ဗဟုသုတ

(စကားပြောနည်း)

လူတွေနဲ့ စကားပြောရင်..သိပ် မပွင့်လင်းနဲ့။

ကွယ်ရာကျ ကဲ့ရဲ့တတ်တယ်။ လူတွေနဲ့စကားပြောရင်..သိပ် မရောလိုက်နဲ့။

ကိုယ့် အားနည်းချက်ကို နင်းသွားတတ်တယ်။

လူတွေနဲ့ စကားပြောရင်..သိပ် မစပ်စုနဲ့အထင်သေး အမြင်သေး ပြန်ကြည့်တတ်တယ်။

လူတွေနဲ့ စကားပြောရင်..သိပ် မဝေဖန်နဲ့။

ရွံစရာလူလို့ သတ်မှတ်တတ်မယ်။

လူတွေနဲ့ စကားပြောရင်..သိပ်မချီးကျူးနဲ့။

မရိုးသားသူလို့ မြင်သွားတတ်မယ်လူတွေနဲ့စကားပြောရင်..ဖြတ်မပြောနဲ့။

မယဉ်ကျေးသူလို့ သတ်မှတ်တတ်တယ်။

လူတွေနဲ့ စကားပြောရင်..သိပ် မမေးပါနဲ့။မပေါင်းသင့်သူလို့ သတ်မှတ်တတ်မယ်။

လူတွေနဲ့ စကားပြောရင်..သိပ် အတင်းမပြောနဲ့။

သူ့ အကြောင်းလည်းအခြားလူတွေကိုသင် ပြောမှာပဲလို့သတ်မှတ်တတ်မယ်။

သိထားရမှာက..လူတိုင်းက စိတ်သောက များကြတဲ့အတွက်ပေါ့ပေါ့ပါးပါး စိတ်ချမ်းသာစရာ စကားပဲ..ကြားချင်ကြတယ်။

သို့ဖြစ်၍သူတစ်ပါး စိတ်ချမ်းသာဖို့အဓိကထား ရည်ရွယ်ပြောဆိုပါ။

စကားဆိုတာအမှန်တရားဖြစ်စေဦးတော့ပြောသင့် မပြောသင့်ချင့်ချိန်ပါ။

မှန်တဲ့စကားကနားထောင်သူအတွက်အကျိုးရှိကောင်း ရှိမယ်ပြောတဲ့သူအတွက်တော့အန္တရာယ်အသွယ်သွယ်ရန်အသွယ်သွယ်ဖြစ်ပွားတတ်တယ်နော်။

အရမ်းရင်းနီးသူပင်ဖြစ်ပါစေစကားကို ချင့်ချိန်ပြောလိုက်ပါ။

လူေတြနဲ႔ စကားေျပာရင္..သိပ္ မပြင့္လင္းနဲ႔။

ကြယ္ရာက် ကဲ့ရဲ႕တတ္တယ္။ လူေတြနဲ႔စကားေျပာရင္..သိပ္ မေရာလိုက္နဲ႔။

ကိုယ့္ အားနည္းခ်က္ကို နင္းသြားတတ္တယ္။

လူေတြနဲ႔ စကားေျပာရင္..သိပ္ မစပ္စုနဲ႔အထင္ေသး အျမင္ေသး ျပန္ၾကည့္တတ္တယ္။

လူေတြနဲ႔ စကားေျပာရင္..သိပ္ မေဝဖန္နဲ႔။

႐ြံစရာလူလို႔ သတ္မွတ္တတ္မယ္။

လူေတြနဲ႔ စကားေျပာရင္..သိပ္မခ်ီးက်ဴးနဲ႔။

မ႐ိုးသားသူလို႔ ျမင္သြားတတ္မယ္လူေတြနဲ႔စကားေျပာရင္..ျဖတ္မေျပာနဲ႔။

မယဥ္ေက်းသူလို႔ သတ္မွတ္တတ္တယ္။

လူေတြနဲ႔ စကားေျပာရင္..သိပ္ မေမးပါနဲ႔။မေပါင္းသင့္သူလို႔ သတ္မွတ္တတ္မယ္။

လူေတြနဲ႔ စကားေျပာရင္..သိပ္ အတင္းမေျပာနဲ႔။

သူ႔ အေၾကာင္းလည္းအျခားလူေတြကိုသင္ ေျပာမွာပဲလို႔သတ္မွတ္တတ္မယ္။

သိထားရမွာက..လူတိုင္းက စိတ္ေသာက မ်ားၾကတဲ့အတြက္ေပါ့ေပါ့ပါးပါး စိတ္ခ်မ္းသာစရာ စကားပဲ..ၾကားခ်င္ၾကတယ္။

သို႔ျဖစ္၍သူတစ္ပါး စိတ္ခ်မ္းသာဖို႔အဓိကထား ရည္႐ြယ္ေျပာဆိုပါ။

စကားဆိုတာအမွန္တရားျဖစ္ေစဦးေတာ့ေျပာသင့္ မေျပာသင့္ခ်င့္ခ်ိန္ပါ။

မွန္တဲ့စကားကနားေထာင္သူအတြက္အက်ိဳးရွိေကာင္း ရွိမယ္ေျပာတဲ့သူအတြက္ေတာ့အႏၲရာယ္အသြယ္သြယ္ရန္အသြယ္သြယ္ျဖစ္ပြားတတ္တယ္ေနာ္။

အရမ္းရင္းနီးသူပင္ျဖစ္ပါေစစကားကို ခ်င့္ခ်ိန္ေျပာလိုက္ပါ။