ၾကားသိရသမွ်

အမေရိကန်၊ Oklahomaတွင် ကျင်းပသော PDF ရန်ပုံငွေရှာဖွေပွဲ အမေရိကန်ဒေါ်လာ ၄ သောင်းကျော်ရရှိ

အမေရိကန်၊ Oklahomaတွင် ကျင်းပသော PDF ရန်ပုံငွေရှာဖွေပွဲ အမေရိကန်ဒေါ်လာ ၄ သောင်းကျော်ရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၈

အမေရိကန်ပြည်ထောင်စု၊ Oklahoma ပြည်နယ်၊ Tulsa မြို့တွင် နိုဝင်ဘာလ ၆ ရက်နေ့ ကျင်းပပြုလုပ်သော Zomi Federal Union/ Zoland – PDF supporting group က ဦးစီး၍ မြန်မာပြည်ဖွား တိုင်းရင်းသားပေါင်းစုံ ရန်ပုံငွေရှာဖွေပွဲတွင် အမေရိကန်ဒေါ်လာ ၄၂၅၇၆ ဒသမ ၆၂ ရရှိကြောင်း အဆိုပါအဖွဲ့က တရားဝင် ပြောသည်။

Zomi Federal Union/ Zoland – PDF supporting group က ပထမဦးဆုံး အကြိမ် ကျင်းပသော ရန်ပုံငွေပွဲတော်သို့ Dr Sasa နှင့် HE U Kyaw Moe Tun တို့ က အဝေးရောက် မိန့်ခွန်းပြောကြားခဲ့ပြီး ပန်ဆယ်လို က လူတက်ရောက်ခဲ့ကြောင်း၊

ဆိုင်ခန်းပေါင်း ၃၀ ကျော်က တိုင်းရင်းသားအစားအစာ တိုင်းရင်းသားရိုးရာ လက်ဆောင်ပစ္စည်းများနှင့် နွေဦးတော်လှန်ရေး ပစ္စည်း ရောင်းချခဲ့ကြောင်း၊ မြန်မာပြည်ဖွားတိုင်းရင်းသား ၃၀၀၀ ကျော် တက်ရောက် ခဲ့ကြောင်း သိရှိရသည်။

KhitThit

Unicode






#KhitThit