၂။ကျောက်နီ လက်စွပ်ကို နှစ်ကွင်းထပ်မဝတ်ရ
၁၃။ ဖိနပ်ချွတ်သောနေရာတွင် ထီးမထားရ
၁၄။အရေးကြီးသော ကိစ္စများပြောစဉ် ဖိနပ်ထိပ်ဦးအားထီး ထိပ်ချွန်နှင့်ထောက်၍စကားမပြောရ အစီစဉ်ပျက်တတ်သည်
၁၅။ ဖျာကိုခေါင်းရင်းမှစပြီး လိပ်၍ သိမ်းပါ
၁၆။ဖျာလိပ်ကို အမြင့်ပေါ်မတင်ရ
၁၇။တိုင်ကပ်နာရီကို အိမ်ခြေရင်းတွင် မချိတ်ရ
၁၈။မိဘတို့၏ ဖိနပ်ကို မနင်းရ
၁၉။ဓာတ်ခဲ အဟောင်းများအိမ်တွင် မထားရ
၂၀။ အိမ်၏မျက်နှာစာတွင် ထမင်း ချက်ပြုတ်မစားရ
၂၁။အိမ်ရှိကြည့်မှန်များ မကောင်းသောပုံ ရိပ်များထင် ဟပ်သောနေရာတွင် မချိတ်ရ
၂၂။အိမ်ရှေ့တွင်ငြုပ်သီးပင်မစိုက်ရ
၂၃။ထမင်းပန်းကန်များအတွင်းသို့စားပြီးဝါးပြီး အကြွင်းအကျန်များထည့် မသိမ်းရ။
(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ )))
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။