ကျွန်မက အိမ်မှာ အကြီးဆုံးသမီး …အမကြီး အမိရာဆိုတဲ့ စကားလိုပါပဲ … အကြီးဆုံးကျွန်မ အိမ်ရဲ့တစ်ထောင့်တစ်နေရာကနေ ပုခုံထမ်းယူရတယ် ။အမေနဲ့အတူ ကူလဲကူတယ် ပူလဲပူပေးရတယ် ။ ငါ့သမီးကြီးလေးက အမေ့အတွက် အားပဲဆိုတဲ့ စကားတွေဟာကျွန်မအတွက်တော့ အမောတွေ ပြေရတယ် ။
အကြီးဆုံးသမီးတဲ့ … အချစ်တွေ ပိုပြီးရခဲ့လိမ့်မယ်လို့တော့မထင်စေချင်ဘူး ။ ကိုယ်လိုအပ်တာ ကိုယ်လိုချင်တာတွေအတွက် ကိုယ့်ခြေကိုယ့်လက်နဲ့ပဲ ကြိုးစားယူခဲ့ရသလို … ကိုယ့်မိသားစုအတွက် ကိုယ်လိုချင်တာတွေကိုလဲမျက်ကွယ်ပြုခဲ့ရတယ် ။
အငယ်တွေရဲ့ စံပြဖြစ်အောင်ဆိုပြီး နာနာဖွတ်ခံခဲ့ရတာ အိမ်က အကြီးမပေါ့ ။ အငယ်တွေ အသုံးမကျတဲ့အခါ ကို်ယ်က အမြဲပါရတယ် ။ ပူဆာတာတွေ . ကြင်နာတာတွေ ဂရုစိုက်ခံရတာတွေက ကိုယ်နဲ့ လားလားမှ မဆိုင်သလိုပါပဲ။
အိပ်မက်တွေ ရှိပေမယ့် အဲ့ဒီအိပ်မက်တွေအစား မိသားစုအရေးကို ပိုပြီးတွေးခဲ့မိတော့ တချို့အိပ်မက်တွေဟာတစ်၀က်တစ်ပျက်နဲ့ တချို့မျှော်လင့်ချက်တွေက အရောင်ခပ်မှိန်မှိန်လေးနဲ့ ကိုယ့်ရင်ထဲကိုယ်သိမ်းပဲ သိမ်းထားဖြစ်ပါတယ် ။
အငယ်လေးတွေရေ … အမကို မစာနာချင်နေပါ ။ အမက ဘာမို့လို့လဲဆိုတဲ့ စကားလုံးတွေနဲ့ … အမကို မနာကျင်စေပါနဲ့ သူ့မှာ … ချော့သိပ်ဖူးတဲ့ လက်တစ်စုံလဲ ပိုင်ခဲ့ဖူးသလို အိပ်မက်တွေကို သူကိုယ်တိုင် ရင်နာနာနဲ့မေ့ပစ်ခဲ့တဲ့အဖြစ်တွေ ကြုံခဲ့ဖူးတယ် ။
ကျွန်မ … အိမ်မှာ အကြီးဆုံးအစ်မပေါ့ … တစ်ခါတစ်လေ အလေးထား ဂရုစိုက်ခံချင်ပေမယ့် မရတဲ့သူလေ ။တန်ဖိုးထားတာမျိုး အလိုလိုက်ခံရတာမျိုး … မှတ်မှတ်ရရ မရှိဖူးတဲ့သူလေ ။
တစ်နေ့ကျရင်တော့ ကျွန်မ စေတနာတွေ အနစ်နာတွေ နားလည်လာမှာပါဆိုတဲ့အတွေးနဲ့ ရပ်နေတဲ့ အကြီးမပါ ။အလတ် မိသားစုတစ်ခုမှာ အလတ် ဆိုတဲ့လူတွေ နာမည်အတိုင်းပါပဲ မေတ္တာတွေ လစ်လပ်ခြင်းတွေ ခံခဲ့ကြတယ် ။
အကြီးအပေါ် အလိုက်သိရပြီး အငယ်အပေါ် အလိုလိုက်ရတဲ့ လူတွေလေ ။ အလတ် သာမန်သားသမီးတွေထက် ပိုပြီးလည်း သိတတ်ကြသလို ပိုပြီးလဲ နားလည်တတ်ကြတယ် ဒါပေမယ့် တခြားသူတွေလိုတော့ သဲသဲလှုပ် အချစ်မခံရဘူးပေါ့ ။
အကြီးကို သိတတ်ရတယ်ဆိုတဲ့ စကားလုံးတွေ နဲ့ အငယ်ကို အလိုလိုက်ရတယ်ဆိုတဲ့ စကားလုံးတွေ နဲ့ ကိုယ်ဆန္ဒတွေ ရှိလာတဲ့အခါတောင် နှစ်ဦးနှစ်ဖက်ကို မျှပြီးကြည့်ရတဲ့ လူမျိုးလေ ။ ဦးစားပေးခံ လူတန်းစားထဲမှာ မပါတတ်ဘူးပေါ့ ။ သည်းသည်းလှုပ် အချစ်ခံရတဲ့ ကံလဲ မပါဘူးလေ ။
လစ်လပ်နေတဲ့ နေရာတိုင်းကို လိုက်ပြီး ဖြည့်ပေးနေတတ်တဲ့ jokerတစ်ကောင်နဲဲ့ ဆင်တူတယ် အကြီးတစ်ယောက်ရဲ့အနောက်မှာ ပြီးတော့ အငယ်တစ်ယောက်ရဲ့အရှေ့မှာ ဘာပဲလိုလို အမြဲ သူ့ခေါင်းပေါ်မှာချည်းပဲလေ ။
သည်းခံခြင်းတွေ မြိုသိပ်ခြင်းတွေ ဖက်ပြီး မွေးလာတဲ့ကလေးလို့ လူတော်တော်များများက ထင်ကြလိမ့်မယ် တကယ်တော့ အဲ့ဒီသည်းခံခြင်းတွေ မြိုသိပ်ခြင်းတွေက တဖြေးဖြေး ကျင့်သားရလာခဲ့ပြီး အကျင့်လိုဖြစ်သွားတတ်တာမျိုးပါ ။
မိသားစုတစ်ခုမှာ တစ်မိပေါက် တစ်ယောက်ထွန်းတာတော့ ဘယ်မိသားစုမှာမဆို ပါလာပြီးသားပါ များသောအားဖြင့် အလတ်တွေ များတယ် ။ ဆိုးတဲ့အခါ သူ့အပြင် နှစ်ယောက်မရှိသလို ကောင်းတဲ့အခါလဲ သူ့ကို မှီတာ မရှိဘူး ။
အလိုလိုက်ခံရတာ အချစ်ခံရတာတွေ သိပ်အများကြီး မရတဲ့ကလေးက ကို ကိုးတတ်လာတယ် ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်လာတယ် မကောင်းတဲ့အကျင့်အဖြစ်ကတော့ အရွဲ့တိုက်တတ်လာတယ် ။အလတ် မိသားစုတစ်ခုမှာ တစ်ယောက်တည်းဖျောက်ပြီး
ကွက်ပြီး ဆိုးနေတာလဲ အလတ်တွေ အများဆုံးပဲ ။မိသားစုတစ်ခုမှာ နောက်ဆုံးတစ်ယောက်တည်းကျန်ပြီး မိသားစုအပေါ် တာ၀န်ကျေတတ်တာလဲ အလတ်တွေအများဆုံးပဲ ။ ဆိုးခြင်းကောင်းခြင်းတွေထက် အဓိက က ခံစားချက်ကို နားလည်ပေးဖို့ပဲ လိုအပ်ပါတယ် ။
အကြီးလောက်လဲ အချစ်မခံခဲ့ရသလို အငယ်လောက်လည်း အလိုလိုက်ခြင်း မခံခဲ့ရတဲ့ အလတ်ဆိုတဲ့ နေရာမှာလွယ်လွယ်လေးရင့်ကျက်လာကြတဲ့ ကလေးတွေပဲ များပါတယ် လောကကြီးကို ကောင်းပြဖို့ ၀န်မလေးသလိုအရွဲ့တိုက်ပစ်ဖို့လဲ ၀န်မလေးတတ်ကြဘူး ။
တစ်ဖက်မှာ အရာရာကို သည်းခံပြီး ကိုယ့် ဆန္ဒတွေကို မြိုသိပ်ပစ်ဖို့လဲ၀န်မလေးတတ်ကြဘူး ။ ဆိုးခြင်း ကောင်းခြင်းတွေ နဲ့ ဒွန်တွဲနေသလို မိသားစုတစ်ခုရဲ့ ကွက်လပ်တွေတိုင်းမှာအလတ်တွေ ဖြည့်တာပဲ များပါတယ် ။
အငယ်ဆုံးလေးတွေဆိုတာ . . . .အများအမြင်မှာ အလိုလိုက်ခံရတယ်လို့ ထင်တတ်ကြတယ်တကယ်တမ်းကြတော့အလိုလိုက်ခံရတာထက် အနစ်နာခံရတတ်တာ များပါတယ်အငယ်က အငယ်နေရာနေဆိုတဲ့ စကားတွေနဲ့
ပြောစရာစကားတွေကို မြိုသိပ်ပစ်ရတာလဲ များပါတယ်အစစအရာရာ အရင်ဦးဆုံးရလိမ့်မယ်လို့ ထင်တတ်ကြတာ ကိုယ်ပူဆာခွင့်မရခဲ့တဲ့အရာတွေမှ အများကြီးပဲအရာအားလုံးမဟုတ်ပေမယ့် တော်တော်များများပါပြီးတော့ . . . မိသားစုအပေါ် ပိုပြီးတွယ်တာတတ်တဲ့စိတ်လေး ပါလာတတ်ကြတယ် ကိုယ်ဖြစ်ချင်နေတာတွေထက်မိသားစုကို ပိုပြီးငဲ့ကွက်တတ်ကြတယ်
အငယ်ဆုံးဆိုတော့ အငယ်ဆုံးတွေရဲ့သဘာ၀အတိုင်း အနည်းအကျဥ်းတော့ ဆိုးချင်ကြတာပေါ့ အဲ့တာ မတွယ်တာလို့မဟုတ်ဘူး ဂရုစိုက်မှုလေးတွေ လိုချင်လို့ ရမလာတဲ့အခါ ဂရုစိုက်လေမလားလို့တွေးပြီး ဆိုးကြတာ
အိမ်တစ်အိမ်မှာ ရှိလေ့ရှိတဲ့ စုန်းပြူးလေးတွေက အငယ်ဆုံးလေးတွေကများတယ် ဥပမာ – အစ်ကိုက ဆရာ၀န်အမလဲ ဆရာ၀န် အငယ်ဆုံးလေးတွေမှ အဝေးသင်တက်နေသလိုမျိုးတွေ တစ်မိပေါက် ထွန်းတာမျိုးတွေပေါ့
သာမန်အထင်တွေ အမြင်တွေနဲ့ဆုံးဖြတ်ကြတဲ့အခါ အငယ်ဆုံးတွေက ပိုပြီးဆိုးတယ်လို့ တွေးတတ်ကြတယ်နောက်ဆုံးမိသားစုအနားမှာ ကျန်ခဲ့တာကလဲ အငယ်ဆုံးလေးတွေပါပဲ ကြိုက်သလောက်ဆိုးချင်ဆိုးမယ် အိမ်ကိုဒုက္ခမပေးဘူး အများအားဖြင့်ပေါ့အငယ်ဆုံးလေးတွေ ဖြစ်တိုင်း မိသားစုအပေါ်
ကောင်းတယ်ချည်းဆိုလိုတာမျိုးမဟုတ်ဘူး ယျေဘုယအားဖြင့်အငယ်ဆုံးလေးတွေကို ကြည့်တဲ့အခါ မိသားစုအပေါ် ပိုပြီး တွယ်တာတတ်တာ မျိုးပါ အငယ်ဆုံးဆိုတိုင်း အများထင်သလို ဦးစားပေးခံ အလိုလိုက်ခံရတဲ့ လူတွေချည်းမဟုတ်ပါဘူးအမြဲ အနောက်ဆုံးမှာ ကျန်ခဲ့တဲ့လူ ဒါမှမဟုတ် အနစ်နာခံရတဲ့ သူတွေချည်းဖြစ်နေတတ်ပါတယ် ။
တစ်ဦးတည်းသော သမီး တစ်ဦးတည်းသော သမီးဆိုတော့ တုန်နေအောင် အချစ်ခံရမှာပေါ့ အလိုလိုက်ခံရမှာပေါ့နော်တဲ့ … အချစ်ခံရပါတယ် ဒါပေမယ့် အထီးကျန်ရတယ် … ဆော့ဖော် ဆော့ဖက် ကစားဖော် ကစားဖက်တွေ မက်တဲ့ ကလေးအရွယ်တွေတုန်းကဆိုလဲ ကလေးအရွယ်တုန်းကမို့ … ကျွန်မမှာ အဖော်တွေ မဲ့ရတယ် ။
ဒီလိုနဲ့ သူငယ်ချင်းအပေါင်းအသင်းတွေကို တွယ်တာတတ်တဲ့စိတ်က … သာမန်မိန်းကလေးတွေထက် ပိုခဲ့တာလေအဲ့တာ ခုချိန်ထိ .. အားနည်းချက်တစ်ခုလိုပါပဲ … လူတိုင်းက ဒီစိတ်ကိုပဲ နင်းသွားကြတာလေ ။ သူများမောင်နှမတွေကို ငေးရင်းနဲ့ ငါလဲ အဲ့လို ရှိချင်လိုက်တာဆိုတဲ့ စိတ်လေးတွေ ဖြစ်မိတယ် ။
အစ်ကိုက အလိုလိုက်တာ ခံရတဲ့ ကောင်မလေးတစ်ယောက်ကို မြင်တဲ့အခါ … အဲ့လိုမျိုးလေး လိုချင်လိုက်တာဆိုတာမျိုး။ အမက ဂရုတစိုက်နဲ့ လုပ်ပေးတဲ့အခါ အဲ့လိုအမမျိုး လိုချင်လိုက်တာ ဆိုတာမျိုး ။ မဖြစ်နိုင်ခဲ့တဲ့အရာတွေကို ငေးကြည့်ရင်း ပျော်ခဲ့ဖူးတဲ့အချိန်တွေမှ အများကြီးပါပဲ …
လူတွေက တစ်ဦးတည်းသော သမီးလေးဖြစ်ရတာ ကံကောင်းလိုက်တာတဲ့ … တကယ်အဲ့လိုပြောတဲ့အခါ ကျွန်မတကယ်ပဲကံကောင်းတာလားဆိုတာမျိုးတွေးမိတယ် … ကျွန်မတော့ မပျော်ရဘူး … အဓိပ္ပါယ်တွေဖွင့်ကြသလိုကျွန်မလဲ မောင်နှမ ဆိုတဲ့ စကားလုံးနဲ့ ရင်းနှီးဖူးချင်တယ် ။
ကိုယ့်နဲ့အတူတူ ဆိုးတူကောင်းဖက် ရပ်နေမယ့်သွေးချင်းသားချင်းလေးရှိချင်တယ် ။ ကိုယ်ဆိုးရင် လိုက်ဆိုးပြီး ကိုယ်လမ်းမှားနေတဲ့အခါ လမ်းမှန်ပြန်ပြပေးမယ့်မောင်နှမဆိုတာလေး လိုချင်မိတယ် ။
တစ်ဦးတည်းသော သမီးတဲ့ … မာနတွေ ကြီးတာ မဟုတ်ဘူး ။ အရင်က သိပ်ကို တွယ်တာတတ်တာ … အိမ်မှာလဲဆိုးတာ မဟုတ်ဘူး ကိုယ်ဟာ လိုချင်တဲ့မေတ္တာဟာ ကိုယ်မရနိုင်တဲ့အရာမှန်းသလို တစ်ခါတစ်ခါ တွေးမိရင်း မကျေနပ်တာပါ ။
အားလုံးသောမျှော်လင့်ချက်တွေကို ထမ်းပိုးထားတဲ့ တစ်ဦးတည်းသော သမီးလေးက တစ်ခါတစ်ခါ ကိုယ့်မှာလဲလိုချင်တဲ့ မေတ္တာတွေ ရှိပါတယ် ။ သူများတွေ ပြောတဲ့ အစ်ကိုနဲ့အမ ဇာတ်လမ်းတွေလိုမျိုး.. ကျွန်မမှာလဲ ပြောပြနိုင်တဲ့အရာလေး
ရှိချင်ရုံပါ …ကံတွေလဲ ကောင်းခဲ့ပေမယ့် တခြားသူတွေရခဲ့သလိုမျိုး လောကကြီးပေးတဲ့ မောင်နှမဆိုတဲ့ လက်ဆောင် ကျွန်မ မရခဲ့တော့ တစ်ခါတစ်လေကျတော့ တွေးမိရင်း ၀မ်းနည်းရတယ် ။
Credit-original writer
Unicode
ကျွန်မက အိမ်မှာ အကြီးဆုံးသမီးအမကြီး အမိရာဆိုတဲ့ စကားလိုပါပဲ … အကြီးဆုံးကျွန်မ အိမ်ရဲ့တစ်ထောင့်တစ်နေရာကနေ ပုခုံထမ်းယူရတယ် ။အမေနဲ့အတူ ကူလဲကူတယ် ပူလဲပူပေးရတယ် ။ ငါ့သမီးကြီးလေးက အမေ့အတွက် အားပဲဆိုတဲ့ စကားတွေဟာကျွန်မအတွက်တော့ အမောတွေ ပြေရတယ် ။
အကြီးဆုံးသမီးတဲ့ … အချစ်တွေ ပိုပြီးရခဲ့လိမ့်မယ်လို့တော့မထင်စေချင်ဘူး ။ ကိုယ်လိုအပ်တာ ကိုယ်လိုချင်တာတွေအတွက် ကိုယ့်ခြေကိုယ့်လက်နဲ့ပဲ ကြိုးစားယူခဲ့ရသလို … ကိုယ့်မိသားစုအတွက် ကိုယ်လိုချင်တာတွေကိုလဲမျက်ကွယ်ပြုခဲ့ရတယ် ။
အငယ်တွေရဲ့ စံပြဖြစ်အောင်ဆိုပြီး နာနာဖွတ်ခံခဲ့ရတာ အိမ်က အကြီးမပေါ့ ။ အငယ်တွေ အသုံးမကျတဲ့အခါ ကို်ယ်က အမြဲပါရတယ် ။ ပူဆာတာတွေ . ကြင်နာတာတွေ ဂရုစိုက်ခံရတာတွေက ကိုယ်နဲ့ လားလားမှ မဆိုင်သလိုပါပဲ။
အိပ်မက်တွေ ရှိပေမယ့် အဲ့ဒီအိပ်မက်တွေအစား မိသားစုအရေးကို ပိုပြီးတွေးခဲ့မိတော့ တချို့အိပ်မက်တွေဟာတစ်၀က်တစ်ပျက်နဲ့ တချို့မျှော်လင့်ချက်တွေက အရောင်ခပ်မှိန်မှိန်လေးနဲ့ ကိုယ့်ရင်ထဲကိုယ်သိမ်းပဲ သိမ်းထားဖြစ်ပါတယ် ။
အငယ်လေးတွေရေ … အမကို မစာနာချင်နေပါ ။ အမက ဘာမို့လို့လဲဆိုတဲ့ စကားလုံးတွေနဲ့ … အမကို မနာကျင်စေပါနဲ့ သူ့မှာ … ချော့သိပ်ဖူးတဲ့ လက်တစ်စုံလဲ ပိုင်ခဲ့ဖူးသလို အိပ်မက်တွေကို သူကိုယ်တိုင် ရင်နာနာနဲ့မေ့ပစ်ခဲ့တဲ့အဖြစ်တွေ ကြုံခဲ့ဖူးတယ် ။
ကျွန်မ … အိမ်မှာ အကြီးဆုံးအစ်မပေါ့ … တစ်ခါတစ်လေ အလေးထား ဂရုစိုက်ခံချင်ပေမယ့် မရတဲ့သူလေ ။တန်ဖိုးထားတာမျိုး အလိုလိုက်ခံရတာမျိုး … မှတ်မှတ်ရရ မရှိဖူးတဲ့သူလေ ။ တစ်နေ့ကျရင်တော့ ကျွန်မ စေတနာတွေ အနစ်နာတွေ နားလည်လာမှာပါဆိုတဲ့အတွေးနဲ့ ရပ်နေတဲ့ အကြီးမပါ ။
အလတ် မိသားစုတစ်ခုမှာ အလတ် ဆိုတဲ့လူတွေ နာမည်အတိုင်းပါပဲ မေတ္တာတွေ လစ်လပ်ခြင်းတွေ ခံခဲ့ကြတယ် ။ အကြီးအပေါ် အလိုက်သိရပြီး အငယ်အပေါ် အလိုလိုက်ရတဲ့ လူတွေလေ ။
အလတ် သာမန်သားသမီးတွေထက် ပိုပြီးလည်း သိတတ်ကြသလို ပိုပြီးလဲ နားလည်တတ်ကြတယ် ဒါပေမယ့် တခြားသူတွေလိုတော့ သဲသဲလှုပ် အချစ်မခံရဘူးပေါ့ ။
အကြီးကို သိတတ်ရတယ်ဆိုတဲ့ စကားလုံးတွေ နဲ့ အငယ်ကို အလိုလိုက်ရတယ်ဆိုတဲ့ စကားလုံးတွေ နဲ့ ကိုယ်ဆန္ဒတွေ ရှိလာတဲ့အခါတောင် နှစ်ဦးနှစ်ဖက်ကို မျှပြီးကြည့်ရတဲ့ လူမျိုးလေ ။ ဦးစားပေးခံ လူတန်းစားထဲမှာ မပါတတ်ဘူးပေါ့ ။ သည်းသည်းလှုပ် အချစ်ခံရတဲ့ ကံလဲ မပါဘူးလေ ။
လစ်လပ်နေတဲ့ နေရာတိုင်းကို လိုက်ပြီး ဖြည့်ပေးနေတတ်တဲ့ jokerတစ်ကောင်နဲဲ့ ဆင်တူတယ် အကြီးတစ်ယောက်ရဲ့အနောက်မှာ ပြီးတော့ အငယ်တစ်ယောက်ရဲ့အရှေ့မှာ ဘာပဲလိုလို အမြဲ သူ့ခေါင်းပေါ်မှာချည်းပဲလေ ။
သည်းခံခြင်းတွေ မြိုသိပ်ခြင်းတွေ ဖက်ပြီး မွေးလာတဲ့ကလေးလို့ လူတော်တော်များများက ထင်ကြလိမ့်မယ် တကယ်တော့ အဲ့ဒီသည်းခံခြင်းတွေ မြိုသိပ်ခြင်းတွေက တဖြေးဖြေး ကျင့်သားရလာခဲ့ပြီး အကျင့်လိုဖြစ်သွားတတ်တာမျိုးပါ ။
မိသားစုတစ်ခုမှာ . . . .တစ်မိပေါက် တစ်ယောက်ထွန်းတာတော့ ဘယ်မိသားစုမှာမဆို ပါလာပြီးသားပါ များသောအားဖြင့် အလတ်တွေ များတယ် ။ ဆိုးတဲ့အခါ သူ့အပြင် နှစ်ယောက်မရှိသလို ကောင်းတဲ့အခါလဲ သူ့ကို မှီတာ မရှိဘူး ။
အလိုလိုက်ခံရတာ အချစ်ခံရတာတွေ သိပ်အများကြီး မရတဲ့ကလေးက ကို ကိုးတတ်လာတယ် ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်လာတယ် မကောင်းတဲ့အကျင့်အဖြစ်ကတော့ အရွဲ့တိုက်တတ်လာတယ် ။
အလတ် . . . မိသားစုတစ်ခုမှာ တစ်ယောက်တည်းဖျောက်ပြီး ကွက်ပြီး ဆိုးနေတာလဲ အလတ်တွေ အများဆုံးပဲ ။မိသားစုတစ်ခုမှာ နောက်ဆုံးတစ်ယောက်တည်းကျန်ပြီး မိသားစုအပေါ် တာ၀န်ကျေတတ်တာလဲ အလတ်တွေအများဆုံးပဲ ။ ဆိုးခြင်းကောင်းခြင်းတွေထက် အဓိက က ခံစားချက်ကို နားလည်ပေးဖို့ပဲ လိုအပ်ပါတယ် ။
အကြီးလောက်လဲ အချစ်မခံခဲ့ရသလို အငယ်လောက်လည်း အလိုလိုက်ခြင်း မခံခဲ့ရတဲ့ အလတ်ဆိုတဲ့ နေရာမှာလွယ်လွယ်လေးရင့်ကျက်လာကြတဲ့ ကလေးတွေပဲ များပါတယ် လောကကြီးကို ကောင်းပြဖို့ ၀န်မလေးသလိုအရွဲ့တိုက်ပစ်ဖို့လဲ ၀န်မလေးတတ်ကြဘူး ။
တစ်ဖက်မှာ အရာရာကို သည်းခံပြီး ကိုယ့် ဆန္ဒတွေကို မြိုသိပ်ပစ်ဖို့လဲ၀န်မလေးတတ်ကြဘူး ။ ဆိုးခြင်း ကောင်းခြင်းတွေ နဲ့ ဒွန်တွဲနေသလို မိသားစုတစ်ခုရဲ့ ကွက်လပ်တွေတိုင်းမှာအလတ်တွေ ဖြည့်တာပဲ များပါတယ် ။
အငယ်ဆုံးလေးတွေဆိုတာ . . . .အများအမြင်မှာ အလိုလိုက်ခံရတယ်လို့ ထင်တတ်ကြတယ်တကယ်တမ်းကြတော့အလိုလိုက်ခံရတာထက် အနစ်နာခံရတတ်တာ များပါတယ်အငယ်က အငယ်နေရာနေဆိုတဲ့ စကားတွေနဲ့ ပြောစရာစကားတွေကို မြိုသိပ်ပစ်ရတာလဲ များပါတယ်
အစစအရာရာ အရင်ဦးဆုံးရလိမ့်မယ်လို့ ထင်တတ်ကြတာ ကိုယ်ပူဆာခွင့်မရခဲ့တဲ့အရာတွေမှ အများကြီးပဲအရာအားလုံးမဟုတ်ပေမယ့် တော်တော်များများပါပြီးတော့ . . . မိသားစုအပေါ် ပိုပြီးတွယ်တာတတ်တဲ့စိတ်လေး ပါလာတတ်ကြတယ် ကိုယ်ဖြစ်ချင်နေတာတွေထက်မိသားစုကို ပိုပြီးငဲ့ကွက်တတ်ကြတယ်
အငယ်ဆုံးဆိုတော့ အငယ်ဆုံးတွေရဲ့သဘာ၀အတိုင်း အနည်းအကျဥ်းတော့ ဆိုးချင်ကြတာပေါ့ အဲ့တာ မတွယ်တာလို့မဟုတ်ဘူး ဂရုစိုက်မှုလေးတွေ လိုချင်လို့ ရမလာတဲ့အခါ ဂရုစိုက်လေမလားလို့တွေးပြီး ဆိုးကြတာ
အိမ်တစ်အိမ်မှာ ရှိလေ့ရှိတဲ့ စုန်းပြူးလေးတွေက အငယ်ဆုံးလေးတွေကများတယ် ဥပမာ – အစ်ကိုက ဆရာ၀န်အမလဲ ဆရာ၀န် အငယ်ဆုံးလေးတွေမှ အဝေးသင်တက်နေသလိုမျိုးတွေ တစ်မိပေါက် ထွန်းတာမျိုးတွေပေါ့
သာမန်အထင်တွေ အမြင်တွေနဲ့ဆုံးဖြတ်ကြတဲ့အခါ အငယ်ဆုံးတွေက ပိုပြီးဆိုးတယ်လို့ တွေးတတ်ကြတယ်နောက်ဆုံးမိသားစုအနားမှာ ကျန်ခဲ့တာကလဲ အငယ်ဆုံးလေးတွေပါပဲ ကြိုက်သလောက်ဆိုးချင်ဆိုးမယ် အိမ်ကိုဒုက္ခမပေးဘူး အများအားဖြင့်ပေါ့အငယ်ဆုံးလေးတွေ ဖြစ်တိုင်း မိသားစုအပေါ်
ကောင်းတယ်ချည်းဆိုလိုတာမျိုးမဟုတ်ဘူး ယျေဘုယအားဖြင့်အငယ်ဆုံးလေးတွေကို ကြည့်တဲ့အခါ မိသားစုအပေါ် ပိုပြီး တွယ်တာတတ်တာ မျိုးပါ အငယ်ဆုံးဆိုတိုင်း အများထင်သလို ဦးစားပေးခံ အလိုလိုက်ခံရတဲ့ လူတွေချည်းမဟုတ်ပါဘူးအမြဲ အနောက်ဆုံးမှာ ကျန်ခဲ့တဲ့လူ ဒါမှမဟုတ် အနစ်နာခံရတဲ့ သူတွေချည်းဖြစ်နေတတ်ပါတယ် ။
တစ်ဦးတည်းသော သမီး တစ်ဦးတည်းသော သမီးဆိုတော့ တုန်နေအောင် အချစ်ခံရမှာပေါ့ အလိုလိုက်ခံရမှာပေါ့နော်တဲ့ … အချစ်ခံရပါတယ် ဒါပေမယ့် အထီးကျန်ရတယ် … ဆော့ဖော် ဆော့ဖက် ကစားဖော် ကစားဖက်တွေ မက်တဲ့ ကလေးအရွယ်တွေတုန်းကဆိုလဲ ကလေးအရွယ်တုန်းကမို့ … ကျွန်မမှာ အဖော်တွေ မဲ့ရတယ် ။
ဒီလိုနဲ့ သူငယ်ချင်းအပေါင်းအသင်းတွေကို တွယ်တာတတ်တဲ့စိတ်က … သာမန်မိန်းကလေးတွေထက် ပိုခဲ့တာလေအဲ့တာ ခုချိန်ထိ .. အားနည်းချက်တစ်ခုလိုပါပဲ … လူတိုင်းက ဒီစိတ်ကိုပဲ နင်းသွားကြတာလေ ။ သူများမောင်နှမတွေကို ငေးရင်းနဲ့ ငါလဲ အဲ့လို ရှိချင်လိုက်တာဆိုတဲ့ စိတ်လေးတွေ ဖြစ်မိတယ် ။
အစ်ကိုက အလိုလိုက်တာ ခံရတဲ့ ကောင်မလေးတစ်ယောက်ကို မြင်တဲ့အခါ … အဲ့လိုမျိုးလေး လိုချင်လိုက်တာဆိုတာမျိုး။ အမက ဂရုတစိုက်နဲ့ လုပ်ပေးတဲ့အခါ အဲ့လိုအမမျိုး လိုချင်လိုက်တာ ဆိုတာမျိုး ။ မဖြစ်နိုင်ခဲ့တဲ့အရာတွေကို ငေးကြည့်ရင်း ပျော်ခဲ့ဖူးတဲ့အချိန်တွေမှ အများကြီးပါပဲ …
လူတွေက တစ်ဦးတည်းသော သမီးလေးဖြစ်ရတာ ကံကောင်းလိုက်တာတဲ့ … တကယ်အဲ့လိုပြောတဲ့အခါ ကျွန်မတကယ်ပဲကံကောင်းတာလားဆိုတာမျိုးတွေးမိတယ် … ကျွန်မတော့ မပျော်ရဘူး … အဓိပ္ပါယ်တွေဖွင့်ကြသလိုကျွန်မလဲ
မောင်နှမ ဆိုတဲ့ စကားလုံးနဲ့ ရင်းနှီးဖူးချင်တယ် ။ ကိုယ့်နဲ့အတူတူ ဆိုးတူကောင်းဖက် ရပ်နေမယ့်သွေးချင်းသားချင်းလေးရှိချင်တယ် ။ ကိုယ်ဆိုးရင် လိုက်ဆိုးပြီး ကိုယ်လမ်းမှားနေတဲ့အခါ လမ်းမှန်ပြန်ပြပေးမယ့်မောင်နှမဆိုတာလေး လိုချင်မိတယ် ။
တစ်ဦးတည်းသော သမီးတဲ့ … မာနတွေ ကြီးတာ မဟုတ်ဘူး ။ အရင်က သိပ်ကို တွယ်တာတတ်တာ … အိမ်မှာလဲဆိုးတာ မဟုတ်ဘူး ကိုယ်ဟာ လိုချင်တဲ့မေတ္တာဟာ ကိုယ်မရနိုင်တဲ့အရာမှန်းသလို တစ်ခါတစ်ခါ တွေးမိရင်း မကျေနပ်တာပါ ။
အားလုံးသောမျှော်လင့်ချက်တွေကို ထမ်းပိုးထားတဲ့ တစ်ဦးတည်းသော သမီးလေးက တစ်ခါတစ်ခါ ကိုယ့်မှာလဲလိုချင်တဲ့ မေတ္တာတွေ ရှိပါတယ် ။ သူများတွေ ပြောတဲ့ အစ်ကိုနဲ့အမ ဇာတ်လမ်းတွေလိုမျိုး.. ကျွန်မမှာလဲ ပြောပြနိုင်တဲ့အရာလေး ရှိချင်ရုံပါ …
ကံတွေလဲ ကောင်းခဲ့ပေမယ့် တခြားသူတွေရခဲ့သလိုမျိုး လောကကြီးပေးတဲ့ မောင်နှမဆိုတဲ့ လက်ဆောင် ကျွန်မ မရခဲ့တော့ တစ်ခါတစ်လေကျတော့ တွေးမိရင်း ၀မ်းနည်းရတယ် ။
Credit