ၾကားသိရသမွ်

အိမ္ေဆာက္လုပ္ဖို႔ေျမတူးရင္း ေရွးေဟာင္းရတနာမ်ားေတြ႕ရွိခဲ့ေပမဲ့ ေျမပိုင္ရွင္ဆီက တာဝန္ရွိသူဆိုတဲ့လူေတြ လာၿပီး ျပည္သူပိုင္သိမ္းတဲ့အခါ….

အိမ္ေဆာက္လုပ္ဖို႔ေျမတူးရင္း ေရွးေဟာင္းရတနာမ်ားေတြ႕ရွိခဲ့ေပမဲ့ ေျမပိုင္ရွင္ဆီက တာဝန္ရွိသူဆိုတဲ့လူေတြ လာၿပီး ျပည္သူပိုင္သိမ္းတဲ့အခါ….

မၾကာမီကပင္ အိႏၵိယႏိုင္ငံမွာ ေၾကးနီအိုးနဲ႔ ဝွက္ထားတဲ့ အဖိုးတန္ရတနာတစ္ခုကို တူးေဖာ္ေတြ႕ရွိခဲ့ပါတယ္ ။ အဆိုပါ သတင္း အေၾကာင္းအရာ ျပန႔္လာတာနဲ႔အၿမဲ လူေတြ ပိုပိုၿပီး မယအဲ့ဒီေနရာကို ခရီစထြက္လာၾကပါတယ္ ။ ေျမပိုင္ရွင္ Mr Narsimha ရဲ႕ပုံမ်ားကို လႊင့္တင္ခဲ့ၿပီး လူေတြက ထူးဆန္းစြာစိတ္လႈပ္ရွားစြာနဲ႔

ရယ္ရယ္ေမာေမာၾကည့္ေနၾကပါတယ္ ။ သူတို႔ေျမမွာ အဖိုးတန္ဆုံးရတနာေတြ ကို ရွာေဖြတူးေဖာ္ၿပီးေနာက္ ခ႐ိုင္ရဲ႕ ေဒသဆိုင္ရာ တာဝန္ရွိသူမ်ားက ထိုေနရာကို ဝင္ေရာက္လာၿပီး ေတြ႕ရွိတဲ့ ရတနာမ်ားကို သိမ္းယူခဲ့ပါတယ္ ။ အိႏၵိယဖက္ဒရယ္ေရွးေဟာင္းသုေတသနေလ့လာေရးအဖြဲ႕မွ တာဝန္ရွိသူမ်ားက ပစၥည္းေတြ ရွာေဖြေတြ႕ရွိခဲ့တဲ့ ေျမသို႔ သြားေရာက္ခဲ့ၿပီး

ပိုင္ဆိုင္မႈအားလုံးက ႏိုင္ငံရဲ႕ပိုင္ဆိုင္မႈမ်ားျဖစ္ေၾကာင္း ရွင္းလင္းေျပာၾကားခဲ့ပါတယ္ ။ ႐ြာသားမ်ားနဲ႔ ေဒသခံေကာင္စီဝင္မ်ားက ထိုေနရာတြင္ အရင္ ဘုရားေက်ာင္းတည္ရွိတယ္လို႔ ေျပာဆိုၾကပါတယ္ ။ “အရင္တုန္းက ဒီ ေနရာမွာ ဘုရားေက်ာင္းေတြတည္ရွိမႈ အေၾကာင္းေျပာၾကတယ္။ လူအမ်ားႀကီးက မယုံဘူး၊ ဒါေပမယ့္အိုးကိုေတြ႕တဲ့အခါ အဲဒါကပိုေသခ်ာေစတယ္”

လို႔ ေဒသခံေကာင္စီဝင္တစ္ဦးက ေျပာၾကားခဲ့ပါတယ္ ။ ႐ြာသားအခ်ိဳ႕က ဒီအဆင္တန္ဆာေတြကို ေရွးတုန္းကနတ္ဘုရားမကို ေပးခဲ့တာလို႔ယုံၾကည္ေနတုန္းဘဲ ။ ထို႔ေၾကာင့္ ဆုေတာင္းျခင္း၊ အေမႊးနံ႔သာထြန္းလင္းျခင္းနဲ႔ ပန္းမ်ားေဝငွျခင္းကို အဆိုပါ ပစၥည္းေတြ႕ရွိခဲ့တဲ့ ေနရာမ်ားကို စတင္က်င္းပခဲ့ပါတယ္ ။ ခန႔္မွန္းေျခအားျဖင့္ ေ႐ႊ ၁၈၉.၈ ဂရမ္၊ ေ႐ႊလက္ဝတ္ရတနာ

၁.၇၂ ကီလိုဂရမ္၊ ပတၱျမား ၆.၅ ဂရမ္ပါတဲ့ ေ႐ႊနားကပ္ ၁၂ ခု၊ ေ႐ႊ ၅၁ လုံး နဲ႔ ေ႐ႊလည္ဆြဲ ၁၁ လုံးမ်ား အျခားအဖိုးတန္ပစၥည္းမ်ား ပါရွိပါတယ္ ။ လက္ဝတ္ရတနာမ်ားရဲ႕ မူလအစနဲ႔ ထိုရတနာမ်ားရဲ႕ သက္တမ္းကို မသိရေသးပါ။ သို႔ေသာ္ ခ႐ိုင္တာဝန္ရွိသူမ်ားက“ အကယ္လို ထို အဖိုးတန္ပစၥည္းမ်ားက ႏွစ္ ၁၀၀ ေက်ာ္လွ်င္ ၎တို႔က တိုင္းျပည္နဲ႔ သက္ဆိုင္လိမ့္မယ္” လို႔

ခ႐ိုင္အရာရွိတစ္ဦးက ေျပာၾကားခဲ့ပါ တယ္ ။ ဘာေၾကာင့္လဲဆိုရင္ ၁၈၇၈ ခုႏွစ္ Indian Treasures Act အရ၊ မည္သူမဆိုပစၥည္းတစ္ခုကို ပိုင္ဆိုင္တယ္လို႔ဆိုလွ်င္ ထိုပုဂၢိဳလ္က သက္ေသျပရမွာ ျဖစ္ပါတယ္ ။ ဒါေပမယ့္ အခုထိ ဘယ္သူက ပိုင္ဆိုင္တယ္လို႔ အခိုင္အမာမေျပာၾကေသးပါဘူး။

crd-

Unicode

အိမ်ဆောက်လုပ်ဖို့မြေတူးရင်း ရှေးဟောင်းရတနာများတွေ့ရှိခဲ့ပေမဲ့ မြေပိုင်ရှင်ဆီက တာဝန်ရှိသူဆိုတဲ့လူတွေ လာပြီး ပြည်သူပိုင်သိမ်းတဲ့အခါ….

မကြာမီကပင် အိန္ဒိယနိုင်ငံမှာ ကြေးနီအိုးနဲ့ ဝှက်ထားတဲ့ အဖိုးတန်ရတနာတစ်ခုကို တူးဖော်တွေ့ရှိခဲ့ပါတယ် ။ အဆိုပါ သတင်း အကြောင်းအရာ ပြန့်လာတာနဲ့အမြဲ လူတွေ ပိုပိုပြီး မယအဲ့ဒီနေရာကို ခရီစထွက်လာကြပါတယ် ။ မြေပိုင်ရှင် Mr Narsimha ရဲ့ပုံများကို လွှင့်တင်ခဲ့ပြီး လူတွေက ထူးဆန်းစွာစိတ်လှုပ်ရှားစွာနဲ့

ရယ်ရယ်မောမောကြည့်နေကြပါတယ် ။ သူတို့မြေမှာ အဖိုးတန်ဆုံးရတနာတွေ ကို ရှာဖွေတူးဖော်ပြီးနောက် ခရိုင်ရဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူများက ထိုနေရာကို ဝင်ရောက်လာပြီး တွေ့ရှိတဲ့ ရတနာများကို သိမ်းယူခဲ့ပါတယ် ။ အိန္ဒိယဖက်ဒရယ်ရှေးဟောင်းသုတေသနလေ့လာရေးအဖွဲ့မှ တာဝန်ရှိသူများက ပစ္စည်းတွေ ရှာဖွေတွေ့ရှိခဲ့တဲ့ မြေသို့ သွားရောက်ခဲ့ပြီး

ပိုင်ဆိုင်မှုအားလုံးက နိုင်ငံရဲ့ပိုင်ဆိုင်မှုများဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ် ။ ရွာသားများနဲ့ ဒေသခံကောင်စီဝင်များက ထိုနေရာတွင် အရင် ဘုရားကျောင်းတည်ရှိတယ်လို့ ပြောဆိုကြပါတယ် ။ “အရင်တုန်းက ဒီ နေရာမှာ ဘုရားကျောင်းတွေတည်ရှိမှု အကြောင်းပြောကြတယ်။ လူအများကြီးက မယုံဘူး၊ ဒါပေမယ့်အိုးကိုတွေ့တဲ့အခါ အဲဒါကပိုသေချာစေတယ်”

လို့ ဒေသခံကောင်စီဝင်တစ်ဦးက ပြောကြားခဲ့ပါတယ် ။ ရွာသားအချို့က ဒီအဆင်တန်ဆာတွေကို ရှေးတုန်းကနတ်ဘုရားမကို ပေးခဲ့တာလို့ယုံကြည်နေတုန်းဘဲ ။ ထို့ကြောင့် ဆုတောင်းခြင်း၊ အမွှေးနံ့သာထွန်းလင်းခြင်းနဲ့ ပန်းများဝေငှခြင်းကို အဆိုပါ ပစ္စည်းတွေ့ရှိခဲ့တဲ့ နေရာများကို စတင်ကျင်းပခဲ့ပါတယ် ။ ခန့်မှန်းခြေအားဖြင့် ရွှေ ၁၈၉.၈ ဂရမ်၊ ရွှေလက်ဝတ်ရတနာ

၁.၇၂ ကီလိုဂရမ်၊ ပတ္တမြား ၆.၅ ဂရမ်ပါတဲ့ ရွှေနားကပ် ၁၂ ခု၊ ရွှေ ၅၁ လုံး နဲ့ ရွှေလည်ဆွဲ ၁၁ လုံးများ အခြားအဖိုးတန်ပစ္စည်းများ ပါရှိပါတယ် ။ လက်ဝတ်ရတနာများရဲ့ မူလအစနဲ့ ထိုရတနာများရဲ့ သက်တမ်းကို မသိရသေးပါ။ သို့သော် ခရိုင်တာဝန်ရှိသူများက“ အကယ်လို ထို အဖိုးတန်ပစ္စည်းများက နှစ် ၁၀၀ ကျော်လျှင် ၎င်းတို့က တိုင်းပြည်နဲ့ သက်ဆိုင်လိမ့်မယ်” လို့

ခရိုင်အရာရှိတစ်ဦးက ပြောကြားခဲ့ပါ တယ် ။ ဘာကြောင့်လဲဆိုရင် ၁၈၇၈ ခုနှစ် Indian Treasures Act အရ၊ မည်သူမဆိုပစ္စည်းတစ်ခုကို ပိုင်ဆိုင်တယ်လို့ဆိုလျှင် ထိုပုဂ္ဂိုလ်က သက်သေပြရမှာ ဖြစ်ပါတယ် ။ ဒါပေမယ့် အခုထိ ဘယ်သူက ပိုင်ဆိုင်တယ်လို့ အခိုင်အမာမပြောကြသေးပါဘူး။

crd-