ၾကားသိရသမွ်

ပိုက်ဆံမတတ်နိုင်၍ ဈေးပေါသောဟိုတယ်ကို ဌားခဲ့ရာမှ အိပ်နေရင်းကုတင်ကျိုးသွားလို့ လျော်ကြေးပါအစစ်ပေးခဲ့ရသည့် ချစ်သူစုံတွဲဧ။်အဖြစ်

ဗီယက်နမ်နိုင်ငံမှ ချစ်သူစုံတွဲနှစ်ဦးသည် နှစ်ဖက်မိဘသဘောတူညီမှုနှင့်အတူ ဒေသအတွင်း အလည်အပတ် ညအိပ်ခရီးထွက်ခဲ့ရာ အသုံးစရိတ် ချွေတာသည့်အနေနှင့် စျေးအပေါဆုံး ဟိုတယ်တစ်ခုတွင် ဌားနေခဲ့ကြသည်။

စျေးပေါသည့်အတိုင်း ဟိုတယ်ဧ။်ဝန်ဆောင်မှုကလည်း ညံ့ဖျင်းနေကာ အခန်းဌားပြီးနောက် ခရီးပန်းလာ၍ နှစ်ယောက်သား အိပ်ပျော်သွားခဲ့ရာ နာရီပိုင်းလေးမှာပဲ ရုတ်တရက် ကုတင်ကြီးက ကျိုးကျသွားခဲ့သည်။

ချစ်သူစုံတွဲနှစ်ဦးမှာလည်း ထိုအချိန်မှ လန့်နိုးသွားခဲ့ပြီး ဝန်ထမ်းများမှလည်း ကျယ်လောင်သောအသံကြောင့် ချက်ချင်းရောက်လာကာ ကျိုးသွားသောကုတင်အတွက် ပိုက်ဆံမရှိသည့်ကြားက ဗီယက်နမ်ငွေ၅သိန်းလျော်ကြေးပေးလိုက်ရသည်။

သူတို့ချစ်သူစုံတွဲနှစ်ဦးလည်း မသင်္ကာ၍ ကုတင်ကြီးအားစစ်ဆေးကြည့်ခဲ့ချိန်မှာတော့ အစကတည်းက ကုတင်မှာအက်ကွဲနေပြီး ထိုနေရာကို ပလက်စတစ်တိတ်လေးကပ်ထားကာ အောက်ဆုံးတွင်

လည်း ခြတွေကိုက်နေသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့၍ သူတို့နှစ်ဦးရဲ့အဖြစ်အား လူမှုကွန်ယက်တွင် မျှဝေခဲ့ရာ အများမှ ဟိုတယ်အရွေးမှားတာပဲဆိုပြီး ရယ်မောခဲ့ကြသည်။

Credit