ၾကားသိရသမွ်

ကျွန်တော်တို့က ရုံးကို မုန်းတာမဟုတ်ဘူး ဒီအာဏာရှင် ကို မုန်းတာ” ဦးကျော်သက်လင်း . မြန်မာ့အသံ

“ကျွန်တော်တို့က ရုံးကို မုန်းတာမဟုတ်ဘူး။ ဒီအာဏာရှင်ကို မုန်းတာ” ဦးကျော်သက်လင်း (အစီအစဉ်တင်ဆက်သူ)

မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားမှာ အစောဆုံး CDM ဝင်ခဲ့သူလို့ ဆိုရမယ့် အစီအစဉ်တင်ဆက်သူ ဦးကျော်သက်လင်းဟာ မနေ့ နိုဝင်ဘာ ၁၁ ရက်မှာ လူမှုကွန်ရက်နေ သူ့ရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်လို့ အသိပေးလာပါတယ်။

ဦးကျော်သက်လင်းက သူဟာ ဒီကာလတွေအတွင်း ငှက်ဖျား၊ တုပ်ကွေး ကိုဗစ် အားလုံးကို ကျော်ဖြတ် လွန်မြောက်ခဲ့ပြီး စိတ်ရောကိုယ်ပါကျန်းမာနေကြောင်းနဲ့ မြို့ပြမှာ စိတ်ရောကိုယ်ပါ ဒုက္ခရောက်နေသူတွေ၊ ပြန်မဆုံနိုင်တော့တဲ့မိတ်ဆွေအတွက် စိတ်မကောင်းကြောင်း ရေးသားထားပါတယ်။

သူ့ကို စစ်ကောင်စီက ပုဒ်မတပ်ပြီး လိုက်လံဖမ်းဆီးမှုတွေလည်းရှိခဲ့ပါတယ်။

ဦးကျော်သက်လင်းကို ဘီဘီစီက အာဏာသိမ်းပြီး နှစ်ပတ်ခန့်အကြာ ဆက်သွယ်မေးမြန်းထားချက်ကို ရုပ်သံမှာ ပြန်လည်ကြည့်ရှုနားဆင်နိုင်ပါပြီ။

—————————–

“ကြၽန္ေတာ္တို႔က ႐ုံးကို မုန္းတာမဟုတ္ဘူး။ ဒီအာဏာရွင္ကို မုန္းတာ” ဦးေက်ာ္သက္လင္း (အစီအစဥ္တင္ဆက္သူ)

ျမန္မာ့အသံနဲ႔ ႐ုပ္ျမင္သံၾကားမွာ အေစာဆုံး CDM ဝင္ခဲ့သူလို႔ ဆိုရမယ့္ အစီအစဥ္တင္ဆက္သူ ဦးေက်ာ္သက္လင္းဟာ မေန႔ ႏိုဝင္ဘာ ၁၁ ရက္မွာ လူမႈကြန္ရက္ေန သူ႔ရဲ႕လက္ရွိအေျခအေနနဲ႔ပတ္သက္လို႔ အသိေပးလာပါတယ္။

ဦးေက်ာ္သက္လင္းက သူဟာ ဒီကာလေတြအတြင္း ငွက္ဖ်ား၊ တုပ္ေကြး ကိုဗစ္ အားလုံးကို ေက်ာ္ျဖတ္ လြန္ေျမာက္ခဲ့ၿပီး စိတ္ေရာကိုယ္ပါက်န္းမာေနေၾကာင္းနဲ႔ ၿမိဳ႕ျပမွာ စိတ္ေရာကိုယ္ပါ ဒုကၡေရာက္ေနသူေတြ၊ ျပန္မဆုံႏိုင္ေတာ့တဲ့မိတ္ေဆြအတြက္ စိတ္မေကာင္းေၾကာင္း ေရးသားထားပါတယ္။

သူ႔ကို စစ္ေကာင္စီက ပုဒ္မတပ္ၿပီး လိုက္လံဖမ္းဆီးမႈေတြလည္းရွိခဲ့ပါတယ္။

ဦးေက်ာ္သက္လင္းကို ဘီဘီစီက အာဏာသိမ္းၿပီး ႏွစ္ပတ္ခန႔္အၾကာ ဆက္သြယ္ေမးျမန္းထားခ်က္ကို ႐ုပ္သံမွာ ျပန္လည္ၾကည့္ရႈနားဆင္ႏိုင္ပါၿပီ။