unicode
တနင်္ဂနွေသား သမီးတို့၏အကြောင်း
တနင်္ဂနွေသားသမီးများဟာ လူ့ဘဝကိုစရောက်ပြီဆိုကတည်းကစိတ်ကြီးတယ်၊ငိုလွယ်တယ်၊ဒေါသဖြစ်လွယ်တယ်၊ပျော်ပျော်လည်းနေတတ်သလိုဒေါသဖြစ်ရင်လည်း သူမဟုတ်တော့အတိုင်းပါပဲ….
မိသားစုအပေါ်တွေမှာလည်း သံယောဇဉ်ရှိတတ်သလို ဆွေမျိုးသားချင်းတွေကိုလည်း ချစ်တတ်ကြတယ်၊ မိသားစုအပေါ်ကိုသိတတ်ပြီး စွန့်စားပေးဆပ်တတ်တယ်၊ စိတ်ပြတ်သားသလောက် အစွဲအလန်းလည်းကြီးတတ်ပါတယ်….
တစ်ယောက်ဆိုတစ်ယောက်အပေါ်မှာလည်း စိတ်စွဲနေတတ်တယ်၊ကိုယ်လိုချင်တဲ့ အရာကို သူများလက်ထဲကိုမရောက်စေချင်တတ်ပါ၊တစ်ခါတစ်လေတစ်ယူသန်တဲ့စိတ်တွေလည်းရှိတတ်ကြတယ်။
ဒါဆိုရင်ဒါပဲ မပြောင်းလဲတတ်ဘူး ခေါင်းနဲနဲမာတယ်၊အလုပ်လုပ်တဲ့ နေရာမှာ ကိုယ်ဖြစ်ချင်တဲ့နေရာကိုရောက်အောင်သွားတတ်တယ်၊ကိုယ်လုပ်နေတဲ့ အလုပ်ကိုဖြစ်အောင်လုပ်တယ်….
ဘယ်တော့မှလက်မလျော့တတ်ပါ၊အပြင်မှာပြတ်သားသလိုနေတတ်ကြပေမဲ့ရင်ထဲမှာတော့အစွဲအလန်းကြီးတတ်တယ်၊ကိုယ့်ရဲ့အရှေ့မှာ စိတ်မကောင်းစရာတွေတွေ့ရင်သနားတဲ့စိတ်ရှိတယ်ကူညီလိုတဲ့စိတ်တွေလည်း အပြည့်ရှိပါတယ်…..
အလုပ်လုပ်တဲ့နေရာတွေမှာတော့ နည်းစနစ်ရှိရှိလုပ်ကိုင်တတ်ပြီး လူတွေရဲ့စိတ်ကိုစူးစမ်းလေ့လာတာကို ဝါသနာပါကြတယ်။ အားနေရင် သီချင်းနားထောင်တာတို့ သီချင်းဆိုတာတို့ ဝါသနာပါပြီး စိတ်အေးလက်အေးနေရတာကို နှစ်သက်ကြတယ်။
စကားပြောရင်တည်ငြိမ်စွာနဲ့ပြောဆိုတတ်ပြီး စွဲဆောင်မှုရှိစွာနဲ့ပြောဆိုတတ်တဲ့အကျင့်လေးကိုပိုင်ဆိုင်ထားကြမယ်။အချစ်ရေးဟာတော့ ချစ်ရတဲ့သူကိုအရမ်းချစ်ပေမဲ့ အနေဝေးနေကြတတ်တယ်။