ၾကားသိရသမွ်

ဒေါ်အောင်ဆန်းစုကြည်အမှု ဒေါ်ခင်မိမိကြွယ် သက်သေလာထွက်ဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီက ရွှေနဲ့ ဒေါ်လာတွေ ရယူတယ်ဆိုပြီး အဂတိလိုက်စားမှုပုဒ်မနဲ့ စစ်ကောင်စီက တရားစွဲဆိုထားတဲ့အမှုမှာ

တရားလိုပြသက်သေအဖြစ် ဦးဖြိုးမင်းသိန်းရဲ့ ဇနီး ဒေါ်ခင်မိမိကြွယ်က ဒီနေ့ နိုဝင်ဘာ ၁၂ ရက်က နေပြည်တော်အထူးတရားရုံးမှာ သက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။

ဒေါ်ခင်မိမိကြွယ်က သူ့အနေနဲ့ ခင်ပွန်းဖြစ်သူ ဦးဖြိုးမင်းသိန်းရဲ့ တောင်းဆိုချက်အရ ရွှေနဲ့ ဒေါ်လာတွေကို စီစဉ်ပေးခဲ့ရကြောင်း ၊ ဦးဖြိုးမင်းသိန်းအတွက် ဘယ်နေ့မှာ အဲဒီလိုစီစဉ်ပေးခဲ့ရကြောင်းဆိုတဲ့နေ့စွဲအတိအကျအပါအဝင် အဲဒီရွှေနဲ့ဒေါ်လာတွေကို သူ့အနေနဲ့ ဘယ်အချိန်မှာ ရရှိခဲ့တယ်၊

ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ထံ ဘယ်အချိန်မှာ ပေးခဲ့တယ် ဆိုတဲ့ရက်စွဲတွေကိုတော့ ထွက်ဆိုသွားခြင်းမရှိသလို ခင်ပွန်းဖြစ်သူနဲ့လည်း အတူလိုက်ပါခဲ့တာ မရှိဘူးလို့ ထွက်ဆိုခဲ့တဲ့အကြောင်း ရှေ့နေအသိုင်းအဝိုင်းက သိရပါတယ်။

ဒီနေ့ နေပြည်တော်အထူးတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အဂတိမှုလေးမှုအတွက် ရုံးချိန်းကြားနာမှုရှိခဲ့ပြီး ပထမဆုံးအနေနဲ့ အဲဒီအမှုကို စတင်ကြားနာခဲ့တာဖြစ်ပါတယ်။

ဒေါ်ခင်မိမိကြွယ်ရဲ့ထွက်ဆိုချက်အပြီးမှာ အမှုနံပါတ် ၅ ဖြစ်တဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက စီစဉ်တဲ့ လရောင်တောစီမံကိန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ဖို့ နေအိမ် တည်ဆောက်တယ်ဆိုပြီး သူတစ်ဦးတည်းကို စွဲဆိုထားတဲ့ အဂတိမှုကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။

အဲဒီအမှုမှာတော့ တရားလိုပြသက်သအဖြစ် နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာန ကော်မတီက အင်ဂျင်နီယာတစ်ဦးက ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် အမှုနံပါတ် ၃ နဲ့ ၄ ဖြစ်တဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောက်လုပ်တဲ့ လရောင်တော စီမံကိန်းအတွက် မြေနေရာချထားပေးမှုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုမြို့တော်ဝန် ဦးရဲမင်းဦး၊ ဦးမင်းသူတို့နဲ့ ပူးတွဲစွဲဆိုထားတဲ့အမှုနှစ်မှုကိုတော့တရားလိုပြသက်သေလာရောက်ခြင်းမရှိတဲ့အတွက် မစစ်ဆေးဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

နောက်တစ်ကြိမ် ရုံးချိန်းကိုတော့ နိုဝင်ဘာ ၁၉ ရက်ကိုပြန်လည်ချိန်းဆိုထားပါတယ်။

—————————

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကို ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ဦးၿဖိဳးမင္းသိန္းဆီက ေ႐ႊနဲ႔ ေဒၚလာေတြ ရယူတယ္ဆိုၿပီး အဂတိလိုက္စားမႈပုဒ္မနဲ႔ စစ္ေကာင္စီက တရားစြဲဆိုထားတဲ့အမႈမွာ

တရားလိုျပသက္ေသအျဖစ္ ဦးၿဖိဳးမင္းသိန္းရဲ႕ ဇနီး ေဒၚခင္မိမိႂကြယ္က ဒီေန႔ ႏိုဝင္ဘာ ၁၂ ရက္က ေနျပည္ေတာ္အထူးတရား႐ုံးမွာ သက္ေသအျဖစ္ လာေရာက္ထြက္ဆိုခဲ့တယ္လို႔ တရား႐ုံးနဲ႔ နီးစပ္တဲ့အသိုင္းအဝိုင္းက သိရပါတယ္။

ေဒၚခင္မိမိႂကြယ္က သူ႔အေနနဲ႔ ခင္ပြန္းျဖစ္သူ ဦးၿဖိဳးမင္းသိန္းရဲ႕ ေတာင္းဆိုခ်က္အရ ေ႐ႊနဲ႔ ေဒၚလာေတြကို စီစဥ္ေပးခဲ့ရေၾကာင္း ၊ ဦးၿဖိဳးမင္းသိန္းအတြက္ ဘယ္ေန႔မွာ အဲဒီလိုစီစဥ္ေပးခဲ့ရေၾကာင္းဆိုတဲ့ေန႔စြဲအတိအက်အပါအဝင္ အဲဒီေ႐ႊနဲ႔ေဒၚလာေတြကို သူ႔အေနနဲ႔ ဘယ္အခ်ိန္မွာ ရရွိခဲ့တယ္၊

ဦးၿဖိဳးမင္းသိန္းက ေဒၚေအာင္ဆန္းစုၾကည္ထံ ဘယ္အခ်ိန္မွာ ေပးခဲ့တယ္ ဆိုတဲ့ရက္စြဲေတြကိုေတာ့ ထြက္ဆိုသြားျခင္းမရွိသလို ခင္ပြန္းျဖစ္သူနဲ႔လည္း အတူလိုက္ပါခဲ့တာ မရွိဘူးလို႔ ထြက္ဆိုခဲ့တဲ့အေၾကာင္း ေရွ႕ေနအသိုင္းအဝိုင္းက သိရပါတယ္။

ဒီေန႔ ေနျပည္ေတာ္အထူးတရား႐ုံးမွာ ေဒၚေအာင္ဆန္းစုၾကည္ကို စြဲဆိုထားတဲ့ အဂတိမႈေလးမႈအတြက္ ႐ုံးခ်ိန္းၾကားနာမႈရွိခဲ့ၿပီး ပထမဆုံးအေနနဲ႔ အဲဒီအမႈကို စတင္ၾကားနာခဲ့တာျဖစ္ပါတယ္။

ေဒၚခင္မိမိႂကြယ္ရဲ႕ထြက္ဆိုခ်က္အၿပီးမွာ အမႈနံပါတ္ ၅ ျဖစ္တဲ့ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းက စီစဥ္တဲ့ လေရာင္ေတာစီမံကိန္းထဲမွာ ေဒၚေအာင္ဆန္းစုၾကည္ေနထိုင္ဖို႔ ေနအိမ္ တည္ေဆာက္တယ္ဆိုၿပီး သူတစ္ဦးတည္းကို စြဲဆိုထားတဲ့ အဂတိမႈကို ဆက္လက္စစ္ေဆးခဲ့ပါတယ္။

အဲဒီအမႈမွာေတာ့ တရားလိုျပသက္သအျဖစ္ ေနျပည္ေတာ္ လူမႈဝန္ထမ္းဦးစီးဌာန ေကာ္မတီက အင္ဂ်င္နီယာတစ္ဦးက ထြက္ဆိုခဲ့တယ္လို႔ သိရပါတယ္။

အဲဒီေနာက္ အမႈနံပါတ္ ၃ နဲ႔ ၄ ျဖစ္တဲ့ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းက ေဆာက္လုပ္တဲ့ လေရာင္ေတာ စီမံကိန္းအတြက္ ေျမေနရာခ်ထားေပးမႈနဲ႔ ပတ္သက္လို႔ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ေနျပည္ေတာ္ၿမိဳ႕ေတာ္ဝန္ ေဒါက္တာမ်ိဳးေအာင္၊ ဒုၿမိဳ႕ေတာ္ဝန္ ဦးရဲမင္းဦး၊ ဦးမင္းသူတို႔နဲ႔ ပူးတြဲစြဲဆိုထားတဲ့အမႈႏွစ္မႈကိုေတာ့တရားလိုျပသက္ေသလာေရာက္ျခင္းမရွိတဲ့အတြက္ မစစ္ေဆးျဖစ္ခဲ့ဘူးလို႔ သိရပါတယ္။

ေနာက္တစ္ႀကိမ္ ႐ုံးခ်ိန္းကိုေတာ့ ႏိုဝင္ဘာ ၁၉ ရက္ကိုျပန္လည္ခ်ိန္းဆိုထားပါတယ္။

BBC Burmese