တနင်္ဂနွေနေ့ ဆိုရင်
တနင်္လာနေ့ ဆိုရင်
အင်္ဂါနေ့ ဆိုရင်
ဗုဒ္ဓဟူးနေ့ ဆိုရင်
ကြာသပတေးနေ့
သောကြာနေ့ ဆိုရင်
စနေနေ့ ဆိုရင်
ယူနီကုတ်
‘အမြဲတမ်း ငွေမပြတ် စေတဲ့ “ယတြာ” (ဆရာကြီးမင်းသိင်္ခရဲ့ ပညာရပ်များထဲက တင်ပြလိုက်တာဖြစ်ပါတယ်)’
ဆရာကြီးမင်းသိင်္ခရဲ့ ပညာရပ်များထဲက တင်ပြ လိုက်တာဖြစ်ပါတယ် အမြဲတမ်း ငွေမပြတ်စေတဲ့ယတြာ နှင့် ဈေးဆိုင် အရောင်းဆိုင်မှာ ဧည့်သည်စည် ကားစေရန် ယတြာ တွေ
ငွေဖလား ဒါမှမဟုတ် ကြေးဖလား တစ်လုံးထဲမှာ ငွေစက္ကူထဲက တန်ဖိုး အကြီးဆုံး ငွေစက္ကူတစ်ရွက် ကိုဖြန့်ခင်း ထားလိုက်ပါ ကိုယ်တတ် နိုင်တဲ့ငွေစက္ကူ အတိုင်းအတာနဲ့တွက်ပြီး ထည့်နိုင် ပါတယ်၊
တတ်နိုင် တဲ့လူအတွက် ကတော့ တစ်သောင်းတန်ပေါ့၊ ဒေါ်လာနဲ့ အလုပ်လုပ်နေသူ ဆိုရင်တော့ ဒေါ်လာ ထည့်ပေါ့ ပြီးရင် အဲဒီငွေစက္ကူ ထည့်ထားတဲ့ ဖလားထဲကို ရေဖြည်းဖြည်းခြင်းလောင်း ထည့်ပါ ။
ရေစက်ခွက်ထဲ ကိုရေစက်ချတဲ့ အခါလောင်းသလို မျိုးလောင်းထည့်ပါ ရေလောင်းနေတဲ့ အချိန်မှာ ဂုဏ်တော် ၉ ပါးကို ၉ ခေါက်ပြည့် အောင်ရွတ်နေပါ၊
ပြီးတာနဲ့ရေမြုပ်နေ တဲ့ငွေစက္ကူပေါ်ကို ခေါင်းလောင်း တစ်လုံးတင် ထားလိုက်ပါ မကြာခဏ အဲဒီခေါင်းလောင်း ကိုယူပြီးတီးပါ ၊ခေါင်းလောင်းတီးနေတဲ့ အချိန်မှာလည်း ဂုဏ်တော် ၉ ပါးကို ၉ ခေါက်ပြည့်အောင်ရွတ်ပါ။
အဲဒီဓါတ်ဆင် ထားတဲ့ ငွေစက္ကူထည့် ထားသော ဖလားနဲ့ခေါင်းလောင်းကို ဘုရားစင် ဒါမှမဟုတ် မြင့်မြတ်သောနေရာမှာ တင်ထားပါ။
အဲဒ ီငွေဓါတ်ဆင် တာကိုလုပ်ရမယ့် အချိန်က တနင်္လာ နဝင်းစီးနေတဲ့ အချိန်မှာ လုပ်ရ ပါမယ် တနင်္လာနဝင်းစီးတဲ့ အချိန်တွေ ကတော့၊
တနင်္ဂနွေနေ့ ဆိုရင်
နေ့လည် ၁ နာရီခွဲ မှ ၃ နာရီအတွင်း၊
တနင်္လာနေ့ ဆိုရင်
နံက် ၉ နာရီ မှ ၁၀ နာရီခွဲအတွင်း၊
အင်္ဂါနေ့ ဆိုရင်
ညနေ ၃ နာရီ မှ ၄ နာရီခွဲအတွင်း၊
ဗုဒ္ဓဟူးနေ့ ဆိုရင်
နံက် ၁၀ နာရီခွဲ မှ ၁၂ နာရီအတွင်း၊
ကြာသပတေးနေ့
ဆိုရင် နံက် ၆ နာရီ မှ ၇ နာရီခွဲအတွင်း၊
သောကြာနေ့ ဆိုရင်
မွန်းလွဲ ၁၂ နာရီ မှ ၁ နာရီခွဲအတွင်း၊
စနေနေ့ ဆိုရင်
နံက် ၇ နာရီခွဲ မှ ၉ နာရီအတွင်း၊
တနင်္လာနဝင်းစီးတဲ့ အချိန်ဟာ အချို့နေ့တွေမှာ ဆိုရင် ညနေစောင်း နဲ့ ညဦးပိုင်းတွေမှာလည်းရှိကြပေမယ့် လည်း နေရောင်ရှိသော အချိန်များမှာ သာလုပ်ရ မှာဖြစ်တဲ့ တွက် ညနေ ၄ နာရီခွဲ ထက်ကျော်ပြီးမလုပ်သင့်ပါ၊
ဒါဆို ငွေ နဲ့ လက်နဲ့မပြတ်တော့ ဘူးပေါ့ အားလုံးငွေ မပြတ်ဝင်ပြီး အဆင်ပြေကြ ပါစေ။
ဈေးဆိုင် အရောင်းဆိုင်မှာ ဧည့်သည်စည် ကားစေရန်
အရောင်းအဝယ်ပွင့်လန်းစေရန် ကြေးဖလား သို့မဟုတ် ငွေဖလားတွင် ရေတစ်ဝက်ခန့် ထည့်၍ မေတ္တာသုတ် ၉ ခေါက်ရွတ်ပြီး မိမိ ဆိုင်ရှေ့ မျက်နှာစာကို ဖျန်းပတ် ပါ လဧည့်သည် စည်ကား၍ အရောင်းအဝယ်များ ပွင့်လန်း လာလိမ့် မည်။