ၾကားသိရသမွ်

အလင်္ကာကျော်စွာ ဆရာ မြို့မငြိမ်း၏ ဘဝအကြောင်း ( လူသာသေပြီး နာမည်မသေသူ )

မြို့မဆရာငြိမ်းကို ပြည်သူက သိသည်မှာ သီချင်းရေးဆရာ ဟူ၍သာသိကြသည်။

သို့သော် ဆရာငြိမ်း၏ ရည်မှန်းချ က်နှင့် သူ့တစ်သက်လုံး အချိန်ပြည့် ကြိုးပမ်း သွားမှုသည် မြန်မာ့ဂီတကို ကမ်ဘာ့ဂီတအဆင့်သို့ မြှင့်တင်နိုင်ရေး တိုးမြှင့်နိုင်ေ စရန် ဆင်ဖိုနီ (Symphony) ခေါ် မြန်မာ့သံစုံ တီးဝိုင်းကြီးတစ်ဝိုင်း ဖွဲ့စည်းနိုင်ရေးသာလျှင် ဖြစ်လေသည်။

ဤရည်မှန်းချက် အေင်မြင်ေ ရးအတွက် ဆရာက သူ့တွင်ရှိသမျှ အင်အားနှင့် အစွမ်းအစကို သွန်လှဲ၍ သုံးသည်။ သူ့တစ်သ က်လုံး ဇွဲကြီးနပဲကြီးနှင့် မျဖစ္မေန ကြိုးစာသည်။ အဆင်းရဲအမျိုးမျိုးကို ဆရာက မတုန်မလှုပ်ခံသည်။ ငတ်ပြတ်မှုကို ရင်ဆိုင်သည်။

ဆရာငြိမ်းသည် မြန်မာ့ဂီ တများနှင့် ရင်ပေါင် တန်းနိုင်ရေးကိုသာ အမြဲတမ်း စိတ်ကူးလုပ်ဆောင်ရင်းက အခြေအနေ၏ တောင်းဆိုချ က်အရ သီချင်းများကို ရေးစ ပ်ပေးခြင်း ဖြစ်လေသည်။ သူ့တစ်သက်တာ၌ သူ့ဉာဏ်စွမ်းရှိသမျှ၊ သူ့ကိုယ်စွမ်းရှိသမျှ ကြိုးပမ်းသွားခြင်းသည် မြန်မာ့ဂီတဝိုင်းကြီးဖွဲ့ရေးဖြစ်သည်။

သို့သော် သူ့ရည်မှန်းချက်သည် အကောင်အ ထည် မပေါ်ရစ်သောကြောင့် သွားရင်းဟန်လွဲ လုပ်ဆောင်ချက်ဖြစ်သည့် သီချင်းကေ လးများ ရေးစပ် သီကုံးထားခဲ့ခြင်းများကိုသာ ဆုပ်ကိုင်၍ ဤနေရာမွ သူ့အနုပညာရည်ကို တစေ့တစောင်းကြည့်ပြီး ချီးကျူး ဝေဖန်ရမည်မှာ စင်စစ်တော့ ဆရာငြိမ်းအပေါ် တရားသော ဝေဖန်မှုပြုရာ မမည်ပေ။

သို့သော် ဆရာငြိမ်း အသက်နှင့် ထင်ရှား ရှိလျှင်လည်း ဤအဖြစ်ကို ခွင့်လွှ တ်မည် ဟူ၍ပင် ယုံမိသည်။ အဘယ်ကြောင့်ဆိုသော် ဆရာငြိမ်းသည် လောကဓံ၏ အချောက် အချားကို တသက်ပန်လုံး ကြံ့ကြံ့ခံ၍ သွားနိုင်သူ ဖြစ်သောကြောင့် ပါပေတည်း။

ဆရာငြိမ်း ရေးဆွဲ ထားသည့် ပန်းချီကားကို မြင်ဖူးသူတို့က ဆရာငြိမ်း ကို ပန်းချီဆရာပဲဟု ဆိုသည်။ ဆရာ့ပန်းပုလက်ရာကို မြင်ဖူးသူတို့က ပန်းပုတွင် တကယ်ေ တာ်သူဟု ပြောသည်။ ဆရာငြိမ်းသီချင်းေ တွကို ကြိုက်ကြသူတို့က ဆရာငြိမ်းသည် သီချင်းရေး အကောင်းဆုံး စာေ ရးဆရာဟု ဆိုသည်။

မြို့မ ဝိုင်းတော်သားများကမူ ဆရာသည် သူတို့အတွက် သီချင်းနှင့်အတူ တီးကွက်ကိုပါ ယူလာ၍ သီချင်းရော တီးကွက်ပါ ဖော်သူ (Composer)ပါဟု ဆိုမည်။ ထို့ပြင် ဘယ်သူ က ဘာတီး၊ ဘယ်သူက ဘာကို ဘယ်အချိန်မှာ ဘယ်လိုဝင်၍ မှုတ်၊ ဘယ်အချိန်တွင် ရပ်ဟု တီးကွက် များ ခွဲခြားပေးပြီး တီးဝိုင်းက အသံဖွဲ့စည်း စီမံခန့်ခွဲပေးသူ (Arranger) နှင့် ဝိုင်းထိန်းသူ (Conductor) ပါဟုလည်း ဆိုကြလိမ့်မည်။

သို့သော် ဆရာငြိ်မ်းနှင့် အနီးစပ်ဆုံး အခင်မင် အရင်းအနှီးဆုံး သေတပန် သက်ဆုံး လက်ပွန်းတတီး အရှိဆုံး ဆရာငြိမ်းကို အသိဆုံး ချစ်မိတ်ဆွေ ဦးသန့်ကမူ ဆရာငြိမ်းသည် ပန်းချီဆရာလည်း မဟုတ်၊ ပန်းပုဆရာလည်း မဟုတ်၊ သီချင်းရေးဆရာလည်း မဟုတ်ပါ။

ဤအလုပ်တွေ မှာ ဆရာငြိမ်းက အမြင်မတော်သောကြောင့် ကြည့်မနေနိုင်၍ လုပ်ကြည့်ခြင်၊ လုပ်မည့်သူမရှိ၍ လုပ်ရခြင်း၊ အအားမနေ တတ်၍ လုပ်ကြည့်ခြင်းသာ ဖြစ်ပါသည်။ သူ ဖြစ်ချင်သည်မှာ ဘာမှန်းမသိပါ။ ဆရာငြိမ်းသည် အသိခက်လှသူ ဖြစ်သည်။ သူ့ကိုကြည့်ရသည်မှာ အဘိဓမ္မာဆရာနှင့် တူပါသည်။ သူသည် အလွန်လေးနက်သည့် အဘိဓမ္မာတရပ်ကို ဖွေရှာနေသူသာ ဖြစ်ပါသည်ဟု ပြောပါသည်။

ဆရာငြိမ်းသည် သီချင်းတပုဒ်ကို ရေးစပ်ပေးမည့်သူမရှိ၍၊ သို့မဟုတ် သူ့ကို သူမ်ားက ပူဆာ တောင်းဆို၍ ရေးစပ်ပေးခြင်းြ ဖစ်သော်လည်း သူက ထိုအလုပ်ကို သူ့အလုပ်ဟု ထင်သူမဟုတ်ပေ၊ ရေးစပ်ပေးပြီးသည့် သူ့သီချင်း မယ်တော့ မောင်တော့များ အတွက် သူက ရှက်၍ နေလေသည်။ ထို့ကြောင့် သီချင်းစပ်ခိုင်းသူအား သူ့သီချင်းကို ပေးအပ်သည့်အခါ မျက်နှာမထားတတ်၍ သူက အရက်သောက် ရဲဆေးတင်ပြီးမှ သွားအပ်ရသည်။

ရဲဆေးတင် လာပါလျက်နှင့်ပင် မျက်နှာချင်းဆို င်ပြီး တဘက်သား ၏မျက်နှာကို စေ့စေ့ကြည့်၍ ပေးဝံ့သေးသည်မဟုတ်၊ သူရေးစပ် လာသည့်သီချင်း အပ်စဉ် ဆရာသည် သူ့မျက်နှာကို တဘက်သို့ လွှဲထားလျက်ကပင် ခေါင်းငုံ့ကြီးနှင့် သီချင်းကို ထိုးအပ်သည်။ အပ်သည့်အခါ သူ့သီချင်းကို သူ့က ဆိုပြဝံ့သူလည်း မဟုတ်ပေ။ ဆိုတတ်သူတဦးခေါ်၍ ဆိုစမ်းဟု ခိုင်းလျက် သူက အလိုက်ကို မှုတ်စရာနှင့်ဖြစ်စေ၊ တီးစရာနှင့်ဖြစ်စေ တီးမှုတ်၍ အသံပြပေးသွားသူ ဖြစ်လေသည်။

ဆရာငြိ်မ်းက သီချင်းတပု ဒ်ကိုရေး၍သာ ရေးပေးခဲ့သည်၊ သူလုပ်ချင်သည်က ဤအလုပ်မဟုတ်၊ မလွှဲမကင်းသာ၍ အမြင်မေ တာ်၍ ဝင်ရေးပြေး ခင်းမျိုး ဖြစ်သောကြောင့် ထိုသီချင်း အတွက် သီချင်းရေးခ ရရေးဆိုသော ပြဿနာမှာ ဆရာငြိမ်းအဖို့ အလွန်ကျဲသည့် ကိစ္စ ဖြစ်ပေသည်။ ဆရာ့သီချင်း အများစုသည် ရေးခ တပြားတချပ်မှမရဘဲ ရေးပေးရသည့် သီချင်းတွေ ဖြစ်လေသည်။ ။

ကြယ်တစ်ပွင့်ကို မွေးဖွားခြင်း

ကျောင်းသားအရွယ် ကျောင်းသားဘဝသို့ ရောက်သောအခါ မြို့မငြိမ်းနှင့် သူ့ဖခင်တို့ ပြန်ဆုံတွေ့ကြ ပြီး၊ ဖခင်ဖြစ်သူက သူငယ်ချင်းဖြစ်သူ ဦးဘသက်(ခံစားမှုအနုပညာရှင် ပန်းချီ ဆရာကြီး ဦးဘသက်) ထံ သူဝါသနာ ပါသော ပညာရပ္မ်ား ဆည်းပူးသင်ကြား ပေးရန် အပ်နှံပေးခဲ့သည်။ ထိုစဉ်က ဆရာငြိမ်း အသက် ၁၄ နှစ်သားသာ ရှိသေးသည်။ ဆရာငြိမ်းသည် ငယ်စဉ် ကပင် ဝါသနာ၊ ဝီရိယနှင့် ဇွဲလုံ့လ အလွန်ကြီးသည်။

သိပ်သိပ်ကုပ်ကုပ် နေလင့်ကစား၊ စူးစိုက်အမြင်ကျယ်မှု အားကောင်းသည်။ ဆရာဦးဘသက် သာမက ထိုအိမ်သို့ ဝင်ထွက်သွားလာသူ မ်ားက မြို့မငြိမ်း၏ ဂုဏ်ရည်နှင့် စိတ် အားထက်သန်မှုကို မ်ားစြာ နှစ်ခြိုက် ခဲ့ကြသည်။ ထို့ကြောင့် သူတို့ တတ် သော ပညာမ်ားကို စိတ်ရှည်လက်ရှည် သင်ကြားပြသပေးခဲ့ကြသည်။ သို့ဖြစ်၍ ၅ နှစ်ခန့်ကြာသောအခါ ပန်းချီ၊ ပန်းပု နှင့် မယ်ဒလင်၊ ဘင်ဂျို၊ ဗျက်စောင်း ပညာမ်ားကို သင်ကြားတတ်မြောက်ခဲ့ သည်။

ပြုစုပျိုးထောင်ပေးလိုက် သော ဆရာမြို့မငြိမ်း၏ လက်ဦးဆရာ မ်ားမွာ လက်ရင်းဆရာကြီး ဦးဘသက်၊ မင်းကြီးဦးဆက် ဆိုသူ၏ ညီ ဦးချက်၊ ဦးလင်းနှင့် စောင်း ဦးမောင်မောင်လတ် (အာဠဝီ) တို့ဖြစ်ကြပါသည်။ ထပ်ဆင့်၍ ရွာစားစိန်ဗေဒါကြီးနှင့် စိန်ဗေဒါအိမ်သို့ ဝင်ထွက်သွားလာနေသော ဆရာ ဒေဝ ဣန္ဒာဦးမောင်မောင်ကြီးတို့ထံမှလည်း မြန်မာ့စောင်းပညာကို သင်ကြားတတ် မြောက်ခဲ့ပါသည်။

မြို့မငြိမ်းသည် အသက် ၂ဝ အရွယ်တွင် အိမ်ထောင်ကျခဲ့သည်။ သူ့ ဇနီးအမည်မှာ ဒေါ်သန်းမေဖြစ်ပြီး၊ ယခင် နော်မန်ကျောင်း (ယခု-အထက ၄) ကျောင်းသူဘဝက ကျောင်းကပွဲတစ်ခု တွင် သီချင်းတစ်ပုဒ် ဆိုခဲ့ပါသည်။ သီချင်းအမည်မှာ စိန်ကြောင်နီလာ ဖြစ်ပြီး၊ တီးခတ်ပေးသူတွေထဲမှာ ဆရာ ငြိမ်းပါသည်ဟု ထိုစဉ်က မပွင့်တပွင့် ပြောဖူးပါသည်။

သန်းမေက နင်တို့ အေဖ တစ်ခါ တစ်ခါ ဝေ့လည်ကြောင် ပတ်လုပ်တယ် ဟု ပြောသောအခါ၊ သားသမီးမ်ားက လုပ်မှာပေါ့ အေမတို့ က စိန်ကြောင်နီလာ နဲ့ စခဲ့ကြတာ ကိုး၊ ခ်စ်သမွ်ကို နဲ့မွ မစခဲ့ကြပဲ ဟူ၍ ပြန်လည်ကျီစယ်တတ်ပါသည်။ မြို့မငြိမ်းတို့မိသားစုသည် ဤသို့ တစ်ဦး နှင့် တစ်ဦး ချစ်ချစ်ခင်ခင်၊ နောက် ပြောင်ကျီစယ်တတ်ခဲ့ကြပါသည်။ ဤသို့ ဖြင့် ဆရာငြိမ်း ဂီတကြယ်တစ်ပွင့် မွေးဖွားခဲ့၍၊ ငယ်စဉ်ဘဝကို ဖြတ်သန်းခဲ့ပြီး ၁၉၂၅ ခုနှစ်တွင် မြို့မတူရိယာအသင်း ကြီးကို စတင်ဖွဲ့စည်းခဲ့ပါသည်။

သင်္ကေတတို့ စတင်မြစ်ဖျားခံခြင်း

ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်ဟူ၍ မြန်မာ့တူရိယာတွင် အမျိုး အစားမ်ား ခွဲခြားထားပါသည်။ မြန်မာ့ တို့အခေါ်အဝေါ်အရ ပဥ္စင်ငါးပါးဟု ခေါ်ဆို ခဲ့သည်။ ထိုတူရိယာမ်ားကို တစ်ခုချင်း ကို ငြိမ့်ညောင်းစေရန် တီးမှုတ်နိုင်စွမ်း ရှိသော်လည်း၊ စုပေါင်း၍ တီးမှုတ်သော အခါ၊ ပိုမိုသာယာငြိမ့်ညောင်းမှုရှိသည် ဟု ဂီတကျမ်းများတွင် အဆိုရှိခဲ့ပါသည်။ ဤတွင် မြန်မာ့တူရိယာများ တီးမှုတ် သီဆိုမှုသည် အသံခွဲခြားမှုစနစ်မရှိ၊ တူရိယာမ်ားကို တစ်ပြိုင်တည်း တီးမှုတ် သီဆိုလေ့ရှိသည်ဟု ထင်မြင်ယူဆဖွယ် ဖြစ်လာပါသည်။

တကယ်တမ်း မြန်မာ့တူရိ ယာတီးဝိုင်းတစ်ခုကို လေ့လာကြည့်မည် ဆိုပါက ကြိုး၊ ဘွဲ့၊ သီချင်းခန့်၊ ပတ်ပျိုး၊ ယိုးဒယားစသည်တို့ကို တီးမှုတ်ရာတွင် ဦးဆောင်တီးမှုတ်တူရိယာနှင့် အရံ တူရိယာပစ္စည်းများသည် တေး၏ သက် ဆိုင်ရာအပိုဒ်များအလိုက်၊ တီးမှုတ်သီဆို မှုစနစ်ခွဲ၍ တီးမှုတ်သွားကြသည်။ တူရိယာမ်ားကို တစ်ပြိုင်တည်း တီးမှုတ် နေသည်ဟု ထင်သည့်တိုင် သေချာစွာ နားဆင်ကြည့်ပါက အသံ (Voice) အနိမ့်အမြင့်၊ အတိုအရှည်တို့ကို ဦးစား ပေး တီးမှုတ်နေကြကြောင်း သိနိုင်သည်။

သို့ဖြစ်၍ မြန်မာ့ဂီတသည် လက်ဦး နဂို ကတည်းက အဆင့်အတန်းရှိခဲ့သည်။ ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ် ဆိုပြီး တူရိယာစုံလင်စွာရှိခဲ့သည်။ နရီ၊ စည်းဝါးများနှင့်အတူ သံနိမ့်သံမြင့်၊ အတို အရှည်တီးမှုတ်သီဆိုမှုစနစ်များ အထူး ဦးစားပေးထားရှိခဲ့သည်ဟု မြန်မာ့ဂီတ ပညာရှင်များ၏ အဆိုအမိန့်များက သက်သေခံခဲ့ပေသည်။

ဆရာမြို့မငြိမ်းသည် ဤသို့ သော မြန်မာ့ဂီတ၏ ပင်ကိုယ်မူလ၊ ယဉ်ကျေးမှု အမွေအနှစ်များကို အခြေခံ ၍ ခေတ်ပေါ်တူရိယာများ၊ ထိုတူရိယာ မ်ားကို တီးမှုတ်သီဆိုမှုစနစ်ဖြစ်သော သင်္ကေတစနစ်ကို ငယ်စဉ်ကပင် အထူး လိုက္စားခဲ့သူ လမ်းပြရှေ့ဆောင်တစ်ဦး ဖြစ်သည်။ သူနှင့်အတူ လိုက်စားနေသူ (သို့မဟုတ်) ရှေ့ဆောင်လမ်းပြခဲ့သူတစ်ဦး မွာ နာမည်ကြီး ဒါးတန်းဦးသန့် ဖြစ်ပါ သည်။

ဦးသန့်တွင် ကိုယ်ပိုင်စန္ဒရား ရှိသည်။ အကော်ဒီယံနှင့် အနောက်တိုင်း သင်္ကေတစာအုပ်များစွာ ရှိပါသည်။ နှစ်ဦး စလုံးကြီးမားသော ရည်ရွယ်ချက်ရှိသူများ ပီပီ ကမ်ဘာသုံးသင်္ကေတစနစ် စသည်များ နှင့် မြန်မာ့သံစဉ်၊ မြန်မာ့တေးသွား၊ မြန်မာ့သီချင်းကြီး၊ သီချင်းခန့်များ တီးမှုတ်လိုသူများဖြစ်ခဲ့သည်။

ထို့ကြောင့် သူတို့၏ ရည်မှန်း ချက်များ အကောင်အထည်ဖော်ရန် ၁၉၂၈ ခုနှစ်တွင် တိုးချဲ့ဖွဲ့စည်းခဲ့သော မြို့မတူရိယာအသင်းကြီးတွင် အသင်း၏ ဥပဒေစည်းမျဉ်း (၃)၊ ရည်ရွယ်ချက် အပိုဒ္ခြဲ (က) (ခ) (ဂ) နှင့် (င) တို့ တွင် အောက်ပါအတိုင်း တွေ့ရှိနိုင်ပါ သည်။

မြို့မတူရိယာဥပဒေစည်းမျဉ်း (၃)၊ ရည်ရွယ်ချက်အပိုဒ်ခွဲတွင် (က) မြန်မာ့သီချင်းကြီးများ ဆည်းပူးပြန့်ပွား ရေး (မဟာဂီတဆည်းပူးရေး)၊ (ခ) ကမ်ဘာသုံးတူရိယာများ သင်ကြားတတ် မြောက်ရေး၊ (ဂ) မြူးဇစ်နုတ် ( music note) အမှတ်အသားဖြင့် ရေးသား သော တူရိယာပညာကို လေ့လာရန် (သင်္ကေတဖတ်ခြင်း၊ ရေးခြင်းအပါ အဝင်)၊ (င) ရှေးမြန်မာသီချင်းကြီးများ ကို ကျွမ်းကျင်သူများနှင့် ညှိနှိုင်း၍ ကမ်ဘာသုံးမြူးဇစ်နုတ်ပညာဖြင့် ကူး ပြောင်းလေ့လာရန်ဟူ၍ ပါရှိသည်။

သူတို့၏ လက်တွေ့ရည်မှန်း ချက် စမ်းသပ်မှုအဖြစ် ၁၉၃ဝ ခုနှစ် ခန့်က တောမြိုင်ခြေလမ်း ယိုးဒယား သီချင်းတစ်ပုဒ်ကို ပထမဦးဆုံး မြူးဇစ် နုတ်သင်္ကေတပြု၍ စတင်စမ်းသပ် တီးမှုတ်ခဲ့ကြပြီး၊ ဒုတိယသီချင်းမှာ စံရာ တောင်ကျွန်း ဖြစ်၍၊ ၁၉၂၅ ခုနှစ်က ယဉ်ကျေးမှုဝန်ကြီး ဦးထွန်းဖေ၊ ရွှေပြည် ဆရာကြီးဦးဘတင် (သမိုင်း)၊ ဆရာ ဘကေလး (မန်းပန်တျာပတ္တလား၊ စန္ဒရားနည်းပြဆရာကြီး) တို့အား မြန်မာ သီချင်းကြီး၊ သီချင်းခန့်များကို သင်္ကေတ ပြု၍ ရနိုင်၊ မရနိုင်ကိစ္စနှင့် ပတ်သက်၍ နမူနာတီးပြခဲ့ကြပါသည်။

၁၉၅၃-၅၄ ခုနှစ်တွင် ဆရာမြို့မငြိမ်းသည် ပန္တ်ာ မူမှန်ပြုရေးသင်္ကေတ တင်မှတ်ရေး အကြံပေးအဖွဲ့တွင် ပါဝင်ခဲ့သူလည်း ဖြစ်ပါသည်။မြို့မငြိမ်း၏ ကသစ်ပန်း သီချင်းကို အကော်ဒီယံမောင်သန့်၊ ဒါးတန်းဦးသန့် ဦးစီးသော တီးဝိုင်းဖြင့် ဓာတ်ပြားသွင်းခဲ့ပါသည်။

ထိုထဲမှာ ဝန်ကြီး ပေဒသရာဇာ၏ ပုဇင်းတောင် သံကြိုး သီချင်းမှ ဆရာကြီးငြိမ်း မွီးယူ အသုံးပြုခဲ့သော အုံ့ကာလေ တဖြဲဖြဲ၊ ရွာလေတသဲသဲ ဟူသော အပိုဒ္ကို ဒါးတန်းဦးသန့်က အနောက်တိုင်း တူရိယာ အကော်ဒီယံ (Accordian) ဖြင့် ဘယ်နှင့်ညာကို မြန်မာအတွဲအဖက်၊ မြန်မာမှု မြန်မာ့ဟန်အနှစ်သာရမပျက် စေဘဲ ကော့ဒ် (chord) များဖြင့် တီး ခတ်ခဲ့သည်။

ထိုအပိုဒ်ငယ် (4 bars) ၄ စည်းများရှိသည်ကိုပင် စည်းရှိန်မြှင့် ကာ (8 bars) မွ် ဆန့်ထုတ်၍ မူလ ပင်ကိုယ် မြန်မာ့ဟန်မှ အခြေခံတေး သြားအယူအဆကို မျိုးပွားဖန်တီးခြင်း၊ (Variations on Theme) နည်းစနစ် ဖြင့် တယောအစွမ်းပြတီးခတ်ပေးခဲ့ပြီး ဖြစ်သဖြင့် ကသစ်ပန်းသီချင်းသည် ဒါးတန်းဦးသန့်နှင့် ဆရာငြိမ်းတို့၏ အနောက်တိုင်း ဝိုင်းဖွဲ့စနစ်နှင့်ပတ်သက် သော စမ်းသပ်မှုမှတ်တိုင်ဖြစ်ခဲ့ပါသည်။

သင်္ကေတစနစ်နှင့်ပတ်သက် ပြီး ဒါးတန်းဦးသန့်နှင့် မြို့မငြိမ်းတို့၏ ဆရာမ်ား၊ နည်းပညာပေးခဲ့သူများမှာ-မစ္စတာရီဂို၊ မစ္စတာဘော်ဘီ၊ မစ္စတာ ဒေးဗစ် စသူတို့ဖြစ်ကြပါသည်။ မစ္စတာ ရီဂိုသည် အယ်ဖင်စတုန်း ရုပ်ရှင်ရုံ (ရွှေတိုက်) ရုံဝင်းအတွင်း နေထိုင်သူဖြစ် ပြီး၊ ဘုရားရှိခိုးကျောင်းနှင့် ရုပ်ရှင်ရုံတွင် စန္ဒရားတီးသည်။ (ရီဂိုဗင်) ဟူသော တီးဝိုင်း Band နှင့် ဂီတသင်တန်းဖွင့် ထားသူဖြစ်ပါသည်။

မစ္စတာဘော်ဘီမှာ ထရမ်းပက်သမားတစ်ဦးဖြစ်၍၊ တူရိယာ ပစ္စည်းမျိုးစုံနှင့် ဂီတနှင့်သက်ဆိုင်သော စာအုပ်စာတမ်းများ ရောင်းသောဆိုင် ဖွင့် ထားသည်။ မစ္စတာဒေးဗစ်မှာ မန္တလေး နန်းတွင်း စစ်ဘင်ခရာတီးဝိုင်းမှ တီးဝိုင်း ခေါင်းဆောင်အဖြစ် မှတ်တမ်းတွင် တွေ့ရှိရပါသည်။

၁၉၃ဝ ခုနှစ်တစ်ဝိုက်က မန္တလေးမြို့ဟိုတယ် ပျော်ပွဲစားရုံနှင့် ကပြဲ ခန်းလေးများတွင် မစ္စတာရီဂိုက လာ ခေါ်တတ်၍ မြို့မငြိမ်း၊ ဒါးတန်းဦးသန့်တို့ လိုက်ပါ တီးမှုတ်ခဲ့ဖူးပါသည်။ ထိုစဉ်က ဆရာငြိမ်းမှာ ဆိုက်ဆိုဖုန်းနှင့် ကလာရီ နက် တူရိယာနှစ်မျိုးကို သင်္ကေတဖတ် စနစ်ဖြင့် တီးမှုတ်ခဲ့ပါသည်။ ဤသို့ဖြင့် သီချင်း များစွာတွင် တူရိယာပစ္စည်းမျိုး စုံကို သင်္ကေတစနစ်နှင့် ဝိုင်းဖွဲ့တီးမှုအ တွေ့ အကြုံများ တစတစ ရှာဖွေတီးခတ် ခဲ့ရင်း၊ မြန်မာ့သင်္ကေတမှတ်တိုင် ဆရာ တို့ စိုက်ထူခဲ့ကြသည်ဟုဆိုလျှင် မွားအ့ံ မထင်မိပါချေ။

စစ္မျဖစ္မီကာလက မြို့မ တူရိယာအသင်း၏ သင်္ကေတသမားများ ဟု ဆိုနိုင်ကြသူများမှာ ဒါးတန်းဦးသန့်၊ မြို့မငြိမ်း၊ ဦးအေးကျော် (မန်းပန်တျာ ပန်းချီနည်းပြဟောင်း)၊ ဦးသိန်းမောင် (စမောသိန်းမောင်)၊ ချိုကြီး(ဂေါ်ချို)၊ တို့ဖြစ်ကြပါသည်။ ၁၉၃၅ မွ ၁၉၃၈ အတွင်း ခေတ်ပေါ်တူရိယာများ၊ သင်္ကေ တစနစ်နှင့် ဓာတ်ပြားသွင်းယူခဲ့သော ဆရာ မြို့မငြိမ်း၏ သီချင်းများမှာ ခ်စ္တာ ပဓာန၊ ခင့်အိပ်မက်၊ ရှုမဝ၊ အလှပြိုင်ပွဲ၊ နန်းတော်ရှေ့ဆရာတင်၏ ဧရာဝတီ၊ အောင်ပင်လယ်၊ ထို့နောက် မြို့မငြိမ်း၏ မန်ဒါလီ၊ နှစ်ပိဿခွဲ၊ ပျိုး၊ ကသစ်ပန်း စသည့် သီချင်းများ ဓာတ်ပြားသွင်းယူ ခဲ့ရာ အောင်မြင်မှုများစွာရရှိခဲ့ပါသည်။

မြို့မငြိမ်း၊ ဒါးတန်းဦးသန့်နှင့် မြို့မအသင်း တို့၏ အနောက်တိုင်းတူရိယာများကို တီးမှုတ်အသုံးပြုနိုင်ခြင်း၊ သင်္ကေတစနစ် ဖြင့် ဝိုင်းဖွဲ့တီးမှုတ်နိုင်ခဲ့ခြင်းတို့၏ အောင်မြင်မှုသမိုင်းမှတ်တိုင်များဖြစ်ခဲ့ပါ သည်။

ဆရာ့အတွေး နှင့် ဆရာ့အရေး

ဆရာငြိမ်းသည် ရောင့်ရဲခြင်း၊ နှစ်သိမ့်ခြင်း၊ သစ္စာရှိခြင်း စေသာ ဂုဏ်ထူးဝိသေသများနှင့် ပြည့်စုံနေပေ သည်။ ရောင့်ရဲခြင်းဆိုရာတွင် မြို့မငြိမ်း သည် ရသမျှနှင့် ကျေနပ်နှစ်သိမ့်တတ် ပြီး၊ မရှိလျှင် မရွိသလို နေတတ်သည်။ ဘဝမုန်တိုင်းအလယ်တွင် မြုပ်ချည် တစ်လှည့်၊ ပေါ်ချည်တစ်မျိုး ရေစာ တိုက္ပြဲ၌ အလူးအလဲခံရသည်က တစ်ဖုံ၊ ဒေါင်ကျလိုက် ပြားကျလိုက်နှင့် နေခဲ့ရ သည့်တိုင် ဆရာသည် ငြီးညူခြင်း၊ တွေဝေခြင်း၊ အရှုံးပေးခြင်း လုံးဝ မရွိ ခဲ့ပေ။

နဂိုအနေအထိုင်ကိုက ကျစ်လျစ် သူဖြစ်ပြီး၊ ဝတ်စားဆင်ယင်မှုမှာလည်း လော်လီပလွှားခြင်း မရွိ၊ ဆင်းရဲ၍ မွဲပြာ ကျသော အခါမှာလည်း မဲပြာပုဆိုး၊ ဖောဖောသီသီနှင့် ငွေကလေး ကြေး ကေလး ရွှင်လျှင်လည်း မဲပြာပုဆိုး၊ ရိုးရိုးလေးနှင့် ကျေနပ်နေသူမှာ ဆရာ ပင်ဖြစ်ပါသည်။ နိမ့်ချည်၊ မြင့်ချည် လောကဓံတရားထဲတွင် မရှိလျှင်ပျော် ပျော်၊ ရှိပျော်ပျော်နေတတ်ခဲ့သူဖြစ်သည်။ ဆရာ့အား ပျော်ပျော်နေတတ်သူဖြစ် တိုင်း၊ အေပ်ာ်အပါး၌ အလေလိုက် ခုံမင် နေတတ်သူဟုထင်လျှင် မှားပါလိမ့်မည်။

ဆရာငြိမ်းသည် သူ့ဘဝတစ်လျှောက် ပျို့ကဗျာ၊ လင်္ကာရတုစာပေမှု၌သာ နှစ်မြုပ်ထားလျက်၊ စာပေဂီတအနုပညာ ထဲတွင် အမြဲတမ်း မွေ့လျော်နေသူဖြစ် ပါသည်။ အိမ်ထောင်ဖက်အပေါ်မှာ သစ္စာရှိပုံများလည်း သူမတူအောင် ထူးခြားပြီး၊ သူ့ဘဝ မဖြောင့်ဖြူး သလောက် သူ့အိမ်ထောင်ရေးသည် သာယာပါဘိတောင်း။ အနုပညာသမား ပီပီ လောကကို အနုပညာမျက်စိဖြင့် သာကြည့်လျက်၊ အနုပညာစိတ်ဖြင့်သာ မြင်တတ်သူဖြစ်သည်။

အနုအယဉ် အချောအလှမွစ၍ အကျည်းတန်ဆုံး အရာအားလုံးကိုပင် အနုပညာရှုထောင့် မွ ရှုမြင်ခံစားသူဖြစ်သည်။ ဒေဝဣန္ဒာ ဦးမောင်ကြီးထံ စောင်းပညာဖြင့် ဇမ္ဗူ ကျွန်းလုံး တစ်ပုဒ်လုံးကို အဆိုနှင့် တီးကွက်အပါအဝင် နေ့ချင်းပြီး သင်ယူ တတ်မြောက်သွားသောအခါ၊ ဆရာကြီး က မောင်လိုလူ ဇမ္ဗူမှာ ရှားပါပေ သည် ဟု ကျောသပ်ကာ ချီးကျူးခဲ့ရ သည်။
ဆရာသည် ပညာမာနလုံးဝ မထားတတ်ဘဲ၊ မဖြစ်လျှင် မနေဆိုသည့် ဇွဲနှင့် အရှုံးမပေးလိုသော မာနသာ ရွိပါ သည်။

သူ့ကို တွေ့ဆုံပေါင်းသင်းခဲ့ဖူးသူ တိုင်း ချစ်ခင်လေးစားကြည်ညိုကြသည်။ လူ့ဘဝသက်တမ်းတိုတိုလေးထဲတွင် တဒင်္ဂဟန်ပန်ကိုဖြစ်စေ၊ ပျော်ရွှင်မြူး တူးဖွယ်ဖြစ်အောင် ဖန်တီးနိုင်ခဲ့သော ဆရာငြိမ်းလိုလူမျိုးမှာ ရွာမွ ရွားလွပါ သည်။ ပြီး ဆရာငြိမ်းသည် ဂုဏ်တွေ၊ ပါဝါတွေမရှိ၊ ပကတိအရွိ အရှိအတိုင်း နေထိုင်တတ်သည်။ သီချင်းရေးသည့် အခါ ဘေးက လူရှိနေသည့်တိုင် ရှိမှန်း မသိ၊ တယောကလေးစမ်းတီးလိုက်၊ စာရေးလိုက်၊ ဆေးလိပ်တိုကို ကောက် ဖွာလိုက်၊ ခွက်ထဲပြန်ချလိုက်နှင့် တစ်ခါ တစ်ရံ မီးမရှိသော ဆေးလိပ်တိုကိုပင် ပြန်ဖွာပြီးမှ ပြန်ချချင် ချနေတတ်ပါ သည်။

ဆရာ၏ မျက်နှာကမူ သီချင်း ရေးသောစာရွက်ပေါ်၌ သူချရေးလိုက် သော စာလုံးများ၊ လက်မှ တီးနေသော သံစဉ်များ၌သာ စိတ်ဝင်စားနေတတ်၍၊ တလောကလုံးကို မေ့နေဟန် တူပါ သည်။ သူ သဘောမကျသည်များရှိလျှင် မည်သူ့ကိုမျှ စကားမပြော၊ ဆိတ် ဆိတ် နေတတ်ပါသည်။ မုတ်ဆိတ်မွှေး ပါးသိုင်း မွှေးများရှည်နေခြင်းကိုပင် သတိမပြုမိ။ တွေ့ထိသူတိုင်းကို အပြုံးနှင့် နှုတ်ဆက် တတ်သည်။

ဟက် ဟက် ပက် ပက် လှောင်ပြောင်ရယ်မောခြင်း ကင်းပြီး၊ သူ့ စိတ်ကြိုက် တီးလုံးတိုက်နေသည့်အခါ (သို့မဟုတ်) အဆိုရှင်မင်းသမီးဖြစ်သူက ဆရာ့စိတ်ကြိုက် သီဆိုပြီးစီးသွားသော အခါ ဆရာသည် သူ၏ မေးချွန်လေးကို ပြတ်သလို၊ ဆိတ်သလို လုပ်ပြီး၊ ဆေး လိပ္တိုကိုခဲကာ ပြုံးနေတတ်သည် ဟု ဆရာရွှေနန်းတင် မှတ်တမ်းပြုခဲ့ပါသည်။

ထိုခေတ် ကမ်ဘာစစ် မီး မြန်မာပြည်သို့ ကူးစက်လောင်ခဲ့စဉ်၊ စစ် ဘေးရှောင်တိမ်းရင်း၊ ဆရာ ကျောက်မဲ ဘက်သို့ ရောက်သွားပါသည်။ သူငယ် ချင်း ဦးဘဟန် (ကားသင်း ဥက္ကဋ္ဌ) နှင့် တွေ့မှ ပြန်ခေါ်လာပြီး စစ်ကိုင်းဘက် ကူးသွားကြပြန်သည်။ ထိုမှတဆင့် ဂီတ မိတ်ဆွေများ စုစည်းမိကာ (ကမ်ဘာစစ်မီး လောင်ရာတွင် သူ ငါ ခိုကိုးစစ်ကိုင်း တောင်ရိုးမှပင် မြို့မအသင်းဝင် ရသမွ် စုစည်းလို့ပင် တီးဆိုရေးမပျက်၊ အား ဆေးတစ်ခွက် အသွင်) ဟူသော မြို့မ သမိုင်းသီချင်းများ ပေါ်ထွက်လာခဲ့သည်။

ထိုခေတ် မြို့မနှင့် ခေတ်ပြိုင်တီးဝိုင်းမှာ မာဃနှင့် မင်္ဂလာ ညွန့်အဖွဲ့တို့ ပေါ်နေပြီ။ မဟာဂီတ သီချင်းကြီး၊ ပတ်ပျိုး၊ ယိုး ဒယားများကိုနှင့် တွဲဖက်တီးစဉ်က ဆရာဦးကိုလေး၏ ဆရာငြိမ်းအပေါ် ချီး ကျူးမှုလေးကို ပြန်လည်ဖော်ပြလိုပါ သည်။ မိန့်ဆိုခဲ့ပုံက ဒီလို . .

ကိုငြိမ်း၏ ဘင်ဂျိုကိုတော့ ကျွန်တော် လက်လျှော့ရပါသည်။ သူ့ ဘင်ဂျိုက လက်ခတ်နဲ့ တီးပေမယ့်၊ စန္ဒရားအသံ တွဲဖက်မျိုး ထြက္လာ သည်။ ကိုငြိမ်းထံမှ ပပဝင်း ပတ်ပျိုး နှင့် တေးထပ်တီးဖွဲ့ပုံကို ကျွန်တော် တက်ယူခဲ့ရပါသေးသည်။ ကိုငြိမ်းသည် ဂီတအခြေခံဖွဲ့စည်းမှု၊ ဖြစ်ပေါ်မှုကို တိတိ ကျကျသိသူတစ်ယောက်ဖြစ်သည်။ ဒါကို ကျွန်တော် ဉာဏ်မီသလောက် ပြောရ လျှင်၊ ဂျီအီးစီ (GEC)၊ ဒီအက်ဖ်အေ (DFA)၊ အီးဂျီဘီ (EGB)၊ အက်ဖ်အေစီ (FAC) စသည်တို့မှာ ၁၆၄၊ ၇၅၃၊ ၆၄၂၊ ၅၃၁ တို့သည် မြန်မာအဖွဲ့အနေ ဖြင့် တ်ာ၊ တျေ၊ တျောတို့ဖြစ်သည်။

အကျိုးတရားရှိလျှင် အကြောင်းတရား ရှိရမည်ဖြစ်သည့်အတိုင်း အသံအကြာ အေဝးနရီ (Duration)၊ အသံ အတိုး အကျယ် အင်တီစီတီ (Intensity)၊ အသံအနိမ့်အမြင့် ပိသ် (Pith)၊ အမျိုး အစား ကြာလတီ (Quality) ဟူ၍ ကမ်ဘာ့သီအိုရီတွင် အဆိုရွိသလို မြန်မာ့ ဂီတတွင်လည်း ဤအချက် ၄ ချက်ရှိ ပြီးသားနှင့် ကိုက်ညီပါသည်။ သို့မဟုတ် ပါက သံပုံးကို တီးခေါက်နေသည်သို့ တောက်လျှောက် ဆူညံ၍ နေပေမည်။

ဤအချက် ၄ ချက်ဖြင့် ဆိုက်ဆိုဖုန်း၊ ကလာရီနက်၊ ထရမ်းပက်တို့ဖြင့် တော မြိုင်ခြေလမ်း ယိုးဒယားသီချင်းကို စစ်ကြိုခေတ်က သီပေါရုံ (ယခု မစိုးရိမ် ရုံ) ၌ အမျိုးသမီးသားဖွားရန်ပုံငွေ အလှူပွဲတွင် စမ်းသပ်သီဆိုခဲ့ရာ၊ မြန်မာ မှုမပျက်ဘဲ၊ အနောက်တိုင်းတူရိယာ သင်္ကေတစနစ်ဖြင့် ပထမဦးဆုံး စမ်းသပ် သီဆိုခဲ့သော မြန်မာသီချင်းဟု ယူဆ နိုင်ပါသည်။

ဤသို့ဖြင့် ဆရာငြိမ်းတို့ ဂီတ မိတ်ဆွေများတစ်စု၊ မန္တလေး ၈၄ လမ်း ရွိ ဘီကျင်ဟော်တယ်တွင် အဖျော် ယာမကာစုပ်ရင်း၊ အနုပညာအကြောင်း စိတ်ကူးဆွေးနွေးမှုလေး လုပ်ဖြစ်ခဲ့သည်။ ထိုသို့ ဆန်းသစ်မှု၊ တီထွင်မှု၊ နားဝင်ချိုမှု တို့အတွက် အမရပူရမော်တော်ယာဉ်အသင်း ရေသဘင်တွင် စတင်တင်ဆက် ခွင့်ရခဲ့လေသည်။

ယခုခေတ်လို ရစ်သမ် (Rhythm)၊ လိဒ် (lead)၊ ဘေ့စ် Bass ဂစ္တာ Guitar ရစ်သမ် ဝိုင်းပို့မှုပစ္စည်း စကရက္ခ်ာ (Scratcher) ရွာကာ Shakerဆိုသော အနောက်တိုင်းသုံးပစ္စည်းတွေအစား၊ ထန်းသီးခလောက်၊ ဘူးသီးခြောက်၊ သံစည်ပိုင်းပြတ်ကို နွားသားရေနှင့် ကျတ်ပြီး ဝါးပုလွေအတို၊ ပုလွေရှည် စုံလင်စွာဖြင့် ဂီတသမားအစိမ်းသက် သက်သမားမ်ားကို ဒီအနားက် ဒီလို မှုတ်၊ ဟိုနားက် ဒီလိုတီးဆို၍ အနောက် တိုင်းတူရိယာဝိုင်းကဲ့သို့ တူရိယာသံစုံ ထွက်သည့်စောင်းကောက် ရေသဘင်မော် တော်ယာဉ်ကြီးလုပ်ပြ ခဲ့ကြပါသည်။

လူသားတို့အကျိုးအတွက် သိပ္ပံပညာရှင် မ်ား ဓာတ်ခွဲခန်းထဲတွင် စမ်းသပ်တီ ထွင်မှုအသစ်များ ဖော်ထုတ် အကျိုး ပြုခဲ့သလို ဆရာငြိမ်းသည်လည်း ဂီတ ဓာတ်ခွဲခန်းမှ စမ်းသပ်တွေ့ရှိမှုများ ဖြစ် သော၊ အ့ံသြဖွယ်ကောင်းသော၊ ဂီတ စာလုံးများ၊ ဂီတသံစဉ်သစ်များကို ဂီတ အနုပညာကို ခုံမင်နှစ်သက်မြတ်နိုးသူ တိုင်းအတွက် သူတို့အားလုံး၏ အကျိုးငှာ ဦးဆောင်ဖော်ထုတ်ပေးခဲ့သူဆိုလျှင်လည်း မှားအ့ံမထင်ပါချေ။

ဤနေရာတွင် အလင်္ကာ ကျော်စွာရွှေပြည်အေးနှင့် ဆရာငြိမ်း ပထမဆုံး ရန်ကုန်ရောက်စဉ်က အကြောင်းဖြစ်ပါသည်။ ရန်ကုန် ရိုးလ် ကုမ္ပဏီမှ ကိုလံဘီယာဓာတ်ပြားဌာနသို့ လူပိန်ပိန်သေးသေးသွယ်သွယ် လူ တစ် ယောက် ဆရာရွှေပြည်အေးတို့ သီချင်း တိုက်နေစဉ် ရောက်လာပါသည်။ ဆရာ က မြို့မငြိမ်းကို မမြင်ဖူးခဲ့ပေ။ ယခုမွ လူချင်းဆုံတွေ့ကြပြီး၊ သူ့လက်သံကို စတင်ကြားရ၊ သိခဲ့ရ၍ သီချင်းပြီးဆုံးသွား သည်နှင့် ရွှေပြည်အေး သိလိုက်ရပါပြီ။

ဆရာ့အရည်အသွေး၊ ဖွဲ့နွဲ့ပုံ အသုံးအနှုန်း၊ အသံသွင်းထားပုံအားလုံးက အရသာခံ၍ မဆုံးအောင် ပြောင်မြောက်လှသော အရည်အသွေးကို အလင်္ကာကျော်စွာ ဆရာရွှေပြည်အေးမှ ချီးကျူးခဲ့ပါသည်။ ပထမဓာတ်ပြားတိုက်နှင့် ပြဿနာနည်း နည်းဖြစ်ပြီး၊ အေဝမ်းရုပ်ရှင်ကုမ္ပဏီ ဓာတ်ပြားဌာနသို့ ညွှန်ကြား၍ ပို့လိုက် ရာမွ ဆရာငြိမ်း၏ ပညာအရည်အချင်း မ်ား၊ ဂုဏ်ပုဒ်များသည် တိုင်းပြည်တခွင် လုံးအနှံ့ ယနေ့တိုင် ထင်လင်းလျက် ရှိနေသည်မှာ မျက်မြင်ကိုယ်တွေ့ပင် မဟုတ်ပါလော ဟု ဆရာရွှေပြည်အေး မွ ဆက်ဖော်ပြခဲ့ပါသည်။

ထိုအခါမှစ၍ ဆရာတို့နှစ်ယောက် အခါသင့်တိုင်း ယခု ပန်းဆိုးတန်းရှိ ဝင်းဝင်းရုံ (ယခင် စတားရုံ) နှင့် မျက်နှာချင်းဆိုင်မှ ထိုအခါ က (ဂေတီ) ပျော်ပွဲစားရုံတွင် တွေ့ဆုံ စားသောက်ရင်း ဂီတအေရးမ်ား ဆွေး နွေးခဲ့ကြပါသည်။ သို့ကလို ဆွေးနွေးကြ ရင်းမှ ဆရာငြိမ်း၏ အူသည်းနှလုံးနှင့် တူသော ဝမ်းတွင်းမှ မြိုသိပ်ထားသည့် စကားမ်ားကို ဆရာရွှေပြည်အေး ကြား ရေသာအခါ အ့ံအားသင့်လျက် နား ထောင်ရင်းမှ သက်ပြင်းချပြီး ဆရာငြိမ်း နှင့် ဆရာကြီးတို့ အကြံတူလေခြင်းဆို ပြီး၊ နှစ်ယောက်သား ထဖက်မိပါတော့ သည်။

ထိုအကြံကား အခြားမဟုတ်။ ကမ်ဘာ့တစ်ခွင်နှင့် မြန်မာ့ Symphony တီးဝိုင်းကြီး ထယ်ဝါစွာ ပေါ်ပေါက်လာ ရေးပင်ဖြစ်ပါသည်။ ထိုသို့ ဆွေးနွေးစဉ် ကပင် ဆရာငြိမ်းမှာ ကမ်ဘာသုံးသင်္ကေတ မ်ား ကျွမ်းကျင်နေခဲ့ပါပြီ။

နောက်တစ်ဦးမှာ ဆရာငြိမ်း နှင့် လက်တွဲဖော် ရွာစားစိန်တင်ဟန်၏ ဆရာ့အပေါ် သူမြင်သည်ကို ဆရာ့ရုပ်ပုံ လွှာအား ယခုလို ရေးဖွဲ့ခဲ့ပါသည်။ ထိုစဉ်က မန္တလေးမြို့ လမ်း ၈ဝ နှင့် ၂၈ လမ်းထောင့်တွင် လင်းရောင်ခြည် ကဖီးလေး ရှိသည်။ ထိုဆိုင်တွင် ဦးလေး ငြိမ်း အမြဲထိုင်နေကျနေရာသည် ဆိုင်၏ အတွင်းဖက် ချောင်ကျကျစနေထောင့် စားပွဲတွင် ထိုင်လေ့ရှိသည်။ အကျႌ ဖြူဖြူ ဆြတ္ဆြတ္လက္တိုကို လုံချည်က မန်ကျည်းစေ့ကွက်နုပ်၊ ဖိနပ္က မော်လမြိုင်ရှေ့ထိုးဖိနပ်၊ အိတ်ကပ်ထဲမှာ နဂါးဆေးလိပ် ဆယ်ပြားတန်အသေး သုံးလိပ်ပါသည်။

သုံးထောင့်ချွန်း လေးထောင့်အိတ်ကပ်အရွယ်သာသာ စာရွက်အဖြူလေးတစ်ရွက် အိတ်ထဲမှာ ထည့်ထားသည်။ ခဲတံက ဖော့ဖျက်နေရာ တွင် ဖော့တုံးသေးသေးလေးကို အပ်ချည် ကြိုးနှင့် ချည်ထားသည်။ ပါးစပ္က ကွမ်း ဝါးရင်း မြုံ့ရင်းက၊ ဝေးလံသီခေါင်သော နေရာတစ်ခုဆီသို့ ငေးရီနေတတ်သည်။စကားပြောရင်လည်း ချောချောမွေ့မွေ့ ထွက်မလာတတ်ပါ။

အတုံးအတစ်တွေ ပါလာတတ်သည်။ မှာထားသော လက် ဖက်ရည်တွေက အပေါ်ရည်လေးတွေ တင်းပြီး အေးစက်နေသည်အထိ မ သောက်ဖြစ်သေးသည်က များသည်။ အမှန်မှာ အတွေးတွေ နက်ရှိုင်းစွာ တွေး နေပြီး၊ သီချင်းတစ်ပုဒ် ငြီးတွားနေခြင်း ဖြစ်မည်။ ထိုစဉ်က ဦးလေးငြိမ်းကို အနု ပညာထဲမွာ နစ်မြှုပ်ထားပြီး၊ မိသားစု စားဝတ်နေရေး၊ စီးပွားရေးကို မကြည့်ဘဲ ပေါ့လျော့ပျက်ကွက်သည်ဟု တချို့က ပြောကြစဉ်၊ ရွာစားစိန်တင်ဟန်က ဆရာ ငြိမ်းဝင်ငွေကိစ္စမေးဖြစ်သည်။ ကျုပ် ဝင်ငွေကိစ္စကို မောင်ရင်က ဘာလို့ သိ ချင်ရတာလဲလို့ ဆရာက ပြန်မေးသည်။

ဆရာက ဘာမှမပြောဘဲ အေးစက်နေ သော လက်ဖက်ရည်ခွက်ကို ဖ်တ္ကနဲ ယူ၍ မော့ချလိုက်သည်။ ပြီးမှ တစ်ချက် ပြုံးလိုက်ပြီး အောက်ပါအတိုင်း မေး တော့သည်။မောင်ရင်၊ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျဆိုတာ သိတယ်နော် အလောင်းမင်းတရားကြီး မူးမြစ်ကို ဆည်တော်မူစဉ်၊ ဆရာနှုံးရေး သော ကျောက်ဘွဲ့ကုန်းတန်းကြိုး လို့ ဆိုတာ ရလား။ မူးမြစ်ကို ရောက်ဖူး သလား၊ ဟုတ်ကဲ့ ရောက်ဖူးပါတယ်ဟု ရွာစားက ပြန်ဖြေသည်။

ဆရာက သူ့ စာရွက်ပေါ်တွင် ရောက်ဖူးဟု ရေးလိုက် သည်။ မူးမြစ် ဘယ္ကစလဲ သိလား။ မသိပါဘူး။ စာရွက်ပေါ်တွင် မသိဟု ရေးလိုက်ပြန်သည်။ မူးမြစ်အကျယ် ဘယ်လောက်ရှိသလဲ၊ မသိပါဘူးဆရာ။အင်း . . . မောင်ရင် မသိ တာတွေ တော်တော်များနေပြီ။ မူးမြစ် မှာ ဘယ်အခါ ရေများသလဲ၊ ဘယ်အခါ ရေနည်းသလဲသိလား။ မသိပါဟု ရွာစား က ဖြေသည်။