ကံတရားကြီးက . . . ကျွန်မဇာတာကို ရေးခဲ့တုန်းက ကံကောင်းခြင်းတွေထည့်ပေးဖို့မေ့ခဲ့တယ်နဲ့ တူပါတယ် ။ စပြီး မွေးဖွားလာကတည်းက ကံကောင်းခြင်းတွေ မဲ့ခဲ့တာပေါ့ ။
ကိုယ်လိုချင်တာတွေရှိလာတဲ့အခါ ကိုယ်ကိုယ်တိုင်ပဲ ကြိုးစားယူရတယ် ။ နောက်ကနေ ပံ့ပိုးပေးမယ့်လူတွေထက် အနောက်ကနေ အပုတ်ချမယ့်လူတွေချည်း ရပ်နေတဲ့ ပတ်၀န်းကျင်မှာ အကြိမ်ကြိမ်လဲပြိုချင်ခဲ့ဖူးတယ် ။
ဆွေမျိုးသားချင်းဆိုလို့လဲ ငွေရှိတဲ့ကိုသာ ခင်တတ်ကြတဲ့ သူတွေချည်းရှိနေတတ်တာလေ ။ မပေးနိုင်မကမ်းနိုင်ခဲ့တဲ့ ကျွန်မကတော့ အဲ့ဒီအသိုင်းအဝိုင်းကြား လူရာမ၀င်ခဲ့ပါဘူး ။
အကောင်းမမြင်တတ်တဲ့ ပတ်၀န်းကျင်မှာ ရှင်သန်ခဲ့ရလို့ထင်ပါတယ် ကျွန်မက နဲနဲလေးခက်ထန်ချင်တယ် ။ လူတစ်ဖက်သားအပေါ် လွယ်လွယ်လေးနဲ့ မယုံကြည်တတ်ခဲ့ဘူး ။
ကိုယ်လိုချင်တာတွေရှိလာတဲ့အခါ ကိုယ်ကိုယ်တိုင်ပဲ ကြိုးစားယူခဲ့ရတာကို များပါတယ် ကိုယ်ကြိုးစားရင်း ရမလာတော့တဲ့အခါ . . .လိုချင်နေလျက်နဲ့ပဲ မလိုချင်ယောင်တွေ ဆောင်ပစ်လိုက်ရတယ် ။
ဒီ ဘ၀မှာ ကျွန်မပျော်ပါတယ်လို့တော့ မဟုတ်ပါဘူး ဒီဘ၀မှာ ကျွန်မ ပျော်အောင်နေပါတယ် ကိုယ်လိုချင်လို့ရလာတဲ့အရာတွေ မဟုတ်ပေမယ့် မလိုချင်ပဲရလာတဲ့အရာတွေကို ကျွန်မ အတတ်နိုင်ဆုံးရင်ဆိုင်ပါတယ် ။
တစ်စုံတစ်ယောက်ကို မှီဖို့အတွေး ဘယ်တုန်းကမှ မတွေးခဲ့ဖူးသလို ကိုယ့် ခြေထောက်ပေါ်ကိုယ်ရပ်ဖို့ကလွဲလို့ဘယ်သူများရှိမလဲလို့ ငဲ့မကြည့်ဖြစ်တော့ဘူး ။
အဆင်ပြေတယ် မပြေဘူးဆိုတာ ကျွန်မအတွက် အရေးမကြီးတော့ပါဘူး ။ အဆင်ပြေသည်ဖြစ်စေ မပျော်သည်ဖြစ်စေ ကျွန်မ ပျော်အောင်နေတတ်နေပါပြီ ။
ဒုက္ခတွေ ထပ်ပြီးရလာမှာလဲ ကျွန်မ မကြောက်တော့ဘူး ။ ဒီထပ်ပိုပြီးနာကျင်ရလို့လဲ မထူးတော့ဘူး ။ လောကဓံကို ခါးစည်းခံရမယ့်ကံ ပါလာတယ်လို့ပဲ မှတ်ပါတယ် ။
အတတ်နိုင်ဆုံးပျော်အောင်နေမယ် အတတ်နိုင်ဆုံးပြုံးမယ် လောကကြီးက ကံကောင်းခြင်းတွေထည့်ပေးဖို့ မေ့ခဲ့ရင်တောင် ကျွန်မကိုယ်ကျွန်မ ဖန်တီးယူနိုင်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ရှင်သန်ပါတယ် ။
မိန်းမသားတို့အတွက်
သျှင်ယွန်း
ကံတရားကြီးက . . . ကျွန်မဇာတာကို ရေးခဲ့တုန်းက ကံကောင်းခြင်းတွေထည့်ပေးဖို့မေ့ခဲ့တယ်နဲ့ တူပါတယ် ။ စပြီး မွေးဖွားလာကတည်းက ကံကောင်းခြင်းတွေ မဲ့ခဲ့တာပေါ့ ။
ကိုယ်လိုချင်တာတွေရှိလာတဲ့အခါ ကိုယ်ကိုယ်တိုင်ပဲ ကြိုးစားယူရတယ် ။ နောက်ကနေ ပံ့ပိုးပေးမယ့်လူတွေထက် အနောက်ကနေ အပုတ်ချမယ့်လူတွေချည်း ရပ်နေတဲ့ ပတ်ဝန်းကျင်မှာ အကြိမ်ကြိမ်လဲပြိုချင်ခဲ့ဖူးတယ် ။
ဆွေမျိုးသားချင်းဆိုလို့လဲ ငွေရှိတဲ့ကိုသာ ခင်တတ်ကြတဲ့ သူတွေချည်းရှိနေတတ်တာလေ ။ မပေးနိုင်မကမ်းနိုင်ခဲ့တဲ့ ကျွန်မကတော့ အဲ့ဒီအသိုင်းအဝိုင်းကြား လူရာမဝင်ခဲ့ပါဘူး ။
အကောင်းမမြင်တတ်တဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်ခဲ့ရလို့ထင်ပါတယ် ကျွန်မက နဲနဲလေးခက်ထန်ချင်တယ် ။ လူတစ်ဖက်သားအပေါ် လွယ်လွယ်လေးနဲ့ မယုံကြည်တတ်ခဲ့ဘူး ။ ကိုယ်လိုချင်တာတွေရှိလာတဲ့အခါ ကိုယ်ကိုယ်တိုင်ပဲ ကြိုးစားယူခဲ့ရတာကို များပါတယ် ကိုယ်ကြိုးစားရင်း ရမလာတော့တဲ့အခါ . . .လိုချင်နေလျက်နဲ့ပဲ မလိုချင်ယောင်တွေ ဆောင်ပစ်လိုက်ရတယ် ။
ဒီ ဘဝမှာ ကျွန်မပျော်ပါတယ်လို့တော့ မဟုတ်ပါဘူး ဒီဘဝမှာ ကျွန်မ ပျော်အောင်နေပါတယ် ကိုယ်လိုချင်လို့ရလာတဲ့အရာတွေ မဟုတ်ပေမယ့် မလိုချင်ပဲရလာတဲ့အရာတွေကို ကျွန်မ အတတ်နိုင်ဆုံးရင်ဆိုင်ပါတယ် ။ တစ်စုံတစ်ယောက်ကို မှီဖို့အတွေး ဘယ်တုန်းကမှ မတွေးခဲ့ဖူးသလို ကိုယ့် ခြေထောက်ပေါ်ကိုယ်ရပ်ဖို့ကလွဲလို့ဘယ်သူများရှိမလဲလို့ ငဲ့မကြည့်ဖြစ်တော့ဘူး ။
အဆင်ပြေတယ် မပြေဘူးဆိုတာ ကျွန်မအတွက် အရေးမကြီးတော့ပါဘူး ။ အဆင်ပြေသည်ဖြစ်စေ မပျော်သည်ဖြစ်စေ ကျွန်မ ပျော်အောင်နေတတ်နေပါပြီ ။
ဒုက္ခတွေ ထပ်ပြီးရလာမှာလဲ ကျွန်မ မကြောက်တော့ဘူး ။ ဒီထပ်ပိုပြီးနာကျင်ရလို့လဲ မထူးတော့ဘူး ။ လောကဓံကို ခါးစည်းခံရမယ့်ကံ ပါလာတယ်လို့ပဲ မှတ်ပါတယ် ။ အတတ်နိုင်ဆုံးပျော်အောင်နေမယ် အတတ်နိုင်ဆုံးပြုံးမယ် လောကကြီးက ကံကောင်းခြင်းတွေထည့်ပေးဖို့ မေ့ခဲ့ရင်တောင် ကျွန်မကိုယ်ကျွန်မ ဖန်တီးယူနိုင်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ရှင်သန်ပါတယ် ။
မိန်းမသားတို့အတွက်
သျှင်ယွန်း