အသက် ၈ နှစ်အရွယ် Yu Miao အမည်ရှိကောင်မလေးဟာ သူမရဲ့မူလတန်းကျောင်းအဝင်ပေါက်ဆီသို့ ထုံးစံအတိုင်းလမ်းလျှောက်လာနေစဥ် ကျောင်းပေါက်ဝအနီးအနားရှိ ပန်ကိတ်ရောင်းနေတဲ့ လမ်းဘေးဈေးသည်အမျိုးသားတစ်ဦးကိုတွေ့ရှိခဲ့ပါတယ်။ Yu Miao ဟာ ထိုလှည်းပေါ်မှပျံ့လွင့်လာတဲ့အရသာရှိတဲ့အနံ့ကြောင့် ထိုလမ်းဘေးဈေးသည်နားသွားဖို့ဆုံးဖြတ်လိုက်ပြီး “ ဦးလေး ဒီနေ့ ဒီမှာ ဆိုင်ဖွင့်တာလား” လို့ သူမက ကြောက်ရွံ့တဲ့အသံဖြင့်မေးခဲ့ပါတယ်။ Yu Miao ရောက်လာတော့ ပန်ကိတ်ရောင်းသူဟာထိတ်လန့်သွားခဲ့ပေမဲ့ သူကပြုံးပြီး “ဟုတ်တယ် ပန်ကိတ် လိုချင်လား” လို့ ပြန်မေးလိုက်တော့ သူမက ” သမီးစားချင်တယ်၊ ဒါမဲ့ အဖေက သမီးကိုလမ်းဘေးအစာမစားခိုင်းဘူး၊ ပြီးတော့ အဲဒါအတွက် သမီးမှာပိုက်ဆံလည်းမရှိဘူး ” လို့ Yu က ပြန်ဖြေခဲ့ပါတယ်။
ထို့နောက် ပန်ကိတ်ရောင်းသူက သူမအတွက် ပန်ကိတ်လုပ်ပေးခဲ့ပြီး သူ့ပန်ကိတ်ကသန့်ရှင်းတာကြောင့် ပန်ကိတ်စားချင်တိုင်း သူ့ဆီအခမဲ့လာစားဖို့ပြောခဲ့ပါတယ်။ သို့ပေမဲ့ Yu က ဒီကမ္ဘာမှာ အလကားရတာမရှိဘူးဆိုတဲ့ဖခင်ရဲ့စကားကြောင့် သံသယမကင်းဖြစ်နေစဉ်မှာဘဲ အဆိုပါပန်ကိတ်ရောင်းသူက ပန်ကိတ်အတွက် သူ့ကိုစာရေး၊စာဖတ်တတ်အောင်သင်ပေးဖို့ကမ်းလှမ်းလာခဲ့တာကြောင့် Yu ဟာ အစပိုင်းမှာတုံ့ဆိုင်းနေခဲ့ပေမဲ့ ထိုလဲလှယ်မှုကတရားမျှရှိတယ်လို့ထင်မြင်တာကြောင့် လက်ခံခဲ့ပါတယ်။ မျက်စိတစ်မှိတ်အတွင်းမှာပင် Yu ဟာ မူလတန်းကျောင်းမှဘွဲ့ရပြီး အလယ်တန်းအထက်တန်းကျောင်းသို့ဆက်တက်ခဲ့ပါတယ်။
Yu ဟာ ပန်ကိတ်ရောင်းတဲ့ဦးလေးနဲ့ သူမချုပ်ဆိုထားတဲ့သဘောတူညီချက်ကလည်းပြီးဆုံးသွားပြီလို့ထင်နေခဲ့ပေမယ့် အံ့ဩဖို့ကောင်းတာက ထိုဦးလေးကသူ့ပန်ကိတ်လှည်းကိုရွှေ့ပြီး သူမကျောင်းသစ်အနီးမှာ လာရောက်ရောင်းချနေတာကိုတွေ့ခဲ့ရပြန်ပါတယ်။ နှစ်တွေကြာလာခဲ့ပြီး ၎င်းတို့မသိလိုက်ခင်မှာ Yu ဟာ သူမကိုချစ်တဲ့ခင်ပွန်းဖြစ်သူနဲ့ သူမရဲ့အမြွှာလေးနှစ်ယောက်နဲ့အတူ အသက် 28 နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။
Yu ဟာ ဒီဆယ်စုနှစ်နှစ်ခုအတွင်း သက်ကြီးပန်ကိတ်ရောင်းတဲ့ဦးလေးနှင့် အလွန်ခိုင်မာတဲ့ဆက်ဆံရေးရှိခဲ့တာကြောင့် သူမက လွန်ခဲ့တဲ့ငါးနှစ်နီးပါးခန့်က သူမရဲ့မင်္ဂလာပွဲသို့ပင်ဖိတ်ကြားခဲ့ပေမဲ့လည်း ထိုဦးလေးက ဖိတ်ခေါ်မှုကိုယဉ်ကျေးစွာငြင်းဆိုခဲ့ပါတယ်။
တစ်နေ့မှာတော့ Yu ရဲ့မွေးစားဖခင်က အလွန်ဖျားပြီး အထူးကြပ်မတ်ကုသဆောင်မှာရှိနေချိန်မှာတော့ သူမအား စာတစ်စောင်ပေးခဲ့ပါတယ်။ မကြာခင်မှာပဲ သူမရဲ့ဖခင်ဆုံးပါးသွားခဲ့ပြီးနောက် Yu က ဖခင်ပေးခဲ့တဲ့စာကိုသတိရပြီး ထိုစာကိုဖတ်ကြည့်ဖို့စွန့်စားလိုက်ပါတယ်။
” သမီးလေး Yu ရေ ဒီလိုနည်းနဲ့သိခွင့်ပေးလိုက်ရလို့စိတ်မကောင်းပါဘူး၊ စောစောစီးစီးမပြောမိလို့ စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ သမီးသိသွားရင် ခွင့်လွှတ်မှာမဟုတ်ဘူးလို့ထင်ခဲ့တာ၊ အမှန်က အဖေက သမီးအဖေအစစ်မဟုတ်ပါဘူး၊ အဖေ့မှာ ကိုယ်ပိုင်သားသမီးမရှိပေမဲ့ သမီးကို လမ်းဘေးမှာတွေ့ခဲ့လို့ အိမ်ခေါ်လာပြီး သမီးကိုပြုစုပေးခဲ့တယ်၊ သမီးအဖေက သမီးကိုပြန်တွေ့လိမ့်မယ်လို့မမျှော်လင့်ထားခဲ့ဘူး၊ ဒါ့ကြောင့် အဖေက သမီးကိုပြန်ပေးမှာမဟုတ်ဘူးလို့ပြောပြီး သူ့ကိုထွက်သွားဖို့ပြောခဲ့တယ်၊ သမီးကိုပြန်ခေါ်ရင် သူ့လိုဆင်းရဲသွားလိမ့်မယ်လို့ပြောခဲ့တယ်၊ သူ့ထက် အဖေက သမီးအတွက်ပိုကောင်းတဲ့ဘဝကိုပေးနိုင်တယ်လို့လည်း ပြောခဲ့တယ်၊ သူကစကားတစ်ခွန်းမှ မပြောဘဲထွက်သွားခဲ့တယ်၊ ဒီမှတ်ဉာဏ်ကို ပြန်တွေးတဲ့အခါ အဖေ ဘယ်လောက် ရက်စက်ခဲ့တယ်ဆိုတာကိုသိလိုက်ရတယ်၊ သူက သမီးကို တချိန်လုံး စောင့်ရှောက်နေခဲ့တယ်၊ သူက ပန်ကိတ်ရောင်းနေပေမဲ့ သမီး သူ့ကို အသိအမှတ်ပြုသင့်ပါတယ်၊ မိဘတိုင်းက သားသမီးကိုချစ်ပေမယ့် သူက မင်းအဖေအရင်းပါ၊ ဒီလျှို့ဝှက်ချက်ကို ကြာကြာထိန်းထားခဲ့မိလို့ အဖေ့ကိုခွင့်လွှတ်ပေးဖို့ မမျှော်လင့်ပါဘူး ”လို့ ရေးသားထားခဲ့ပါတယ်။
ထို့နောက် Yu ဟာ ထိုပန်ကိတ်ရောင်းတဲ့သူမအဖေရင်းကိုရှာဖို့ ချက်ချင်းကားထွက်သွားခဲ့ပါတယ်။ ထိုဦးလေးဟာ ထုံးစံအတိုင်း သူမနဲ့တွေ့တော့ သူမကိုစိုက်ကြည့်နေခဲ့ပြီး သူမက သူ့အနားကိုချဉ်းကပ်ကာ “အဖေ… ဖေဖေ” လို့ ထပ်ခါထပ်ခါ အော်ခေါ်လိုက်တဲ့အခါ ထိုဦးလေးက အံ့အားသင့်သွားခဲ့ပါတယ်။ ထို့နောက် Yu ဟာ ဖခင်အရင်းကို ပွေ့ဖက်ကာ “ ဖေဖေ၊ ငါ့ကို စောင့်ကြည့်ပေးလို့ ကျေးဇူးတင်ပါတယ်” လို့ ပြောလိုက်တဲ့အခါ ပန်ကိတ်ရောင်းသူဦးလေးကလည်း ဒီနေ့ကို အကြာကြီးတောင့်တနေခဲ့တာကြောင့် မျက်ရည်များ မထိန်းထားနိုင်အောင်စီးကျလာခဲ့ပါတော့တယ်။
Mia (KB Chimmy One)
Reference : gtgoodtimes