အခြေခံပညာစာသင်ကျောင်းများကို နိုဝင်ဘာလ ၁ ရက်နေ့ စဖွင့်မည်ဟု စစ်ကောင်စီကြေညာ
မဇ္ဈိမ
အခြေခံပညာရေးဦးစီးဌာနလက်အောက်ရှိ စာသင်ကျောင်းများ၊ ပုဂ္ဂလိက စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ကျောင်းများ အားလုံးကို လာမည့်နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ ဖွင့်လှစ်သွားမည်ဟု စစ်ကောင်စီပြန်ကြားဌာနက ယနေ့ ည ၈ နာရီသတင်းတွင် ကြေညာသည်။
ထိုသို့ဖွင့်လှစ်ရာတွင် အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် ဒေသကာကွယ်ရေးတပ်တို့အကြား လတ်တလောတိုက်ပွဲပြင်းထန်နေသည့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ် အပါအဝင် တိုင်းနှင့်ပြည်နယ် ကိုးခုက မြို့နယ် ၄၆ မြို့နယ်ရှိ စာသင်ကျောင်းများကို ဆက်လက်ပိတ်ထားမည်ဟု စစ်ကောင်စီလက်အောက်ခံ ကိုဗစ်ထိန်းချုပ်ရေး ကော်မတီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် နေရာအနှံ့ဗုံးပေါက်ကွဲမှုများ၊ မငြိမ်မသက်မှုများနှင့် COVDI-19 ရောဂါပိုး ကူးစက်မှုကြားက အာဏာသိမ်းပြီး လေးလအကြာ ဇွန်လ ၁ ရက်နေ့တွင် စာသင်ကျောင်းများကိုဖွင့်လှစ်ခဲ့သေးသည်။ သို့သော် ကိုဗစ်ကူးစက်မှုနှုန်း မြင့်မားလာသည့်အတွက် ဇူလိုင်လ ၉ ရက်နေ့က စတင်ပြီး ပြန်ပိတ်ခဲ့သည်။
ဓာတ်ပုံအဟောင်း
unicode
မဇ်ဈိမ