ၾကားသိရသမွ်

စကစဗဟိုဘဏ်၏ သိန်း ၂၀၀ ကိစ္စကို ဝေဖန်လိုက်တဲ့ ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ

Zawgyi

ကိုယ့္ထိမွ အသံထြက္လာတဲ့ ေ႐ႊလုပ္ငန္းရွင္အသင္း (သိန္း ၂၀၀ ထက္ပိုတဲ့ေငြကို ဘဏ္စနစ္နဲ႔ေပးေခ်ဖို႔သတ္မွတ္လိုက္တာ လုပ္ငန္းရွင္ေတြအတြက္ အဆင္မေျပ)

ျမန္မာေငြ က်ပ္သိန္း၂၀၀ ထက္ပိုတဲ့ အေရာင္းအဝယ္၊ ဝန္ေဆာင္မႈလုပ္ငန္းမွန္သမွ်ကို ဘဏ္စနစ္အသုံးျပဳၿပီး ဘဏ္မွာေငြသားေပးသြင္းျခင္းအပါအဝင္ ၊ဒစ္ဂ်စ္တယ္ေငြေပးေခ်မႈနည္းလမ္းေတြနဲ႔ လုပ္ေဆာင္ရမယ္လို႔ ဗဟိုဘဏ္က သတ္မွတ္လိုက္ပါတယ္။

ကုန္ပစၥည္းေရာင္းျခင္း၊ ဝယ္ျခင္း၊ လႊဲေျပာင္းျခင္းေတြအတြက္ ေငြေပးေခ်မႈ၊ ဝန္ေဆာင္မႈအတြက္ ေငြေပးေခ်မႈနဲ႔ အျခားေငြေပးေခ်မႈေတြ ျပဳလုပ္မႉ တႀကိမ္ကို ေငြသားနဲ႔ေပးေခ်မႈ က်ပ္သိန္း ၂၀၀ ထက္မပိုေစရလို႔ ကန႔္သတ္လိုက္တာျဖစ္ပါတယ္။
ဒီလိုသတ္မွတ္လိုက္တာဟာ လက္ရွိဘဏ္ေငြထုတ္ရခက္ခဲတဲ့အေျခအေနေတြေၾကာင့္ အဆင္မေျပႏိုင္ဘူးလို႔ လုပ္ငန္းရွင္ေတြကေျပာပါတယ္။

” ဝယ္မယ့္သူကေတာ့ အဆင္ေျပေကာင္းေျပမယ္၊ေရာင္းတဲ့သူက်ေတာ့ မေျပဘူး။ ဥပမာတိုက္ခန္းက သိန္း ၁၀၀၀ ေက်ာ္မယ္ဆိုရင္ ၈၀၀ ေလာက္က ဘဏ္စနစ္နဲ႔ရမယ္။ အဲ့ဒီရတဲ့ေငြကို ဘဏ္ေတြကဘယ္လိုပုံစံျပန္ထုတ္ေပးမွာလဲ။ အခုေတာင္ ပိုက္ဆံေလး ၅ သိန္းေလာက္ရဖို႔ကို ယူလိုက္ရတဲ့တုံကင္ ၊ဘယ္လိုေတြလုပ္ေနလည္း မသိဘူး အရမ္းစိတ္ပ်က္ဖို႔ေကာင္းတယ္ ” လို႔ အိမ္ၿခံေျမဝန္ေဆာင္မႈေပးသူတဦးကေျပာပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာလတုန္းက ဗဟိုဘဏ္နဲ႔ အိမ္ၿခံေျမလုပ္ငန္းရွင္အသင္း၊ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း၊ဘဏ္အသင္း စတဲ့အဖြဲ႕အစည္းအခ်ိဳ႕နဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့စဥ္က အိမ္ၿခံေျမနဲ႔ေ႐ႊကို ေငြသိန္း ၁၀၀၀ အထိ ေငြသားေပးေခ်ဖို႔ တင္ျပေတာင္းဆိုတာရွိခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါေပမယ့္ လက္ရွိဗဟိုဘဏ္ကေတာ့ သိန္း ၂၀၀ အထိသာ ေငြသားေပးေခ်ခြင့္ျပဳလိုက္ၿပီး အဲ့ဒီထက္ပိုတဲ့ ေငြေပးေခ်မႈကို ဘဏ္စနစ္နဲ႔ေပးေခ်ရမယ္လို႔သာ သတ္မွတ္လိုက္ေပမယ့္ ေပးေခ်လိုက္တဲ့ေငြသားကို ဘဏ္ေတြကေန ဘယ္လိုပုံစံ ျပန္ထုတ္ေပးမယ္ဆိုတာ မသိရွိရတဲ့အတြက္ လုပ္ငန္းရွင္ေတြအတြက္အဆင္မေျပဘူးလို႔ ဆိုပါတယ္။

” ေ႐ႊမွာက ၄ ပိႆာ ၅ ပိႆာေရာင္းရတာရွိတယ္။ က်ေနာ္တို႔ကပိုဆိုးတယ္၊ လက္ငင္းအေရာင္းအဝယ္လုပ္ၿပီးရင္ လက္ငင္းျပန္ဝယ္ရတာ။ ေဈးက တေန႔ကိုေလးႀကိမ္ငါးႀကိမ္ေလာက္ေျပာင္းတာ။ ဘဏ္ကအရင္လို အခုသြားထုတ္ အခုရရင္ေတာ့ ျပႆနာမရွိဘူး၊ အခုက ဘဏ္ေတြအေပၚပဲမူတည္တယ္ လုပ္ကိုင္ေဆာင္႐ြက္တာမေကာင္းရင္ လုပ္ငန္းအားလုံးအဆင္မေျပျဖစ္သြားမယ္။ “လို႔ ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ဦးမ်ိဳးျမင့္ကေျပာပါတယ္။

ဗဟိုဘဏ္ကေတာ့ ေငြေပးေခ်မႈစနစ္ ပိုၿပီးထိေရာက္စြာ အေကာင္အထည္ေဖာ္ဖို႔ အခုလိုလုပ္ေဆာင္တာျဖစ္ေၾကာင္း ၊ က်ပ္သိန္း ၂၀၀ ထက္ပိုတဲ့ ေငြေပးေခ်မႈအားလုံကို ဒစ္ဂ်စ္တယ္ေငြေပးေခ်မႈနည္းလမ္းေတြျဖစ္တဲ့ မိုလ္ဘိုင္းဘဏ္လုပ္ငန္း (Mobile Banking)၊ အင္တာနက္ဘဏ္လုပ္ငန္း (Internet Banking) ျဖင့္ ေပးေခ်ျခင္း၊ ဘဏ္ကတ္နဲ႔ ေပးေခ်ျခင္း၊ ခ်က္လက္မွတ္/ေငြေပးအမိန႔္လႊာ (PO)နဲ႔ ေပးေခ်ျခင္း၊ စာရင္းေျပာင္းေပးေခ်ျခင္း (Account Transfer) ၊ ေငြသားနဲ႔ ဘဏ္ကို ေပးသြင္းၿပီး ေငြေပးသြင္းၿပီးေၾကာင္း စာ႐ြက္စာတမ္းအေထာက္အထားမ်ား တင္ျပၿပီး ေငြေပးေခ်ျခင္းနည္းလမ္းကို အသုံးျပဳရမယ္လို႔ ဗဟိုဘဏ္က ႏိုဝင္ဘာ ၃ ရက္ေန႔မွာ ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။


အဲ့ဒီအမိန႔္ကို လိုက္နာမႈမရွိပါက တည္ဆဲဥပေဒ တစ္ရပ္ရပ္အရ အေရးယူျခင္းခံရမယ္လို႔လည္း အသိေပးထားတာျဖစ္ပါတယ္။
VOM

Unicode

ကိုယ့်ထိမှ အသံထွက်လာတဲ့ ရွှေလုပ်ငန်းရှင်အသင်း (သိန်း ၂၀၀ ထက်ပိုတဲ့ငွေကို ဘဏ်စနစ်နဲ့ပေးချေဖို့သတ်မှတ်လိုက်တာ လုပ်ငန်းရှင်တွေအတွက် အဆင်မပြေ)

မြန်မာငွေ ကျပ်သိန်း၂၀၀ ထက်ပိုတဲ့ အရောင်းအဝယ်၊ ဝန်ဆောင်မှုလုပ်ငန်းမှန်သမျှကို ဘဏ်စနစ်အသုံးပြုပြီး ဘဏ်မှာငွေသားပေးသွင်းခြင်းအပါအဝင် ၊ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်းလမ်းတွေနဲ့ လုပ်ဆောင်ရမယ်လို့ ဗဟိုဘဏ်က သတ်မှတ်လိုက်ပါတယ်။

ကုန်ပစ္စည်းရောင်းခြင်း၊ ဝယ်ခြင်း၊ လွှဲပြောင်းခြင်းတွေအတွက် ငွေပေးချေမှု၊ ဝန်ဆောင်မှုအတွက် ငွေပေးချေမှုနဲ့ အခြားငွေပေးချေမှုတွေ ပြုလုပ်မှူ တကြိမ်ကို ငွေသားနဲ့ပေးချေမှု ကျပ်သိန်း ၂၀၀ ထက်မပိုစေရလို့ ကန့်သတ်လိုက်တာဖြစ်ပါတယ်။
ဒီလိုသတ်မှတ်လိုက်တာဟာ လက်ရှိဘဏ်ငွေထုတ်ရခက်ခဲတဲ့အခြေအနေတွေကြောင့် အဆင်မပြေနိုင်ဘူးလို့ လုပ်ငန်းရှင်တွေကပြောပါတယ်။

” ဝယ်မယ့်သူကတော့ အဆင်ပြေကောင်းပြေမယ်၊ရောင်းတဲ့သူကျတော့ မပြေဘူး။ ဥပမာတိုက်ခန်းက သိန်း ၁၀၀၀ ကျော်မယ်ဆိုရင် ၈၀၀ လောက်က ဘဏ်စနစ်နဲ့ရမယ်။ အဲ့ဒီရတဲ့ငွေကို ဘဏ်တွေကဘယ်လိုပုံစံပြန်ထုတ်ပေးမှာလဲ။ အခုတောင် ပိုက်ဆံလေး ၅ သိန်းလောက်ရဖို့ကို ယူလိုက်ရတဲ့တုံကင် ၊ဘယ်လိုတွေလုပ်နေလည်း မသိဘူး အရမ်းစိတ်ပျက်ဖို့ကောင်းတယ် ” လို့ အိမ်ခြံမြေဝန်ဆောင်မှုပေးသူတဦးကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ဗဟိုဘဏ်နဲ့ အိမ်ခြံမြေလုပ်ငန်းရှင်အသင်း၊ရွှေလုပ်ငန်းရှင်များအသင်း၊ဘဏ်အသင်း စတဲ့အဖွဲ့အစည်းအချို့နဲ့တွေ့ဆုံဆွေးနွေးခဲ့စဉ်က အိမ်ခြံမြေနဲ့ရွှေကို ငွေသိန်း ၁၀၀၀ အထိ ငွေသားပေးချေဖို့ တင်ပြတောင်းဆိုတာရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့် လက်ရှိဗဟိုဘဏ်ကတော့ သိန်း ၂၀၀ အထိသာ ငွေသားပေးချေခွင့်ပြုလိုက်ပြီး အဲ့ဒီထက်ပိုတဲ့ ငွေပေးချေမှုကို ဘဏ်စနစ်နဲ့ပေးချေရမယ်လို့သာ သတ်မှတ်လိုက်ပေမယ့် ပေးချေလိုက်တဲ့ငွေသားကို ဘဏ်တွေကနေ ဘယ်လိုပုံစံ ပြန်ထုတ်ပေးမယ်ဆိုတာ မသိရှိရတဲ့အတွက် လုပ်ငန်းရှင်တွေအတွက်အဆင်မပြေဘူးလို့ ဆိုပါတယ်။

” ရွှေမှာက ၄ ပိဿာ ၅ ပိဿာရောင်းရတာရှိတယ်။ ကျနော်တို့ကပိုဆိုးတယ်၊ လက်ငင်းအရောင်းအဝယ်လုပ်ပြီးရင် လက်ငင်းပြန်ဝယ်ရတာ။ ဈေးက တနေ့ကိုလေးကြိမ်ငါးကြိမ်လောက်ပြောင်းတာ။ ဘဏ်ကအရင်လို အခုသွားထုတ် အခုရရင်တော့ ပြဿနာမရှိဘူး၊ အခုက ဘဏ်တွေအပေါ်ပဲမူတည်တယ် လုပ်ကိုင်ဆောင်ရွက်တာမကောင်းရင် လုပ်ငန်းအားလုံးအဆင်မပြေဖြစ်သွားမယ်။ “လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောပါတယ်။

ဗဟိုဘဏ်ကတော့ ငွေပေးချေမှုစနစ် ပိုပြီးထိရောက်စွာ အကောင်အထည်ဖော်ဖို့ အခုလိုလုပ်ဆောင်တာဖြစ်ကြောင်း ၊ ကျပ်သိန်း ၂၀၀ ထက်ပိုတဲ့ ငွေပေးချေမှုအားလုံကို ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်းလမ်းတွေဖြစ်တဲ့ မိုလ်ဘိုင်းဘဏ်လုပ်ငန်း (Mobile Banking)၊ အင်တာနက်ဘဏ်လုပ်ငန်း (Internet Banking) ဖြင့် ပေးချေခြင်း၊ ဘဏ်ကတ်နဲ့ ပေးချေခြင်း၊ ချက်လက်မှတ်/ငွေပေးအမိန့်လွှာ (PO)နဲ့ ပေးချေခြင်း၊ စာရင်းပြောင်းပေးချေခြင်း (Account Transfer) ၊ ငွေသားနဲ့ ဘဏ်ကို ပေးသွင်းပြီး ငွေပေးသွင်းပြီးကြောင်း စာရွက်စာတမ်းအထောက်အထားများ တင်ပြပြီး ငွေပေးချေခြင်းနည်းလမ်းကို အသုံးပြုရမယ်လို့ ဗဟိုဘဏ်က နိုဝင်ဘာ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီအမိန့်ကို လိုက်နာမှုမရှိပါက တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ အရေးယူခြင်းခံရမယ်လို့လည်း အသိပေးထားတာဖြစ်ပါတယ်။
VOM