ဘဏ်အချို့က ဖုန်းဆက်စရာမလို တိုကင် ယူရန်မလိုပဲ ငွေသားထုတ်ပေးမှုများ စတင်ရှိလာနေ
နိုဝင်ဘာ ၁ ရက်နေ့ကစပြီး ပုဂ္ဂလိကဘဏ်အချို့မှာ ငွေသားထုတ်ယူရန်အတွက် ဖုန်းဆက်တိုကင်ယူစရာ မလိုဘဲ တစ်ပါတ်လျှင် ငွေကျပ် ၃
သိန်းနှုန်း၊ ၅သိန်းနှုန်း၊ ၁၀သိန်းနှုန်းစသည့်ဖြင့် ငွေထုတ်ပေးလာသည့် ဘဏ်အချို့ရှိလာနေတယ်လို့ ဘဏ်မှာငွေထုတ်ယူလာသူတွေက
ပြောဆိုနေကြပါတယ်။
လတ်တလောမှာ ပုဂ္ဂလိက ဘဏ်အားလုံးက ထိုသို့လုပ်ဆောင်ပေးနေခြင်းမျိုးမဟုတ်ဘဲ ရိုးမဘဏ်၊ A ဘဏ် စသည်တို့ကသာ ဆောင်ရွက်
ပေးနေတာဖြစ်တယ်လို့သိရပါတယ်။
နိုဝင်ဘာ ၁ရက်ကစပြီး ငွေထုတ်ယူမှုများအတွက် တိုကင် ယူစရာမလို ထုတ်ယူနိုင်ပြီဟု ရိုးမဘဏ်က ကြေညာထားတာတွေ့ရသလို ရိုးမ
ဘဏ်မှ ငွေထုတ်ယူခဲ့ကြသူတို့က တိုကင်ယူစရာမလိုပဲ တစ်ပါတ် ငွေကျပ် ၃ သိန်းရတယ်လို့ဆိုပါတယ်။
A ဘဏ် မှ ငွေထုတ်ယူခဲ့သူပြောပြချက်အရ ဖေဖော်ဝါရီ ၁ ရက်နေ့မတိုင်ခင်ဖွင့်ထားသည့် အကောင့်မှ ငွေကိုထုတ်ယူလိုလျှင် ငွေကျပ်သိန်း
၅၀၀၀ နှင့် အထက်ဆိုပါက တစ်ပါတ်လျှင် ငွေကျပ် ၁၀ သိန်း၊ ငွေကျပ် သိန်း၅၀၀၀ နှင့်အောက်ဆိုပါက တစ်ပါတ်လျှင် ငွေကျပ် ၅သိန်း
မတ်လ နောက်ပိုင်းဖွင့်ထားသည့်အကောင့်ဆိုပါက ငွေကျပ်သိန်း၅၀၀၀ နှင့် အထက်ဆိုပါက တစ်ပါတ်လျှင် ငွေကျပ် ၅သိန်း၊ ငွေကျပ်
သိန်း၅၀၀၀ နှင့်အောက်ဆိုပါက တစ်ပါတ်လျှင် ငွေကျပ် ၃ သိန်းနှုန်း ထုတ်ပေးနေတယ်လို့ သိရပါတယ်။
တခြားကျန်ရှိနေတဲ့ ဘဏ်တွေအနေနဲ့ကတော့ တိုကင်မယူဘဲငွေထုတ်ယူ၍ ရပါက ဘဏ်များ၏ ဖေ့ဘုတ်စာမျက်မှာများမှတဆင့်
ထုတ်ပြန်ကြေညာပေးသွားမယ်လို့ဆိုပါတယ်။
Zawgyi
ဘဏ်အချို့က ဖုန်းဆက်စရာမလို တိုကင် ယူရန်မလိုပဲ ငွေသားထုတ်ပေးမှုများ စတင်ရှိလာနေ
နိုဝင်ဘာ ၁ ရက်နေ့ကစပြီး ပုဂ္ဂလိကဘဏ်အချို့မှာ ငွေသားထုတ်ယူရန်အတွက် ဖုန်းဆက်တိုကင်ယူစရာ မလိုဘဲ တစ်ပါတ်လျှင် ငွေကျပ် ၃ သိ
န်းနှုန်း၊ ၅သိန်းနှုန်း၊ ၁၀သိန်းနှုန်းစသည့်ဖြင့် ငွေထုတ်ပေးလာသည့် ဘဏ်အချို့ရှိလာနေတယ်လို့ ဘဏ်မှာငွေထုတ်ယူလာ
သူတွေက ပြောဆိုနေကြပါတယ်။
လတ်တလောမှာ ပုဂ္ဂလိက ဘဏ်အားလုံးက ထိုသို့လုပ်ဆောင်ပေးနေခြင်းမျိုးမဟုတ်ဘဲ ရိုးမဘဏ်၊ A ဘဏ် စသည်တို့ကသာ ဆောင်ရွ
က်ပေးနေတာဖြစ်တယ်လို့သိရပါတယ်။
နိုဝင်ဘာ ၁ရက်ကစပြီး ငွေထုတ်ယူမှုများအတွက် တိုကင် ယူစရာမလို ထုတ်ယူနိုင်ပြီဟု ရိုးမဘဏ်က ကြေညာထားတာတွေ့ရသလို ရိုးမဘ
ဏ်မှ ငွေထုတ်ယူခဲ့ကြသူတို့က တိုကင်ယူစရာမလိုပဲ တစ်ပါတ် ငွေကျပ် ၃ သိန်းရတယ်လို့ဆိုပါတယ်။
A ဘဏ် မှ ငွေထုတ်ယူခဲ့သူပြောပြချက်အရ ဖေဖော်ဝါရီ ၁ ရက်နေ့မတိုင်ခင်ဖွင့်ထားသည့် အကောင့်မှ ငွေကိုထုတ်ယူလိုလျှင် ငွေ
ကျပ်သိန်း ၅၀၀၀ နှင့် အထက်ဆိုပါက တစ်ပါတ်လျှင် ငွေကျပ် ၁၀ သိန်း၊ ငွေကျပ် သိန်း၅၀၀၀ နှင့်အောက်ဆိုပါက တစ်ပါတ်လျှင် ေ
ငွကျပ် ၅သိန်းမတ်လ နောက်ပိုင်းဖွင့်ထားသည့်အကောင့်ဆိုပါက ငွေကျပ်သိန်း၅၀၀၀ နှင့် အထက်ဆိုပါက တစ်ပါတ်လျှင် ငွေကျပ် ၅သိ
န်း၊ ငွေကျပ် သိန်း၅၀၀၀ နှင့်အောက်ဆိုပါက တစ်ပါတ်လျှင် ငွေကျပ် ၃ သိန်းနှုန်း ထုတ်ပေးနေတယ်လို့ သိရပါတယ်။
တခြားကျန်ရှိနေတဲ့ ဘဏ်တွေအနေနဲ့ကတော့ တိုကင်မယူဘဲငွေထုတ်ယူ၍ ရပါက ဘဏ်များ၏ ဖေ့ဘုတ်စာမျက်မှာများမှတဆင့်ထုတ်ပြ
န်ကြေညာပေးသွားမယ်လို့ဆိုပါတယ်။