ၾကားသိရသမွ်

အပြင်ထွက်လို့ ဖုန်းမပါသူများ ကို ဒဏ်ငွေ ၅,၀၀၀ ရိုက်နေပြီ

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့တွင် အပြင်ထွက်သူများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ ဖုန်းမပါလာသူများကို ဒဏ်ငွေ ကျပ်၅̗၀၀၀ရိုက်ပြီး ဖုန်းပါသူများကို ဖုန်းဖွင့် စစ်ဆေးနေကြောင်း ဒေသခံများထံက သိရသည်။

” မနေ့ညက မြို့အဝင် စစ်ဆေးရေးဂိတ်နားမှာ ဗုံးပေါက်တယ်လို့ကြားတယ်။ အဲဒါနဲ့ ဒီမနက်တော့ စစ်ခွေး (စစ်သား)တွေ၊ ရဲခွေး (ရဲတပ်သား) တွေက မြို့ထဲကိုလာပြီး ပိတ်ဆို့စစ်ဆေးနေတာပါ။ သူတို့စစ်လို့ ဖုန်းပါမလာရင် ပိုက်ဆံ ကျပ်ငါးထောင်တောင်းတယ်။

ဖုန်းပါလာတဲ့သူတွေကိုလည်း Facebook ဖွင့်ခိုင်းတယ် ။ မသင်္ကာရင်တစ်ခါတည်း ခေါ်သွားကြတယ် “ဟုဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ အောက်တိုဘာလ ၃၁ ရက် ညပိုင်းတွင် မြို့အဝင် စစ်ဆေးရေးဂိတ်အနီး ဗုံးနှစ်လုံး ပေါက်ကွဲခဲ့သည်ဆိုသော သတင်းများ ထွက်‌ပေါ်လာပြီး‌နောက် မြို့ပေါ် ရပ်ကွက်များတွင် စစ်ကောင်စီ တပ်သားများနှင့်ရဲများက ထိုသို့ စစ်ဆေးနေခြင်းခြင်း ဖြစ်ကြောင်းသိရသည်။

ဒေသခံများ၏ သတင်းပေးပို့ချက်အရ ယနေ့ နေ့လယ် ၁၂ နာရီ အချိန်အထိ စစ်ကောင်စီတပ်များနှင့် ရဲများက ပိတ်ဆို့ စစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေသည်ဟု သိရပြီး ဗုံးပေါက်ကွဲမှု ဖြစ်၊ မဖြစ်ကို အတည်ပြု၍ မရသေးပါ။

ဓာတ်ပုံ-မော်လမြိုင်ကျွန်းမြို့အဝင် စစ်ဆေးရေးဂိတ် (ပုံဟောင်း)

———————

ဧရာဝတီတိုင္း၊ ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕တြင္ အျပင္ထြက္သူမ်ားအား စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက စစ္ေဆးမႈမ်ား ျပဳလုပ္လ်က္ရွိရာ ဖုန္းမပါလာသူမ်ားကို ဒဏ္ေငြ က်ပ္၅̗၀၀၀႐ိုက္ၿပီး ဖုန္းပါသူမ်ားကို ဖုန္းဖြင့္ စစ္ေဆးေနေၾကာင္း ေဒသခံမ်ားထံက သိရသည္။

” မေန႔ညက ၿမိဳ႕အဝင္ စစ္ေဆးေရးဂိတ္နားမွာ ဗုံးေပါက္တယ္လို႔ၾကားတယ္။ အဲဒါနဲ႔ ဒီမနက္ေတာ့ စစ္ေခြး (စစ္သား)ေတြ၊ ရဲေခြး (ရဲတပ္သား) ေတြက ၿမိဳ႕ထဲကိုလာၿပီး ပိတ္ဆို႔စစ္ေဆးေနတာပါ။ သူတို႔စစ္လို႔ ဖုန္းပါမလာရင္ ပိုက္ဆံ က်ပ္ငါးေထာင္ေတာင္းတယ္။

ဖုန္းပါလာတဲ့သူေတြကိုလည္း Facebook ဖြင့္ခိုင္းတယ္ ။ မသကၤာရင္တစ္ခါတည္း ေခၚသြားၾကတယ္ “ဟုေဒသခံတစ္ဦးက ေျပာသည္။

ယမန္ေန႔ ေအာက္တိုဘာလ ၃၁ ရက္ ညပိုင္းတြင္ ၿမိဳ႕အဝင္ စစ္ေဆးေရးဂိတ္အနီး ဗုံးႏွစ္လုံး ေပါက္ကြဲခဲ့သည္ဆိုေသာ သတင္းမ်ား ထြက္‌ေပၚလာၿပီး‌ေနာက္ ၿမိဳ႕ေပၚ ရပ္ကြက္မ်ားတြင္ စစ္ေကာင္စီ တပ္သားမ်ားႏွင့္ရဲမ်ားက ထိုသို႔ စစ္ေဆးေနျခင္းျခင္း ျဖစ္ေၾကာင္းသိရသည္။

ေဒသခံမ်ား၏ သတင္းေပးပို႔ခ်က္အရ ယေန႔ ေန႔လယ္ ၁၂ နာရီ အခ်ိန္အထိ စစ္ေကာင္စီတပ္မ်ားႏွင့္ ရဲမ်ားက ပိတ္ဆို႔ စစ္ေဆးမႈမ်ား ဆက္လက္ျပဳလုပ္ေနသည္ဟု သိရၿပီး ဗုံးေပါက္ကြဲမႈ ျဖစ္၊ မျဖစ္ကို အတည္ျပဳ၍ မရေသးပါ။

ဓာတ္ပုံ-ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕အဝင္ စစ္ေဆးေရးဂိတ္ (ပုံေဟာင္း)